Delta FC Fan Member Forum


Join the forum, it's quick and easy

Delta FC Fan Member Forum
Delta FC Fan Member Forum
Would you like to react to this message? Create an account in a few clicks or log in to continue.

Delta ကစားသမားများအကြောင်း

2 posters

Go down

Delta ကစားသမားများအကြောင်း Empty Delta ကစားသမားများအကြောင်း

Post  samurai Sat Mar 20, 2010 1:18 pm

ီDeltafcfan ပရိသတ်တွေ အတွက် ဒီတစ်ပတ် မိတ်ဆက် ပေးချင်တဲ့ ကစားသမားကတော့ ဒယ်လ်တာ ယူနိုက်တက် အသင်းရဲ့ ကွင်းလယ်တိုက်စစ် ကစားသမား စိုးသီဟအောင် ဖြစ်ပါတယ်။ မြန်မာ့ လက်ရွေးစင် ကစားသမား တစ်ဦးဖြစ်တဲ့ စိုးသီဟ အောင်ဟာ ဒယ်လ်တာ အသင်းမှာ အဓိက ကစားသမား တစ်ဦးအဖြစ် တာဝန်ယူ ခဲ့ပြီး အသင်းကို ဦးဆောင် ကစားခဲ့သူ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ MNL ပြိုင်ပွဲမှာ ဒယ်လ်တာ အသင်းဟာ အောင်မြင်မှု မရခဲ့ပေမယ့် စိုးသီဟအောင်ဟာ အသင်းရဲ့ ပုံရိပ် တစ်ခုအနေနဲ့ ပေါ်လွင်အောင် ကစား နိုင်ခဲ့ပါတယ်။ ဒါကြောင့် လာမယ့် MNl ပြိုင်ပွဲသစ် အတွက် အားကြိုးမာန်တက် ပြင်ဆင်နေတဲ့ ဒယ်လ်တာ အသင်းက စိုးသီဟအောင်ရဲ့ ဘောလုံးသမား ဘ၀ ဖြတ်သန်းမှု တွေကို လေ့လာစုံစမ်း ဖော်ပြ လိုက်ရပါတယ်။
Delta ကစားသမားများအကြောင်း Thumb-B3B7_4BA48299
ငယ်ဘဝ

စိုးသီဟအောင်ကို ၁၉၈၅ ခုနှစ်၊ နေလ ၁၂ ရက်နေ့မှာ မွေးဖွား ခဲ့ပါတယ်။ အဖအမည် ဦးအောင်မြတ်နဲ့ အမိအမည် ဒေါ်ညွန့်ညွန့် ဖြစ်ပြီး မွေးရပ် ဇာတိကတော့ ရန်ကုန်မြို့ပါပဲ။ မွေးချင်း ညီအစ်ကို သုံးယောက် ရှိတဲ့အနက် အလတ် ဖြစ်ပါတယ်။ သူဟာ ရန်ကင်း အ.ထ.က.(၁)မှာ ကျောင်းနေရင်းနဲ့ ကျောင်းလက်ရွေးစင် ဘောလုံး အသင်းမှာ ပါဝင် ခြေစွမ်း ပြခဲ့ပါတယ်။ ဒါကြောင့် သူနေထိုင်ရာ ဗဟန်းမြို့နယ် လက်ရွေးစင် အသင်းမှာ ရွေးချယ် ခံခဲ့ရပြီး အဲဒီကမှ တိုင်းနဲ့ ခရိုင် လက်ရွေးစင် အဆင့်ဆင့် ဖြစ်လာခဲ့ပါတယ်။

