Delta FC Fan Member Forum

ဖုန်းပိုင်ရှင်များ သိထားသင့်သောအချက်များ

Go down

Re: ဖုန်းပိုင်ရှင်များ သိထားသင့်သောအချက်များ

Post  samurai on Wed Feb 24, 2010 9:25 am

ဖုန်းတွေကို စစ်ကြည့်ရအောင်

Nokia ကုမ္ပဏီဟာ တကမ္ဘာလုံးမှာ အကြီးဆုံးဖုန်းထုတ်လုပ်ရေးကုမ္ပဏီကြီးပါ။ ဒါပေမယ့် များသောအားဖြင့် ကျနော်တို့ဆီမှာရှိတဲ့ Nokia ဖုန်းတွေက Original Quality ကိုမမှီတဲ့ဖုန်းတွေများပါတယ်။

ဒါဆိုရင် ကျနော်တို့ရဲ့ Nokia ဖုန်းတွေဟာ Original ဟုတ်လားမဟုတ်လားဘယ်လိုကြည့်နိုင်မလဲ? ကျနော်ပြောပြပါ့မယ်။ သင့်ဖုန်းရဲ့
IMEI (International Mobile Equipment Identity) နံပါတ်ကိုစစ်ကြည့်ယုံနဲ့ သိနိုင်ပါတယ်။

ပထမ အဆင့်အနေနဲ့ *#06# လို့သင့်ဖုန်းမှာရိုက်ထည့်လိုက်ပါ။ Serial No. တစ်ခုပေါ်လာပါလိမ့်မယ်။


Phone serial no. x x x x x x ? ? x x x x x x x

အဲဒီနံပါတ်ထဲက ၇ လုံးမြောက်နဲ့ ၈ လုံးမြောက် နံပါတ်တွေကို ကြည့်ရမှာပါ။

တကယ်လို့ အဲဒီနံပါတ်နှစ်လုံးဟာ 02 သို့မဟုတ် 20 ဆိုရင် သင့်ဖုန်းဟာ Emirates ကထုတ်တာဖြစ်ပြီး အရမ်းကိုညံ့ပါတယ်။
တကယ်လို့ အဲဒီနံပါတ်နှစ်လုံးဟာ 08 သို့မဟုတ် 80 ဆိုရင် သင့်ဖုန်းဟာ ဂျာမနီ ကထုတ်တာဖြစ်ပြီး သုံးဖို့ သင့်တော်ပါတယ်။
တကယ်လို့ အဲဒီနံပါတ်နှစ်လုံးဟာ 01 သို့မဟုတ် 10 ဆိုရင် သင့်ဖုန်းဟာ ဖင်လန်နိုင်ငံ ကထုတ်တာဖြစ်ပြီး အရမ်းကောင်းပါတယ်။
တကယ်လို့ အဲဒီနံပါတ်နှစ်လုံးဟာ 00 ဖြစ်ခဲ့ရင် သင့်ဖုန်းဟာ Original စက်ရုံကထုတ်တာဖြစ်ပြီး အကောင်းဆုံး Quality ရှိပါတယ်။
တကယ်လို့ အဲဒီနံပါတ်နှစ်လုံးဟာ 13 ဆိုရင်တော့ အဇာဘိုင်ချန် ကထုတ်တာဖြစ်ပြီး အရမ်းညံ့တဲ့အပြင် ကျန်းမာရေးအတွက်ပါ အန္တရာယ်ရှိပါတယ်။ သုံးဖို့မသင့်တော်ပါဘူး။

samurai
Bosin
Bosin

Posts : 26
Join date : 2010-02-17

Back to top Go down

Re: ဖုန်းပိုင်ရှင်များ သိထားသင့်သောအချက်များ

Post  samurai on Wed Feb 24, 2010 9:27 am

ဟန်းဖုန်းတစ်လုံးရဲ့ အသုံးဝင်မှု

(၁) အရေးပေါ် အတွက်

keypad ကို locked လုပ်ထားရင်တောင် သင့် လက်ကိုင်ဖုန်းများဟာ 112 ဆိုတဲ့ နံပါတ်ကို နှိပ်လို့ ရတာ တွေ့ရ ပါလိမ့်မယ်။ အဲဒီနံပါတ်ဟာ ကမ္ဘာလုံးဆိုင်ရာ ၊ နိုင်ငံတကာ အရေးပေါ် ဖုန်းနံပါတ် ဖြစ်ပါတယ်။ သင်သာ

