Delta FC Fan Member Forum


Join the forum, it's quick and easy

Delta FC Fan Member Forum
Delta FC Fan Member Forum
Would you like to react to this message? Create an account in a few clicks or log in to continue.

ချယ်လ်ဆီး

Go down

ချယ်လ်ဆီး Empty ချယ်လ်ဆီး

Post  samurai Fri Mar 12, 2010 2:03 pm

ချယ်လ်ဆီးနှင့် လမ်းခွဲတော့မည့် ဂျိုးကိုးလ်အား မန်ယူနှင့် မန်စီးတီး အပြိုင် ကြိုးပမ်းဖွယ်ရှိ

ချယ်လ်ဆီး အသင်းနှင့် စာချုပ် သက်တမ်း ကုန်ဆုံးတော့မည် ဖြစ်သည့် ဂျိုးကိုးလ် အနေဖြင့် အသင်းနှင့် စာချုပ်သစ် ချုပ်ဆိုဖွယ် မရှိတော့ရာ မန်ယူနှင့် မန်စီးတီး အသင်းတို့က အပြိုင် ကြိုးပမ်းကြဖွယ် ရှိနေသည်ဟု သိရသည်။

အသက် ၂၈နှစ် အရွယ် ဂျိုးကိုးလ်သည် အသင်းနှင့် စာချုပ်သစ် ချုပ်ဆိုရန် ဆွေးနွေးမှုများ ပြုလုပ်ခဲ့ရာ အသင်းဘက်မှ ၎င်းအား ၄၀% အထိ လစာ လျော့ချရန် ကမ်းလှမ်းခဲ့ကြောင်း သိရသည်။ ထို့ကြောင့် ချယ်လ်ဆီး အသင်းနှင့် ဆက်နေမည် ဆိုပါက တစ်ပတ်လျှင် လုပ်ခ ပေါင် ၃၆၀၀၀ သာ ရမည် ဖြစ်ပြီး နိုင်ငံ အသင်း ကစားဖော်များ ဖြစ်သည့် တယ်ရီ၊ လမ်းပတ်၊ အက်ရှလေကိုးလ်တို့၏ ရရှိသည့် ပမာဏထက် လွန်စွာ နည်းပါး နေမည်ဖြစ်သည်။

ထို့ကြောင့် ဂျိုးကိုးလ်၏ အရည်အချင်းအား ကာလရှည်ကြာစွာ သဘောကျခဲ့သူ ဖာဂူဆန် အနေဖြင့် ၃နှစ် စာချုပ်တစ်ရပ်ဖြင့် ကမ်းလှမ်းဖွယ် ရှိနေပြီး ခေါ်ယူနိုင်ရန် ရေပန်းစား နေသည်ဟု သိရသည်။ သို့သော် မန်ယူနှင့် အပြိုင် မန်စီးတီး အသင်းကလည်း ကမ်းလှမ်း လာဖွယ် ရှိနေသည်။ ၀က်စ်ဟမ်း အသင်းတွင် ကစားစဉ်က ကိုးလ်၏ ဆရာဟောင်း ဖြစ်သူ ရက်နက်ပ်ကလည်း စပါး အသင်းသို့ ခေါ်ယူရန် စိတ်ဝင်စားမှု ရှိနေသည်။

credit: www.soccermyanmar.com

samurai
Bosin
Bosin

Posts : 26
Join date : 2010-02-17

Back to top Go down

Back to top


 
Permissions in this forum:
You cannot reply to topics in this forum