Delta FC Fan Member Forum


Join the forum, it's quick and easy

Delta FC Fan Member Forum
Delta FC Fan Member Forum
Would you like to react to this message? Create an account in a few clicks or log in to continue.

Yangon United FC

4 posters

Go down

Yangon United FC Empty Yangon United FC

Post  Admin Fri Feb 26, 2010 8:49 am

ရန်ကုန်အသင်းနဲ့ပတ်သက်ပြီး ဒီနေရာမှာ ဆွေးနွေးနိုင်ပါတယ် ။

ရန်ကုန်အသင်းရဲ့ သတင်းများကိုလည်း ဒီနေရာမှာတင်ပြပေးမှာပါ ။
Admin
Admin
Admin
Admin

Posts : 44
Join date : 2010-02-17
Age : 206

https://deltafcfans.forumotion.com

Back to top Go down

Yangon United FC Empty Re: Yangon United FC

Post  Admin Sun Mar 07, 2010 7:47 am

ရန်ကုန် ယူနိုက်တက် အသင်းသည် မကွေး အသင်း၏ မြန်မာ့ လက်ရွေစင် ကစားသမား တစ်ဦးဖြစ်သူ ဇော်ထက်အောင်နှင့် နောက်ခံလူ ဇော်မျိုးထွန်း တို့အား

ခေါ်ယူနိုင်ရန် သဘောတူညီမှု ရရှိခဲ့ပြီ ဖြစ်ကြောင်း သိရသည် ။ ရန်ကုန် အသင်းသည် ဇော်ထက်အောင်အား ခေါ်ယူ နိုင်ရန် အတွက် မကွေး အသင်းထံသို့ ကျပ် သိန်း ၁၂၀ ဖြင့်

ပေးရမည် ဖြစ်ပြီး ကစားသမား အနေဖြင့်မူ လစာ ၁၅သိန်း ရရှိမည် ဖြစ်ကာ စာချုပ်သက်တမ်းမှာ ၂နှစ် ဖြစ်ကြောင်း သိရသသည် ။ ရန်ကုန် ယူနိုက်တက် အသင်းသည်

ဇော်ထက်အောင်နှင့် အတူ တစ်သင်းတည်း ကစားဖော် ဇော်မျိုးထွန်း ကိုလည်း ခေါ်ယူရန် သဘောတူညီမှု ရရှိထားပြီ ဖြစ်ကြောင်းလည်း သိရသည်။
Admin
Admin
Admin
Admin

Posts : 44
Join date : 2010-02-17
Age : 206

https://deltafcfans.forumotion.com

Back to top Go down

Yangon United FC Empty Re: Yangon United FC

Post  Admin Sun Mar 07, 2010 8:17 am

ဘတ္တလာ ပြောတဲ့ ရန်ကုန် ယူနိုက်တက်နဲ့ မြန်မာ ဘောလုံး လောက အကြောင်း

ပရီးမီးယား လိဂ်က ၀က်စ်ဟမ်း အသင်းနဲ့ ၀က်ဘရွန်း အသင်းတို့ရဲ့ ကွင်းလယ် ကစားသမား ဟောင်း ပီတာ ဘတ္တလာဟာ သြစတြေးလျ၊ စင်ကာပူ၊ အင်ဒိုနီးရှားနဲ့ မလေးရှား နိုင်ငံတွေမှာ နှစ်ပေါင်းများစွာ နည်းပြအဖြစ် တာဝန် ထမ်းဆောင်ခဲ့ ပါတယ်။ သူဟာ အခု မြန်မာနိုင်ငံကို ရောက်ရှိနေပြီး အဲဒီနိုင်ငံရဲ့ အကြီးဆုံးနဲ့ ရည်မှန်းချက် အကြီးဆုံး ရန်ကုန် ယူနိုက်တက် အသင်းမှာ တာဝန် ထမ်းဆောင် နေပါတယ်။



