Delta FC Fan Member Forum

စီးရီးအေ နောက်ဆုံးရသတင်းတိုများ

Go down

စီးရီးအေ နောက်ဆုံးရသတင်းတိုများ

Post  uaunggyi on Sat Mar 27, 2010 5:22 am

အင်တာမီလန်တိုက်စစ်မှူး မီလီတိုသည် တံ ကောက်ကြောဒဏ်ရာမှ ပြန်လည်သက်သာလာပြီဖြစ် သောကြောင့် ရိုးမားနှင့်ပွဲတွင် ပြန်ပါဝင်လာဖွယ်ရှိ သည်။ ထို့ပြင် ပွဲပယ်ပြစ်ဒဏ်မှလွတ်ကင်းသွားပြီဖြစ် သော တောင်ပံကစားသမား စတန်ကိုဗစ်နှင့် ဒဏ်ရာမှ ပြန်သက်သာလာသော ကွင်းလယ်ကစားသမား ရှနိုက် ဒါတို့သည်လည်း ပထမကစားသမားအဖြစ် ပွဲထွက် လာဖွယ်ရှိသည်။

ဒူးဒဏ်ရာကြောင့် ကာလရှည်အနားယူနေရ သော ရိုးမားအသင်းခေါင်းဆောင် တော့တီသည် အင် တာမီလန်နှင့်ပွဲတွင် ပြန်ပါဝင်လာမည်ဟု မျှော်လင့် ရသည်။

ပါးမားအသင်းအားရှုံးနိမ့်ခဲ့သော အေစီမီလန်အ သင်းတွင် တိုက်စစ်မှူး ရော်နယ်ဒင်ဟိုနှင့် ကွင်းလယ် ကစားသမား ပီယာလိုတို့ ပွဲပယ်ခံထားရပြီး တိုက်စစ် မှူး ပါတိုသည်လည်း ဒဏ်ရာရနေကြောင်း သိရသည်။ ထို့ကြောင့် အေစီမီလန်နည်းပြ လီယိုနာဒိုသည် ဟန် တဲလ်လားနှင့် အင်ဇာဂီတို့အား အသင်း၏တိုက်စစ် တွင် အသုံးပြုသွားဖွယ်ရှိသည်။

ဂျူဗင်တပ်ကွင်းလယ်ကစားသမား ပေါလ်ဆန် သည် နာပိုလီအားရှုံးနိမ့်ခဲ့သောပွဲတွင် ခြေထောက်ဒဏ် ရာရခဲ့သောကြောင့် ပါဝင်ကစားနိုင်မည်မဟုတ်ပေ။ ဂျူဗင်တပ်တောင်ပံကစားသမား ကာမိုရာနီစီသည် လည်း ပွဲပယ်ပြစ်ဒဏ်ခံနေရသောကြောင့် အတ္တလန္တာ နှင့်ပွဲအား လွဲချော်ဖွယ်ရှိသည်။

ဘိုလော့နာနှင့်ကစားမည့် ပါလာမိုအသင်းတွင် တိုက်စစ်မှူး ကာဗာနီ၊ နောက်ခံလူ ဆိုင်မွန်ကေဂျာနှင့် ဘယ်ဇာရက်တီတို့ ပွဲပယ်ပြစ်ဒဏ်ခံထားရကြောင်း သိရသည်။

ကာတာနီယာနှင့်ကစားခဲ့သောပွဲတွင် ဒဏ်ရာရရှိ ခဲ့သော ဖီအိုရင်တီးနားတိုက်စစ်မှူး ဂီလာဒီနိုသည် အူဒီးနီးစ် နှင့်ပွဲအားလွဲချော်ဖွယ်ရှိသည်။

uaunggyi
Site Developer
Site Developer

Posts : 15
Join date : 2010-03-03

Back to top Go down

Back to top


 
Permissions in this forum:
You cannot reply to topics in this forum