Delta FC Fan Member Forum

ဖီအိုရင်တီးနားvs ဂျူဗင်တပ်

Go down

ဖီအိုရင်တီးနားvs ဂျူဗင်တပ်

Post  kyawswa on Thu Mar 04, 2010 11:50 pm

ပထမအကျော့ရလဒ်
ဂျူဗင်တပ် ၁-၁ ဖီအိုရင်တီးနား

ပါလာမိုကို အိမ်ကွင်းမှာဂိုးပြတ်အရှုံးပေးခဲ့ရတဲ့
ဂျူဗင်တပ်ရဲ့ခြေစွမ်းက အပြည့်အဝယုံကြည်ထား
လို့မရသေးပါဘူး။ နောက်ဆုံး(၇)ပွဲမှာ လီဗော်နိုလို
တန်းဆင်ဇုန်းထဲကအသင်းကိုသာအနိုင်ရထားတဲ့
ဖီအိုရင်တီးနားရဲ့ခြေစွမ်းကလည်း အကျဘက်ကို
ဦးတည်နေတယ်။ ဂျူဗင်တပ်မှာ ဒယ်ပီယာရို ခြေ
စွမ်းပျောက်နေရင် ဂိုးရဖို့ရုန်းကန်ရတတ်တာနဲ့ အ
ဝေးကွင်းခြေစွမ်းကလည်း အရင်လိုမာကျောမှုမရှိ
တော့ပါဘူး။ နှစ်သင်းစလုံးရဲ့လက်ရှိခြေစွမ်း ကွာဟ
ချက်ကြီးကြီးမားမားမရှိသလို နောက်ပိုင်း ဖီအိုရင်
တီးနားအိမ်ကွင်းမှာကစားတဲ့ ပွဲတိုင်းနီးပါး သရေနဲ့
အဆုံးသတ်လေ့ရှိတာကြောင့် တစ်မှတ်စီခွဲယူရဖို့
ရာခိုင်နှုန်းများတယ်။

kyawswa
Guest


Back to top Go down

Back to top


 
Permissions in this forum:
You cannot reply to topics in this forum