ဘောလုံးသမား ဘဝ

အဲဒီအချိန်မှာ နည်းပြ ဦးဆန်းဝင်း ကိုင်တွယ်နေတဲ့ ဆောက်လုပ်ရေး အသင်း က စိုးသီဟအောင်ရဲ့ ခြေစွမ်းခြေစကို သတိပြု မိခဲ့တာကြောင့် အသင်းကို ခေါ်ယူခြင်း ခံခဲ့ရပါတယ်။ ဒါကြောင့် စိုးသီဟအောင်ဟာ မြန်မာ အဆင့် မြင့်တန်း ဘောလုံးသမား တစ်ယောက် ဖြစ်လာခဲ့ပါတယ်။ ဆောက်လုပ် ရေးမှာ ခြေစွမ်း ပြနေတဲ့ စိုးသီဟအောင်ကို ၂၀၀၅ ခုနှစ်မှာ ဂရန်း ရွိုင်ရယ် ပြိုင်ပွဲဝင်မယ့် ယူ-၂၃ အသင်း အတွက် ရွေးချယ်ခြင်း ခံခဲ့ရပြီး ခြေစွမ်းပြ နိုင်ခဲ့ပါတယ်။ ဒါကြောင့် ၂၀၀၆ မာဒေးကား ပြိုင်ပွဲဝင် မြန်မာ့ လက်ရွေးစင် အသင်းမှာပါ ရွေးချယ် ခံခဲ့ရပြီး ချန်ပီယံလည်း ဖြစ်ခဲ့ပါတယ်။ အဲဒီတုန်းက မြန်မာ့ လက်ရွေးစင် အသင်းကို ကိုင်တွယ် ခဲ့တာကလည်း ဆောက်လုပ်ရေး နည်းပြဟောင်း (ယခု ဒယ်လ်တာ နည်းပြ) ဦးဆန်းဝင်းပဲ ဖြစ်ပါ တယ်။ ဒါကြောင့် စိုးသီဟအောင်နဲ့ ဦးဆန်းဝင်းဟာ အတွဲညီခဲ့တဲ့ ဆရာတပည့် တွေလို့ ဆိုရမှာ ဖြစ်ပါတယ်။

စိုးသီဟ အောင်ဟာ မြန်မာ့ လက်ရွေးစင် အသင်းအတွက် ပွဲပေါင်း (၃၀)လောက် ပါဝင်ကစား ပေးခဲ့ပါတယ်။ ဒါပေမယ့် ဂိုးတော့ မသွင်း နိုင်ခဲ့ပါဘူး။ ၂၀၀၉ ခုနှစ်မှာ မြန်မာ ဘောလုံး လောက ပရိုစနစ်ကို ကူးပြောင်း တဲ့ အခါမှာတော့ စိုးသီဟ အောင်ဟာ (၆)နှစ်ကျော် ကစားခဲ့တဲ့ ဆောက်လုပ် ရေး အသင်းကို စွန့်ခွာပြီး ဆရာရင်း ဦးဆန်းဝင်း ရှိတဲ့ ဒယ်လ်တာ ယူနိုက်တက် အသင်းကို လတ်မှတ် ထိုးကြေး ကျပ် သိန်း(၃၀) လစာ ကျပ် (၁၀)သိန်းနဲ့ ပြောင်းရွှေ့ ရောက်ရှိ ခဲ့ပါတယ်။

ပရိုကစားသမားဘဝ

စိုးသီဟအောင်ဟာ ဒယ်လ်တာ အသင်းကို ရောက်ရောက်ချင်း အသင်း ခေါင်းဆောင် အဖြစ် ယုံယုံကြည်ကြည် ခန့်အပ်ခြင်း ခံခဲ့ရပါတယ်။ ဒယ်လ်တာ အသင်းနဲ့အတူ မိတ်ဆက်ပွဲတွေ သွားတဲ့ အခါမှာလည်း ဒေသခံ ပရိသတ်တွေ အထူး အားပေးခြင်း ခံခဲ့ရသူ တစ်ယောက် ဖြစ်ပါတယ်။ ဒါပေမယ့် တကယ်တမ်း ပြိုင်ပွဲ ကစားတဲ့ အခါမှာတော့ နိုင်ငံခြားသား ကစားသမား တွေနဲ့ အတွဲအဖက် မမိတာကြောင့် အသင်းရဲ့ ကစားပုံ ပျက်ခဲ့ရပြီး ရလဒ်တွေလည်း ဆိုးရွားခဲ့ပါတယ်။ ဒါကြောင့် စိုးသီဟအောင်ဟာ နှစ်ပွဲသာ အသင်းခေါင်းဆောင် အဖြစ် ကစားခဲ့ရပြီး နောက်ပွဲတွေမှာ အသင်းခေါင်းဆောင် ရာထူးကို ကျော်ခိုင် ၀င်းထံ လွှဲပြောင်း ပေးခဲ့ ရပါတယ်။