လက်ကိုင်ဖုန်း ဆက်သွယ်နိုင်တဲ့ ဧရိယာထဲမှာ ရှိနေပါစေ၊ ဒီနံပါတ်ကို နှိပ်လိုက်တာနဲ့ သင့်လက်ကိုင်ဖုန်းဟာ အနီးဆုံး ဆက်သွယ်မှု ကွန်ယက်ကို အလိုအလျောက် ရှာမှာ ဖြစ်ပါတယ်။ လက်ကိုင်ဖုန်းက ခလုတ်များကို

ပိတ်ထားရင်တောင် ဒီနံပါတ်ကိုတော့ နှိပ်လို့ ရနေမှာ ဖြစ်ပါတယ်။

(၂) ကားထဲမှာ သော့တွေ ကျန်ခဲ့လား

သင့်ကားတံခါးမှာ အဝေးထိန်းစနစ် ရှိပါသလား။ တနေ့မှာ အဝေးထိန်း မဟုတ်ဘဲ လက်နဲ့ ဖွင့်ရမယ့် အနေ အထား ကြုံတတ်ပါတယ်။ ကားသော့ကို ကားထဲ ထည့်ခဲ့ပြီး အပိုသော့က အိမ်မှာ ကျန်ခဲ့ရင် လက်ကိုင်ဖုန်း တစ်လုံး

ရှိရတာ ဒီလိုအခါ ကျတော့ ကောင်းလိုက်တာ။ အိမ်မှာ ကျန်ခဲ့တဲ့ လူရဲ့ လက်ကိုင်ဖုန်းကို သင့်လက်ကိုင်ဖုန်းကနေ ခေါ်ပါ။ တဖက်က ပြန်ထူးနေရင် သင့်လက်ကိုင်ဖုန်းကို ကားတံခါးကနေ ခြေတလှမ်းအကွာမှာ ထားပါ။ နောက်ပြီး

အိမ်ကလူကို ကားသော့ဖွင့်တဲ့ ခလုတ်ကို လက်ကိုင်ဖုန်းနားကပ်ပြီး နှိပ်ခိုင်းပါ။ ဟဲဟဲ.. စမ်းကြည့်ရတာ စိတ်လှုပ်ရှားစရာ ပျော်စရာပဲ မဟုတ်လား။

(၃) ဖွက်ထားတဲ့ အပို ဘက္ထရီ

သင့်လက်ကိုင်ဖုန်း ဓာတ်အား သိပ်နည်းလာပြီဆိုပါစို့။ *3370# ကို နှိပ်လိုက်ပါ။ သင့် လက်ကိုင်ဖုန်းက အရေးပေါ်သုံး ချန်ထားတဲ့ ဓာတ်အား ကို ပြန်ဖွင့်ပေးပြီးနောက် သင့်လက်ကိုင်ဖုန်းက ဓာတ်အား ထက်ဝက်

ကျန်သေးကြောင်း ပြပါလိမ့်မယ်။ နောက်တစ်ကြိမ် သင့်လက်ကိုင်ဖုန်းကို ဓာတ်အား ပြန်ဖြည့်တဲ့အခါမှာ သာမန်နဲ့ အရေးပေါ်သုံး နှစ်မျိုးလုံး အတွက် ဓာတ်အားကို ပြန်ဖြည့်ပါလိမ့်မယ်။ Safety first !!! ပါတဲ့။

(၄) အခိုးခံရတဲ့ လက်ကိုင်ဖုန်းကို သူတပါး သုံးလို့ မရတော့အောင် ဘယ်လို ဖျက်ဆီး ပစ်မလဲ။

