Delta FC Fan Member Forum


Join the forum, it's quick and easy

Delta FC Fan Member Forum
Delta FC Fan Member Forum
Would you like to react to this message? Create an account in a few clicks or log in to continue.

လာလီဂါ နောက်ဆုံးရသတင်းတိုများ

Go down

လာလီဂါ နောက်ဆုံးရသတင်းတိုများ Empty လာလီဂါ နောက်ဆုံးရသတင်းတိုများ

Post  uaunggyi Sat Mar 20, 2010 7:02 am

ရီးရဲလ်မက်ဒရစ်တိုက်စစ်မှူး ဘန်ဇီမာသည် လေ့ ကျင့်ခန်းပြန်ဆင်းနေပြီဖြစ်သောကြောင့် စပို့တင်းဂီဂျွန် နှင့်ကစားမည့်ပွဲတွင် ပထမကစားသမားအဖြစ် ပြန် လည်ပွဲထွက်လာဖွယ်ရှိသည်။ သို့သော် ရီးရဲလ်မက်ဒရစ် ကွင်းလယ်ကစားသမား ကာကာသည် ဒဏ်ရာကြောင့် စပို့တင်းဂီဂျွန်နှင့်ပွဲတွင်ပါဝင်ကစားရန်မသေချာသေး ကြောင်းသိရသည်။

ပထမအကျော့တွင် ရီးရဲလ်မက်ဒရစ်အား သရေ ကစားနိုင်ခဲ့သောကြောင့် လာမည့်ပွဲစဉ်တွင် ရလဒ် ကောင်းများရရန် အကောင်းဆုံးကြိုးစားသွားမည်ဖြစ် ကြောင်း စပို့တင်းဂီဂျွန်နည်းပြ ပရီစီယာဒိုက ပြော ကြားခဲ့သည်။ ထို့ပြင် ပရီစီယာဒိုက တန်းမဆင်းရရန် နောက်ဆုံးအချိန်ထိ တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်း ထပ်မံပြောဆိုခဲ့သည်။

ဘာစီလိုနာကွင်းလယ်ကစားသမား ဇာဗီနှင့် နောက်ခံလူ အဘီဒယ်တို့ ဒဏ်ရာမှပြန်လည်သက် သာလာပြီဖြစ်သော်လည်း ကြံ့ခိုင်မှုမပြည့်ဝသေးသော ကြောင့် ဇာရာဂိုဇာနှင့်ကစားမည့်ပွဲစဉ်အား လွဲချော် မည်ဖြစ်သည်။ ယခုရာသီ၌ ရီးရဲလ်မက်ဒရစ်သည် အံ့သြဖွယ်ခြေစွမ်းပြနေသော်လည်း မိမိတို့သည် ပြီးခဲ့ သည့်နှစ်ကကဲ့သို့ ခြေစွမ်းပြနိုင်ရန် အရေးကြီးကြောင်း နှင့် လာလီဂါချန်ပီယံဆုအား ထပ်မံဆွတ်ခူးရန် ရာသီ ကုန်အထိ ကြိုးစားသွားမည်ဖြစ်ကြောင်း ဘာစီလိုနာ နောက်ခံလူ မီလီတိုက ပြောကြားခဲ့သည်။

တိုက်စစ်မှူးဒေးဗစ်ဗီလာသည် မိမိတို့အသင်း အတွက် အရေးကြီးသောကစားသမားတစ်ဦးဖြစ် ကြောင်းနှင့် အသင်းတစ်သင်းသည် ကစားသမားတစ် ဦးတည်းအပေါ် မှီခိုခြင်းမရှိသော်လည်း ဒေးဗစ်ဗီလာ သည် မိမိတို့အသင်းအတွက် အထောက်အကူများစွာ ပေးနိုင်ကြောင်း ဗလင်စီယာနည်းပြ အမ်မရီကပြော ကြားခဲ့သည်။ ဒေးဗစ်ဗီလာသည် ဝါဒါဘရီမင်နှင့်ကစား ခဲ့သော ယူရိုပါလိဂ်ပွဲစဉ်တွင် ဟက်ထရစ်သွင်းယူပြီး ဗလင်စီယာအား ကွာတားဖိုင်နယ်သို့ပို့ဆောင်ပေးခဲ့ သူဖြစ်သည်။

ဆီဗီလာတိုက်စစ်မှူး ကနူတေးနှင့် ကွင်းလယ် ကစားသမား ရီနာတိုတို့ ဒဏ်ရာကြောင့်အက်စ်ပန်ညို နှင့်ပွဲတွင် ပါဝင်ကစားရန် မသေချာသကဲ့သို့ တိုက်စစ်မှူး ဖေဘီယာနိုသည်လည်း ခြေကျင်းဝတ်ဒဏ်ရာကြောင့် အနားယူရဖွယ်ရှိသည်။