ဒါပေမယ့် နောက်ပိုင်းမှာ နိုင်ငံခြား သားတွေရဲ့ ခြေစွမ်းကို သဘောမကျတဲ့ နည်းပြ ဦးဆန်းဝင်းဟာ စိုးသီဟအောင်ကို နိုင်ငံခြားသား တွေထက် ပိုပြီး ပုံမှန်နေရာ ပေးခဲ့ပါတယ်။ ဒါကြောင့် နောက်ဆုံးပွဲမှာ ခြေမှန်နေတဲ့ ကမ္ဘောဇ အသင်းကို အနိုင်ရရိအောင် ကစားပြီး အသင်း အတွက် သိက္ခာဆယ် နိုင်ခဲ့ပါတယ်။ စိုးသီဟအောင်ဟာ အခုနောက်ဆုံး SEA Games ပြိုင်ပွဲအတွက် ရွေးချယ်ထားတဲ့ မြန်မာ့ လက်ရွေးစင် အသင်းမှာလည်း ပါဝင်နေပါတယ်။

ဘ၀ ရည်မှန်းချက်နှင့် ပရိသတ် အတွက် စကားလက်ဆောင်

စိုးသီဟအောင်ဟာ မြန်မာ့ လက်ရွေးစင် ကစားသမား ဖြစ်ဖို့ ငယ်ငယ်ကတည်းက စိတ်ကူးယဉ် ခဲ့ရတယ်လို့ ဆိုပါတယ်။ မြန်မာ ကစား သမား တွေထဲက သန်းတိုးအောင်၊ ဘရာဇီးလ်သား ကာကာတို့ကို အားကျ နှစ်သက်သူ ဖြစ်ပြီး နိုင်ငံတကာ ပြိုင်ပွဲတွေမှာ အကောင်းဆုံး ဘောလုံးသမား ဖြစ်ချင်တယ်လို့ ဆိုပါတယ်။ ဒါ့အပြင် မကြာခင် ကျင်းပတော့မယ့် MNL ပြိုင်ပွဲမှာလည်း ဗိုလ်စွဲ ချင်တယ်လို့ ပြောကြား ခဲ့ပါတယ်။

စိုးသီဟအောင်ရဲ့ ပရိသတ် အတွက် စကားလက်ဆောင် ကတော့ “ကျွန်တော်တို့ အသင်းဟာ ပြီးခဲ့တဲ့ ပြိုင်ပွဲမှာ အောင်မြင်မှု မရခဲ့တဲ့ အတွက် ကျွန်တော် တော်တော်လေး စိတ်မကောင်း ဖြစ်မိပါတယ်။ လာမယ့် ပြိုင်ပွဲမှာတော့ ကျွန်တော်တို့ဟာ အောင်မြင်မှုတွေ သိမ်းပိုက်ပြီး ပရိသတ်ကြီး ပျော်ရွှင်မှု ရအောင် စွမ်းဆောင် ပေးပါ့မယ်လို့ ကတိ ပေးပါတယ်” လို့ စိုးသီဟအောင်က ပြောကြား ခဲ့ပါတယ်။

samurai
Bosin
Bosin

Posts : 26
Join date : 2010-02-17

Back to top Go down

Delta ကစားသမားများအကြောင်း Empty Re: Delta ကစားသမားများအကြောင်း

Post  kokophone Mon Mar 22, 2010 6:03 pm

ကမ္ဘောဇ အသင်း၏ နည်းပြချုပ် ဖြစ်သူ ဦးအေးမောင်ကြီးက ၎င်းတို့ အသင်း၏ ခံစစ် ကစားပုံနှင့် ပတ်သတ်၍ ဒယ်လ်တာနှင့် ပွဲအပြီးတွင် ရှင်းလင်း ပြောကြားမှု ပြုလုပ်သွား ခဲ့ကြောင်း သိရသည်။