ဒီနိုင်ငံကို ရောက်တာ ၅ လ ရှိနေပြီ ဖြစ်လို့ မြန်မာ နိုင်ငံဟာ အလားအလာ ကောင်းတဲ့ နိုင်ငံ ဆိုတာ ကျွန်တော် သိမြင်ပြီး ပါပြီ။ မြန်မာတွေဟာ ဘောလုံးကို ရူးသွပ်ကြ ပါတယ်။ ကျွန်တော် ရန်ကုန် ယူနိုက်တက်ကို နည်းပြ နေပါတယ်။ အသင်း ပိုင်ရှင်တွေက ဦးတေဇနဲ့ သူ့သား ဖြိုးတေဇပါ။ သူတို့ရဲ့ ရည်မှန်းချက်နဲ့ သူတို့ မျှော်လင့်ချက်တွေက ကျွန်တော့်ကို ဒီအသင်းမှာ ရှိနေစေ ခဲ့တာပါ။ အာရှက ကျွန်တော် အလုပ် လုပ်ဖူးတဲ့ အသင်းတွေ ထဲမှာ သူတို့ဟာ အသင်း အတွက် ကိုယ်ပိုင် ငွေကြေး ဒေါ်လာ သန်းပေါင်း များစွာကို ရင်းနှီး မြုပ်နှံတဲ့ ပထမဆုံး ပုဂ္ဂိုလ်တွေ ပါပဲ။ သူတို့ဟာ မြက်ခင်းတု ကွင်းသစ်ကို ဆောက်လုပ်နေပြီး လေ့ကျင့်ရေး အထောက် အကူပြု ပစ္စည်းနဲ့ အဆောက် အအုံတွေကို လာမယ့်နှစ်မှာ အပြီးသတ်နိုင် ပါတော့မယ်။ ဒါတွေဟာ အရှေ့တောင် အာရှ အဆင့်မှာ ထိပ်တန်း စာရင်း ၀င်ပြီး မြန်မာနိုင်ငံ မှာတော့ အကောင်းဆုံး ပါပဲ။



ကျွန်တော်တို့ဟာ အသင်းရဲ့ ဘောလုံး အကယ်ဒမီ အဆောက်အအုံ အတွက် နေရာသတ်မှတ် ထားပြီး ဖြစ်ပြီး အသင်းမှာ ယူ-၁၉ အသင်း၊ ယူ-၁၇ အသင်းနဲ့ အရန် အသင်းတွေ ရှိပါတယ်။ လွန်ခဲ့တဲ့ ငါးလတုန်းက အသင်းကို ကျွန်တော် ရောက်တော့ ရန်ကုန် ပထမ အသင်းဟာ အမှတ်ပေး ဇယားရဲ့ အောက်ခြေမှာ ရုန်းကန် နေရတာပါ။ အခုတော့ ကျွန်တော်တို့ နောက်ဆုံး ကစားခဲ့တဲ့ ၇ ပွဲမှာ ၆ ပွဲနိုင်ပြီး ၁ ပွဲသရေ ကျခဲ့တဲ့ ရလဒ်ကို ပိုင်ဆိုင်ထား ပါတယ်။ ဒါကြောင့် အနာဂတ် အတွက် အရမ်းကို အခြေအနေ ကောင်းနေပြီး အင်အား ဖြည့်တင်းမှုလည်း ကောင်းကောင်း ပြုလုပ် ထားပါတယ်။ ဒီနှစ်မှာ ပြည်တွင်း ဖလား အားလုံးကို စိန်ခေါ်နိုင် လိမ့်မယ်လို့ ကျွန်တော် ယုံကြည်ပါတယ်။ ကျွန်တော် အလုပ် လုပ်ခဲ့ရတဲ့ အသင်းတိုင်းကို ကျွန်တော် ကိုယ်တိုင် ပြန်လည် တည်ဆောက် ခဲ့ရပြီး ဘောလုံး ပွဲတွေ နိုင်အောင် ဘယ်လို လုပ်ရမယ် ဆိုတာ ကျွန်တော် သိနေပြီလို့ စံချိန်တွေက သက်သေခံ နေပါတယ်။