သင့် လက်ကိုင်ဖုန်းရဲ့ နံပါတ်စဉ်ကို သိဖို့ *#06#ကို နှိပ်လိုက်ပါ။ ဂဏန်း ၁၅လုံး (ဆယ့်ငါးလုံး) ပေါ်လာပါ လိမ့်မယ်။ အဲဒီ ဂဏန်း ဆယ့်ငါးလုံးဟာ သင့်လက်ကိုင်ဖုန်း (handset) အတွက် သီးသန့်ပါ။ ဒီ ဂဏန်းတွေကို ချရေးပြီး

လုံခြုံ စိတ်ချရတဲ့ တနေရာမှာ သိမ်းထားပါ။ သင့်ဖုန်း အခိုးခံရတဲ့ အခါမှာ သင်ဟာ ဖုန်း ကုမ္ပဏီကို ဖုန်းဆက်ပြီး ဂဏန်း ဆယ့်ငါးလုံးပါ ကုဒ်ကို ပြောပြ တိုင်တန်းလိုက်ပြီး သင့် လက်ကိုင်ဖုန်းကို ပိတ်ခိုင်း နိုင်ပါ တယ်။ တကယ်လို့

သူခိုးဟာ Sim Card ကို မထုတ်ရသေးမီ သင်သာ တိုင်တန်းနိုင်မယ် ဆိုရင် Sim card ကိုရော လက်ကိုင်ဖုန်းကိုပါ disable လုပ်နိုင်မှာ ဖြစ်လို့ သင့်ဖုန်းထဲက သင့်ဆက်သွယ်မှု ကွန်ယက် ထဲက သူတွေ စာရင်းနဲ့ ဖုန်းနံပါတ်

များကိုလဲ သူတပါး သိခြင်းမှ ကာကွယ် နိုင်သလို သင့်အယောင် ဆောင်ပြီး သူတပါးကို သင့်ဖုန်း နံပါတ်နဲ့ ဆက်သွယ်ခြင်း ကိုပါ ကာကွယ် နိုင်မှာ ဖြစ်ပါတယ်။ တကယ်လို့ သင် တိုင်တန်း တာ နောက်ကျလို့ သူခိုးက ပိုလျင်သူ

ဖြစ်ခဲ့ရင်တော့ သင့် Simcard ကိုသာ disable လုပ်နိုင်မှာ ဖြစ်ပြီး သင် ဟာ ဖုန်းနံပါတ်များကို လက်ကိုင်ဖုန်း ထဲမှာ မှတ်သား တတ်သူ ဖြစ်ပါက သင့် ဆက်သွယ်မှု ကွန်ယက် ကိုတော့ သူခိုးက ကောင်းကောင်း သိနိုင်ပါတယ်။

ဒါပေမယ့် သင့်နံပါတ်နဲ့ သူတပါးကို ဖုန်းဆက်ခြင်းတော့ မပြုနိုင်တော့ ပါဘူး။ ဒါကြောင့် အရေးကြီး ဖုန်းနံပါတ်များကို Sim Card ထဲမှာသာ မှတ်သား ထားသင့် ပါတယ်။ ဒီလို ကာကွယ် ထားနိုင်ရင် လက်ကိုင်ဖုန်း ခိုးယူခြင်း

ကြောင့် အကျိုး မဖြစ်ထွန်းတဲ့ အတွက် လက်ကိုင်ဖုန်း ခိုးယူမှုများ လျော့ပါး လာမယ်လို့ မျှော်လင့်ရပါတယ်။

မှတ်ချက်။ ။ကိုညီနေမင်းဆီမှ ကူးပြီးတင်ပြထားခြင်းဖြစ်ပါတယ်

samurai
Bosin
Bosin

Posts : 26
Join date : 2010-02-17

Back to top Go down

Re: ဖုန်းပိုင်ရှင်များ သိထားသင့်သောအချက်များ

Post  kokophone on Wed Feb 24, 2010 11:43 am

ယခုအခါ ကျွန်တော်တို့ ကမ္ဘာကြီးက IT ပညာတွေထွန်းကားလာသည်နှင့်အမျှ မီးဖိုချောင်ဝင်မဲ့ မိန်းမတွေရဲ့ လက်တွေတောင်