“ကျွန်တော်တို့ အသင်းက ခံစစ်ကို အားပြု ကစားတယ် ဆိုတာ တစ်ပွဲလုံး နောက်တန်းမှာပဲ ခံကစား နေတာကို ပြောချင်တာ မဟုတ်ပါဘူး။ တိုက်စစ်ဆင်ပြီး ဘောလုံး ဆုံးသွားတဲ့ အချိန်မှာ ခံစစ်ကို လုံခြုံအောင် ထိန်းပြီး ကစားတာကို ပြောချင်တာပါ။ ကျွန်တော့် အနေနဲ့ အသင်းမှာ ပြင်ဖို့ လိုနေတာ လေးတွေကို နည်းနည်း မြင်တာ ရှိပါတယ်။ အဓိကက ဂိုးရနည်း တာပေါ့။ အဲဒါကလည်း အဆုံးသတ် အားနည်းတာနဲ့ တစ်ဦးချင်း စွမ်းဆောင်ရည် အားနည်း တာကြောင့် ဖြစ်ပါတယ်”ဟု ဦးအေးမောင်ကြီးက ပြောကြားသွား ခဲ့သည်။

၎င်းတို့ အသင်းသည် ဒယ်လ်တာ အသင်းအား တိုက်စစ်မှူး စထက်နိုင်ဝင်း၏ တစ်လုံးတည်သော ဂိုးဖြင့် အနိုင်ရ ခဲ့ခြင်း ဖြစ်သည်။ ၎င်းတို့ အသင်းသည် ပထမဆုံး ပွဲစဉ်တွင် ရန်ကုန် ယူနိုက်တက် အသင်းကို (၀-၀)ဂိုး သရေကျ ခဲ့ရာ နှစ်ပွဲပေါင်း သွင်းဂိုး (၁)ဂိုးသာ သွင်းယူနိုင် သေးသည်။ ကမ္ဘောဇ အသင်းသည် တိုက်စစ်တွင် စိုးမင်းဦး၊ စိုးမြတ်မင်း၊ ကျော်သီဟ၊ စထက်နိုင်ဝင်း အစရှိသည့် နာမည်ကြီး တိုက်စစ်မှူး များကို ပိုင်ဆိုင် ထားသည့် အသင်း ဖြစ်သည်။

“တိုက်စစ်မှူး စိုးမင်းဦးကို ဒုတိယပိုင်းမှာ ထုတ်လဲ လိုက်တာက အသင်းကို ကိုယ့်ပုံစံ လေးနဲ့ ကစားချင်လို့ ဖြစ်ပါတယ်။ အဲဒီ အချိန်မှာ ကျွန်တော်တို့ အသင်းက ဘောလုံး ဆုံးတာ များနေတယ်လေ။ ဒါကြောင့် စိုးမြတ်မင်းကို ထည့်ပြီး ဘောလုံးကို ငြိမ်အောင် လုပ်ခဲ့တာပါ။ ကျွန်တော်တို့ အသင်းဟာ ကျွန်တော် အမြဲတမ်း ပြောဖူး သလိုပဲ ဒီရာသီ မှာလည်း အမြင့်ဆုံး အဆင့်ကို ရရှိဖို့ မျှော်မှန်း ထားပါတယ်။ ပြီးခဲ့တဲ့ ပြိုင်ပွဲ တုန်းက အဆင့်(၄) ကနေ အဆင့်(၃) ရောက်အောင် ကစားနိုင်ခဲ့တယ်။ အခု ပြိုင်ပွဲ မှာလည်း ဒီအဆင့် ကနေ မကျဘဲ ထပ်တက် နိုင်အောင် ကြိုးစား မှာပါ”
kokophone
kokophone
Bosin
Bosin

Posts : 36
Join date : 2010-02-24
Age : 31
Location : Yangon

http://www.lovesickyouth.ning.com

Back to top Go down

Back to top

- Similar topics

 
Permissions in this forum:
You cannot reply to topics in this forum