လာမယ့် ဘောလုံး ရာသီဆိုရင် မြန်မာ ဘောလုံးလိဂ်မှာ အသင်းပေါင်း ၁၁ သင်း ရှိလာမှာ ဖြစ်ပြီး ဒီလိဂ်ကြီးဟာ အရမ်း အင်အား တောင့်တင်း လာလိမ့်မယ်လို့ ကျွန်တော် ခိုင်ခိုင်မာမာ ယုံကြည်ပါတယ်။ ကျွန်တော်ဟာ သြစတြေးလျ၊ မလေးရှား၊ အင်ဒိုနီးရှား၊ စင်ကာပူနဲ့ အခု မြန်မာနိုင်ငံ တို့မှာ အလုပ်လုပ် ခဲ့ဖူးသူ ဖြစ်လို့ အခုလို မှတ်ချက် ပေးနိုင်ဖို့ အရည်အချင်း မီတယ်လို့ ခံစားရ ပါတယ်။ စင်ကာပူ၊ မလေးရှားနဲ့ အင်ဒိုနီးရှား တို့မှာ ဘယ်အသင်း မှာမှ အခု ကျွန်တော်တို့ တည်ဆောက် နေတဲ့ လေ့ကျင့်ရေး အထောက်အကူပြု အဆောက်အအုံ မျိုးတွေ မရှိပါဘူး။ ဒါတွေဟာ အသင်း ပိုင်ရှင်နဲ့ သူ့သား တို့ကြောင့် ဖြစ်လာတာပါ။

ကျွန်တော့် သူဋ္ဌေးဟာ ထိပ်တန်း ပုဂ္ဂိုလ် တစ်ယောက် ဖြစ်ပြီး ကျွန်တော့်ကို ပံ့ပိုး ပေးပါတယ်။ သူတို့ဟာ အသင်းရဲ့ လူရွေးချယ်မှု ကိုတောင် ၀င်မစွက် ခဲ့ပါဘူး။ ဒါဟာ အာရှမှာ ထူးဆန်းတဲ့ အနေအထား တစ်ခု ဖြစ်ပါတယ်။ အရင် မလေးရှား ကလပ် ကီလင်တန် တုန်းကလည်း အုပ်ချုပ်မှု အဖွဲ့ဟာ ကျွန်တော်ကို ကောင်းကောင်း ပံ့ပိုးနိုင်ခဲ့ ပါတယ်။ နည်းစနစ် ပိုင်းအရ ကြည့်မယ်ဆိုရင် ဒီက လူငယ် ကစားသမား တွေဟာ အရမ်းကောင်း ပါတယ်။ ကျွန်တော်တို့ အသင်းဟာ လာမယ့် ဘောလုံးရာသီမှာ ထိုင်းလိဂ်က အကောင်းဆုံး အသင်းကိုတောင် ယှဉ်ပြိုင်နိုင်တယ် ဆိုတာ ကျွန်တော့် ရှိသမျှ စည်းစိမ် ပုံအောပြီး တော့တောင် လောင်းချင် ပါသေးတယ်။ ကျွန်တော် အံ့သြတကြီး စဉ်းစား နေမိတာက ဒီလို နိုင်ငံမျိုးမှာ ပရိုလိဂ် မရှိ၊ ဘောလုံး မတိုးတက်ဘဲ ဘာကြောင့် နှစ်ပေါင်းများစွာ ရှိနေရ သလဲ ဆိုတာပါပဲ။ လာမယ့်နှစ် တွေမှာ မြန်မာ အသင်းဟာ အာရှရဲ့ ဘောလုံး အင်အာကြီး နိုင်ငံ တစ်နိုင်ငံ ဖြစ်လာ လိမ့်မယ်လို့ ကျွန်တော် တပ်အပ် ပြောနိုင်ပါတယ်။ လူငယ် ကစားသမား လေးတွေဟာ တိုးတက်မှုကို ဆာလောင် နေကြပြီး သင်ယူ လိုစိတ်လည်း ရှိနေတာကြောင့် သူတို့နဲ့ အလုပ်လုပ် ရတာ အရမ်းကောင်း ပါတယ်။