ဗလင်စီယာကွင်းလယ်ကစားသမား အယ်ဘယ် ဒါးသည် ပေါင်ြ<ွကက်သားစုတ်ပြဲသည့်ဒဏ်ရာကြောင့် တစ်လခန့်အနားယူရဖွယ်ရှိပြီး နောက်ခံလူ နာဗားရိုး သည်လည်း ဒဏ်ရာကြောင့် အနားယူနေရသည်။

uaunggyi
Site Developer
Site Developer

Posts : 15
Join date : 2010-03-03

Back to top Go down

လာလီဂါ နောက်ဆုံးရသတင်းတိုများ Empty လာလီဂါ နောက်ဆုံးရသတင်းတိုများ

Post  uaunggyi Sat Mar 27, 2010 5:19 am

ဘာစီလိုနာကွင်းလယ်ကစားသမား ဇာဗီနှင့် နောက်ခံလူပီကေးတို့သည် ဒဏ်ရာမှပြန်လည်သက် သာလာပြီဖြစ်သောကြောင့် မာယော့ကာနှင့်ကစားမည့် ပွဲတွင် ပြန်လည်ပွဲထွက်လာဖွယ်ရှိသည်။

ဂီတာဖေးကွင်းလယ်ကစားသမား ဒါနီရယ်ပါရီဂျို နှင့်ထိခိုက်မိခဲ့သော ရီးရဲလ်မက်ဒရစ်ဂိုးသမား ကာဆီး လက်စ်သည် အက်သလက်တီကိုနှင့်ပွဲတွင် ပါဝင်နိုင် ရန် ကြံ့ခိုင်မှုစစ်ဆေးရဦးမည်ဖြစ်သည်။

မိမိတို့အသင်းသည် အကောင်းဆုံးပုံစံရနေပြီး ဘာနေဗျူးကွင်း၌ အောင်ပွဲခံရန် ဆန္ဒပြင်းပြနေသော ကြောင့် ရီးရဲလ်မက်ဒရစ်နှင့်ကစားမည့်ဒါဘီပွဲတွင် အနိုင်ရရန် ကြိုးစားသွားမည်ဖြစ်ကြောင်း အက်သ လက်တီကိုနည်းပြ ဆန်းချက်ဇ်ဖလောရက်စ်က ပြော ကြားခဲ့သည်။

မာလာဂါအားအနိုင်ရခဲ့သောပွဲတွင် ဦးခေါင်းဒဏ် ရာရရှိခဲ့သော ဗလင်စီယာတိုက်စစ်မှူး ဒေးဗစ်ဗီလာ သည် ဇာရာဂိုဇာနှင့်ပွဲအားလွဲချော်ဖွယ်ရှိသည်။ ထို့ဒဏ် ရာကြောင့် ဒေးဗစ်ဗီလာသည် အနည်းဆုံးရက်သတ္တ ပတ် (၃)ပန်ခန့်အနားယူရဖွယ်ရှိကြောင်းသိရသည်။

ဆီဗီလာနောက်ခံလူ ဖာဇီယိုသည် ဇီရက်စ်နှင့် ကစားခဲ့သောပွဲတွင် ခြေကျင်းဝတ်အရွတ်ကြောဒဏ် ရာရရှိခဲ့သောကြောင့် ဗီလာရီးရဲလ်နှင့်ကစားမည့်ပွဲစဉ် အား လွဲချော်ဖွယ်ရှိသည်။ နည်းပြ ဂျီမီနက်စ်အား ထုတ်ပယ်ခဲ့ပြီး အန်တိုနီယိုအယ်ဗာရက်ဇ်နှင့် အစား ထိုးခန့်အပ်ခဲ့သော ဆီဗီလာအသင်းတွင် တောင်ပံက စားသမား ပီရော့တီနှင့် ကွင်းလယ်ကစားသမား ဇိုကို ရာတို့ ပါဝင်ကစားနိုင်မည်မဟုတ်ကြောင်းသိရသည်။

ဘီဘာအိုနှင့်ကစားခဲ့သောပွဲတွင် အဖွင့်ဂိုးသွင်းယူ ခဲ့သော အက်သလက်တီကိုတိုက်စစ်မှူး ဒီယေဂိုဖော် လန်က အသင်းအတွက် အမြဲတမ်းအကောင်းဆုံးက စားပေးလေ့ရှိကြောင်း ပရိသတ်များ၏ဝေဖန်မှုအား ပွဲအပြီးတွင် တုံ့ပြန်ခဲ့သည်။

ရီးရဲလ်မက်ဒရစ်ကွင်းလယ်ကစားသမား ကာကာ နှင့် တိုက်စစ်မှူး ဘန်ဇီမာတို့သည် လေ့ကျင့်ခန်းပြန် ဆင်းနေပြီဖြစ်သောကြောင့် မကြာမီအချိန်အတွင်း အသင်း၌ ပြန်ပါဝင်လာမည်ဖြစ်ကြောင်း သိရသည်။

ဆီဗီလာတောင်ပံကစားသမား နာဗက်စ်သည် ခြေကျင်းဝတ်ဒဏ်ရာကြောင့် (၄)ပတ်ခန့်အနားယူရ မည့်အခြေအနေနှင့် ရင်ဆိုင်နေရသည်။ ဆီဗီလာအ သင်း၌ တံကောက်ကြောဒဏ်ရာရနေသော အီကော့ စတာနှင့် ဒီဂိုကာပယ်တို့ ဒဏ်ရာကြောင့် အနားယူနေ ရကြောင်းသိရသည်။

uaunggyi
Site Developer
Site Developer

Posts : 15
Join date : 2010-03-03

Back to top Go down

Back to top

- Similar topics

 
Permissions in this forum:
You cannot reply to topics in this forum