ကွန်ပျူတာကီးဘုတ်ပေါ်ရောက်ရှိလာပါပြီ ကျောင်းနေရွယ်လူငယ်တွေမှာလည်း ကိုယ်ဆီကိုယ်ဆီ Laptop, HandPhone တွေ ရှိနေကြပါပြီ

IT ပညာကြီးထွန်းကာလာသည်နှင့်အမျှ ဖြစ်ပေါ်လာတဲ့ပြဿနာများမှာလည်း အတော်ပင်ဖြစ်ထွန်းနေပါသည်

လက်ရှိမရှိမဖြစ်အတွက်အသုံးပြုနေရသော လက်ကိုင်ဖုန်းများမှာ မိမိကိုယ်ပိုင်ကနေ အများသုံးလမ်းဘေးဖုန်းလိုဖြစ်နေကြပြန်ပြီ

မိမိတစ်ယောက်တည်းသီးသန့်ပြောဆိုနိုင်ဖို့အတွက် ရည်ရွယ်ပြီးထုတ်လုပ်ထားသောလည်း လက်ရှိမှာအပွားခံနေရပါပြီ

ပြီးခဲ့သည့် လပိုင်းအတွင်းကပင် အမျိုးသမီးကြီးတစ်ဦးက ဖုန်းပြဿနာထွက်ပေါ်လာပါသည်။

Arrow အကြောင်းမှာ ။ ။ သူမ၏ အမျိုးသားကိုင်ဆောင်သောဖုန်းမှာ သူမအမျိုးသားမဆုံးခင်ကဖုန်းဘေပြည့်နေသဖြင့် ရုံးထံသွား၍ဘေဖြည့်ခဲ့သည်

ထိုနောက်သူ့၏အမျိုးသားဆုံးသွားသည်။ ထိုအချိန်မှစ၍ ဖုန်းအားမည်သူမျှမကိုင်ဘဲ အိမ်တွင် ပစ္စည်းတစ်ခုအပိုလိုထားထားကာ (၄)လကျော်လောက်ကြာမှ

အရေးကြီးကိစ္စဖြင့် ထိုပိတ်ထားသောဖုန်းအားဖွင့်ကြည့်ရာ ဖုန်းဘေပြည့်နေပါသဖြင့် ဆိုပြီးထွက်ပေါ်လာပါတယ်။ ထိုနောက်မသင်္ကာဖြစ်၍ ဖုန်းရုံးမှ

ခေါ်ဆိုထားသောဖုန်းနံပါတ်အားထုတ်ကြည့်ရာ အ၀င်ဖုန်းကောတင်မဟုတ်ပဲ အထွက်ဖုန်းကောများဖြစ်နေသည်။ ဖုန်းနံပါတ်မှာလည်း

မသိသောဖုန်းနံပါတ်များဖြစ်နေသည်။ အကြောင်းမှာ ဖုန်းအပွားခံထားရပါသည်။ ကျွန်တော့်သူငယ်ချင်းတွေလည်း သူမကဲ့သို့မဖြစ်ရအောင် ဖုန်းရုံးတွင်

ခေါ်ဆိုထားသောဖုန်းနံပါတ်အားထုတ်ကြည့်ပါ။ ထိုကဲ့သို့ဖြစ်နေပါက ဖုန်းရု့းအားအကြောင်းကြား၍ မိမိဖုန်းကို အဆင်ပြေအောင်ပြုလုပ်ခိုင်းပါ။

နောက်ဆို မိမိရှာထားသမျှ သဲထဲရေသွန်ဖြစ်နေပါလိမ့်မယ်။ affraid
avatar
kokophone
Bosin
Bosin

Posts : 36
Join date : 2010-02-24
Age : 26
Location : Yangon

http://www.lovesickyouth.ning.com

Back to top Go down

Re: ဖုန်းပိုင်ရှင်များ သိထားသင့်သောအချက်များ

Post  Sponsored content


Sponsored content


Back to top Go down

Back to top


 
Permissions in this forum:
You cannot reply to topics in this forum