တစ်ချို့ အပိုင်း တွေမှာ တိုးတက်ဖို့ လိုနေသေး တာကိုတော့ အထင်အရှား မြင်နေရပြီး အဲဒီထဲမှာ ဒိုင်လူကြီးတွေရဲ့ ကဏ္ဍကလည်း တစ်ခု အပါအ၀င် ဖြစ်ပါတယ်။ ဒီအပိုင်းကို ဖီဖာနဲ့ AFC ဆီက အကူအညီ တွေ ရယူပြီး ဒိုင်လူကြီးနဲ့ နည်းပြ သင်တန်းတွေ ပြုလုပ် ပေးနိုင်ရင် အများကြီး အထောက်အကူ ဖြစ်စေ ပါလိမ့်မယ်။ နည်းပြ အများစု မှာလည်း လိုင်စင် မရှိကြ တဲ့အတွက် ဒါဟာလည်း ဖြေရှင်းရမယ့် ပြဿနာ တစ်ခုပါပဲ။

ကျွန်တော် မလေးရှား ကနေ ဗြိတိန်ကို ပြန်သွားတဲ့ ကာလ တစ်ဝိုက်မှာ ကမ်းလှမ်းမှုတွေ အများအပြား ရရှိခဲ့ပြီး အာဖရိက နိုင်ငံ တစ်နိုင်ငံရဲ့ နည်းပြချုပ် ရာထူး ကမ်းလှမ်းမှု တစ်ခုကိုပါ ရရှိခဲ့ပါတယ်။ ဒါပေမယ့် မြန်မာက လူတွေက တော်တော်လေး ကြိုးစား ခဲ့ကြပါတယ်။ သူတို့ဟာ ဘောလုံးပွဲ တွေကို ရှေ့တန်း ရောက်အောင် ကြိုးစား နေတဲ့သူတွေ ဖြစ်တာကြောင့် သူတို့ဆီမှာ နေဖို့ ကတိပေး ခဲ့ပါတယ်။ သူတို့ဟာ ထူးခြားတဲ့ သူတွေပါ။

ကျွန်တော် အချိန်ယူပြီး ခက်ခဲတဲ့ အလုပ်တွေ အများကြီး လုပ်ဖို့ ရှိနေ ပါသေးတယ်။ ဒါပေမယ့် စိတ်ရှည်ပြီး အလုပ်ကြိုးစား တာဟာ ရှေ့ကို၊ အပေါ်ကို ရောက်စေလိမ့်မယ် ဆိုတာ ကျွန်တော် သံသယ မရှိပါဘူး။ ကျွန်တော်နဲ့ အတူတကွ အလုပ် လုပ်ဖို့ နောက်ထပ် အင်္ဂလိပ် တစ်ဦး ဖြစ်တဲ့ အဲရစ် ၀ီလျံကို ခေါ်ယူခဲ့ပါတယ်။ သူဟာ သြစတြေးလျနဲ့ အင်ဒိုနီးရှားမှာ နှစ်တွေ အကြာကြီး အလုပ်လုပ် ခဲ့ဖူးသူ ဖြစ်တာကြောင့် ဘောလုံး အကယ်ဒမီကို ကိုင်တွယ်ဖို့ တာဝန်ပေး ထားပါတယ်။ သူ့ရဲ့သား ရိုင်းစ်ဝီလျံ ဆိုရင် သြစတြေးလျ လက်ရွေးစင် အသင်းနဲ့ မစ်ဒယ်ဘရော့ အသင်း အတွက် ကစား ပေးနေတဲ့သူ ဖြစ်ပါတယ်။

ကျွန်တော့် လူငယ်တွေကို စပြီး စမ်းသပ် ရွေးချယ်တဲ့ အချိန်မှာ ပထမ တစ်ပတ် အတွင်း လူ ၆၀၀၀ လောက် ရွေးခဲ့ရ ပါတယ်။ တကယ့်ကို ၀ရုန်းသုဉ်းကား ပါပဲ။ သီတင်းပတ် ပေါင်းများစွာ အကြာမှာမှ နောက်ဆုံး လူ ၆၀ လောက် ရွေးချယ် နိုင်ခဲ့ပြီး သူတို့ အားလုံးကို စကော်လားရှစ် ပေးခဲ့ပါတယ်။ သူတို့ကို ဘောလုံး ပညာတွေ သာမက အင်္ဂလိပ်စာ ကိုပါ သင်ပေးခဲ့ပြီး မိမိကိုယ်ကို တိုးတက်အောင် လုပ်ပေးနိုင်မယ့် အစီအစဉ်တွေ လုပ်ပေး ခဲ့ပါတယ်။ ဒီလို လာပြီးတော့ ရွေးချယ်ခံတဲ့ အထဲက ပယ်ချလိုက်ရတဲ့ ကလေးတွေရဲ့ အကြီးအကျယ် မျှော်လင့်ချက် မဲ့သွားတဲ့ မျက်နှာ လေးတွေကို ကြည့်ရတာ ကျွန်တော်ပါ မျက်ရည်ကျလု မတတ် ဖြစ်ခဲ့ရပါတယ်။



ကျွန်တော့် အနေနဲ့ ရန်ကုန် အသင်းမှာ အလုပ်လုပ် ရသလိုမျိုး စီမံကိန်း မျိုးကို အများကြီး မရခဲ့ဖူး ပါဘူး။ ကျွန်တော့်လို နည်းပြ တစ်ယောက် အတွက် ဒါဟာ အရမ်းကောင်း ပါတယ်။ ရန်ကုန် အသင်းရဲ့ တိုးတက်မှုကို စဉ်ဆက် မပြတ်အောင် ထိန်းသိမ်း ထားနိုင်ဖို့ အတွက် ကျွန်တော်မှာ အကြံအစည်တွေ အများကြီး ရှိပါတယ်။ အိမ်မက်ကတော့ နောင်မှာ AFC ဖလား ၀င်ရောက် ယှဉ်ပြိုင်ခွင့် ရဖို့နဲ့ တစ်နေ့မှာ အာရှ ချန်ပီယံလိဂ် ၀င်ခွင့် ရဖို့ပါပဲ။ ဒါဟာ မဖြစ်နိုင်တဲ့ အရာ မဟုတ်ပါဘူး။ ကောင်းကောင် အစီအစဉ် ချနိုင်တာဟာ အိမ်မက်တွေကို အကောင်အထည် ပေါ်လာနိုင် ပါတယ်။ ရန်ကုန် ဆိုတာ တက်ကြွနေတဲ့ မြို့ကြီး ဖြစ်ပြီး အောင်မြင်တဲ့ နှစ်တွေ ရောက်လာတော့မယ် ဆိုတာ ကျွန်တော် သံသယ မရှိပါဘူး။ ဘောလုံး ဆိုတာ ခမ်းနားတဲ့ တံတား တည်ဆောက်သူလို့ ကျွန်တော် ထင်ပါတယ်။ ဘောလုံးကြောင့် ပြင်ပကမ္ဘာ ကြီးနဲ့ ပြန်ပြီး အဆက်အသွယ် ရဖို့ ကူညီပေးနိုင် ပါလိမ့်မယ်။ ရန်ကုန် ယူနိုက်တက်ဟာ ဒီလမ်းကြောင်းကို ဦးဆောင် လျှောက်လမ်း နေတာပါ။

ဒီအသင်းဟာ အခြေခံ အဆောက် အအုံတွေ ဖွံ့ဖြိုး တိုးတက်နေပြီး နိုင်ငံခြားသား နည်းပြတွေလည်း ငှားထားတယ်။ ကျွန်တော် တို့မှာ ဘရာဇီးလ်သား ၃ ယောက်နဲ့ ယူ-၂၁ လက်ရွေးစင် ကစားသမား ဟောင်း ဂါနာ နှစ်ယောက်လည်း ရှိနေတယ်။ မြန်မာ နိုင်ငံမှာ လိုအပ်နေတာ နိုင်ငံခြားသား ကစားသမား ကောင်းတွေ ဖြစ်ပြီး ဈေးပေါတဲ့ အာဖရိက သားတွေ မဟုတ်ပါဘူး။ ပြီးခဲ့တဲ့ ဘောလုံး ရာသီကို ပြန်ကြည့်ပါ။ နိုင်ငံခြားသား တွေဟာ အရည်အချင်း ရှိတဲ့ သူတွေ ဖြစ်ပြီး လူငယ် ပြည်တွင်း ကစားသမား လေးတွေ အတွက် စံပြ ဖြစ်နေဖို့ လိုပါတယ်။

ရန်ကုန်ရဲ့ လက်ရှိ ရှိနေတဲ့ အနေအထား လေးကို ကျွန်တော် ချစ်တယ်။ အပြောင်းအလဲ တွေကို ကျွန်တော် မမြင်ချင် ပေမယ့် အဲဒါက သေချာပေါက် ဖြစ်လာမှာ ပါပဲ။ ဒီမြို့ဟာ ဆွဲဆောင်မှု ရှိတဲ့ မြို့လေး ဖြစ်ပြီး တကယ်လို့များ ဘာဂါကင်း၊ မက်ဒေါ်နယ်နဲ့ စတားဘတ်ခ် ဆိုင်တွေကို လမ်းထောင့်တွေမှာ မြင်ရတော့မယ် ဆိုရင်တောင် ၀မ်းနည်းစရာ ဖြစ်လာမှာပါ။ ဒီမြို့ဟာ ရှေးဆန်ပြီး ကိုလိုနီခေတ် အဆောက်အအုံ တွေနဲ့ ဓလေ့စရိုက် မျိုးစုံရှိတဲ့ မြို့ပါ။

တချို့ အနောက်နိုင်ငံက ဂျာနယ်လစ်တွေ ပြောသလောက် ခေတ်နောက်ကျကျန်နေတဲ့ နိုင်ငံ မဟုတ်ပါဘူး။ လူတွေက ခေတ်နဲ့ တပြေးညီ ရှိနေပါတယ်။ ဒီမြို့ဟာ အလားအလာ ကောင်းပြီး လှပတဲ့ မြို့လေး ဖြစ်သလို မြို့သူ မြို့သား တွေက အရမ်း ခင်ဖို့ ကောင်းတယ်။ ဘောလုံး အားကစားမှာ ဒီမှာ တိုးတက် အောင်မြင် လာတော့မယ်။ စောင့်ဆိုင်းဖို့ပဲ လိုတော့တာပါ။


credit : www.soccermyanmar.com
Admin
Admin
Admin
Admin

Posts : 44
Join date : 2010-02-17
Age : 206

https://deltafcfans.forumotion.com

Back to top Go down

Yangon United FC Empty Re: Yangon United FC

Post  Admin Sun Mar 14, 2010 12:05 pm

ရန်ကုန်ယူနိုက်တက် နှင့် ကမ္ဘောဇ အသင်းတို့ ဒီနေ့ညနေ ၄ နာရီအချိန်တွင်

သုဝဏကွင်းတွင် ယှဉ်ပြိုင်မှာဖြစ်ပါသည် ။
Admin
Admin
Admin
Admin

Posts : 44
Join date : 2010-02-17
Age : 206

https://deltafcfans.forumotion.com

Back to top Go down

Yangon United FC Empty Re: Yangon United FC

Post  Admin Sun Mar 14, 2010 7:31 pm

ရန်ကုန်ယူနိုက်တက်အသင်းနဲ့ ကမ္ဘောဇအသင်းတို့ ယနေ့ညနေ ၄ နာရီတွင် ယှဉ်ပြိုင်ကစားခဲ့ကြပါသည် ။

ရန်ကုန်တိုက်စစ်မှုးများ အဆုံးသတ်မသေချာသည့်အတွက် အပိုင်ဂိုးသွင်းခွင့်တွေကို အသုံးမချနိုင်ခဲ့ပါဘူး ။

ကမ္ဘောဇအသင်းကတော့ ဒီနေ့ပွဲမှာ ခံစစ်အနေဖြင့် ကစားသွားပြီး တန်ပြန်တိုက်စစ်တွေကနေ ထိုးဖောက်တိုက်စစ်ဆင် ကစားသွားခဲ့ပါသည် ။


ကမ္ဘောဇအသင်းထိုးဖောက်မှုတွေကို ရန်ကုန်ယူနိုက်တက် ခံစစ်မှုးများနှင့် ဂိုးသမားတို့က အကောင်းဆုံးကာကွယ်နိုင်ခဲ့ပါသည် ။ ရန်ကုန်ကွင်းလယ်နှင့် တိုက်စစ်မှူများ

အချိတ်အဆက် မိမိမကစားနိုင်ဘဲ နားလည်မှုတွေလွဲနေသောကြောင့် ရသင့်သော အပိုင်ဂိုးတွေ မရရှိခဲ့ဘဲ နစ်နာဆုံးရှုံးခဲ့ရပါသည် ။

ဒိုင်လူကြီးတွေကလည်း အရမ်းကို ညံ့ နေသေးတာကိုတွေ့ရပါသည် ။ ရန်ကုန်နည်းပြမျိုးလှိုင်ဝင်းနှင့် ရန်ကုန်ပရိသတ် ၅၀ ခန့်တို့ ပွဲအပြီးနှုတ်ဆက်ရာတွင်

စကားများခဲ့ကြပါသည် ။ ပရိသတ်များက ဒီပွဲမနိုင်ခြင်းသည် နည်းပြမျိုးလှိုင်ဝင်းတွင် တာဝန်ရှိသည်ဟု ပြောဆိုရာတွင် မျိုးလှိုင်ဝင်းက သူ့တွင်တာဝန်မရှိကြောင်း ငြင်းဆိုပြောကြားခဲ့ပြီး

ပရိသတ်များကို ကွင်းပြင်တွင် တစ်ယောက်ခြင်းထိုးရန် စိန်ခေါ်ခဲ့ပြီး ဥမင်လှိုင်ခေါင်းအတွင်းသို့ ပြေးဝင်ပြီး ကွင်းပြင်ထွက်ဖို့ လုပ်ရာတွင် အသင်းခေါင်းဆောင်မျိုးမင်းထွန်းနှင့် အသင်းတာဝန်ရှိသူများက

မျိုးလှိုင်ဝင်းက လိုက်လံတားဆီးခဲ့ရပါသည် ။ အသင်းခေါင်းဆောင်မျိုးမင်းထွန်းက ဒီပွဲမနိုင်ရခြင်းအတွက် ပရိသတ်များကို တောင်းပန်စကားဆိုခဲ့ပါသည် ။

နည်းစနစ်ဒါရိုက်တာကတော့ ကစားသမားများကို ယနေ့ပွဲ မနိုင်ရခြင်းအတွက် အပြစ်ပေးသည့်အနေဖြင့် ကွင်းကို ပတ်ပြေးစေခဲ့ပြီး ဒဏ်ပေးခဲ့ပါသည် ။


ရန်ကုန်ယူနိုက်တက် 0း 0 ကမ္ဘောဇ
Admin
Admin
Admin
Admin

Posts : 44
Join date : 2010-02-17
Age : 206

https://deltafcfans.forumotion.com

Back to top Go down

Yangon United FC Empty Re: Yangon United FC

Post  samurai Sat Mar 20, 2010 1:02 pm

ရန်ကုန်ယူနိုက်တက်အသင်းရဲ့ ပွဲတိုင်းတွင် လာဘ်ကောင်ရုပ်ကိုမြင်တွေ့ရတော့ဖြစ်ပါသည် ။

ယင်းလာဘ်ကောင်ရုပ်ကို ထိုင်းနိုင်ငံတွင် ပြုပ်လုပ်ထားတာဖြစ်ပြီး

MNL ပြိုင်ပွဲဝင်အသင်းများထဲတွင် ပထမဆုံးသော လာဘ်ကောင်ရုပ်ပိုင်ရှင် အသင်းဖြစ်လာခဲ့ပါသည် ။

ရန်ကုန်ပရိသတ်များအနေဖြင့် ယင်းလာဘ်ကောင်ရုပ်ကို အမည်ပေးချင်တယ်ဆိုရင်တော့


www.ygnutd.com တွင် အမည်များကို သွားရောက်ပေးသွင်းနိုင်ပါသည် ။

Yangon United FC Thumb-C7AD_4BA45752

samurai
Bosin
Bosin

Posts : 26
Join date : 2010-02-17

Back to top Go down

Yangon United FC Empty Re: Yangon United FC

Post  kokophone Sat Mar 20, 2010 6:26 pm

မတ်လ၁၃ရက်နေ့ကကျင်းပသော ရန်ကုန်ယူနိုက်တက်နှင့်KBZအသင်းတို့၏ပွဲစဉ်တွင် ပရိသတ်အားရုတ်ရင်းကြမ်းတမ်းသောစကားများဖြင့်

ပြန်လည်ပြောဆိုခဲ့သော ရန်ကုန်အသင်းမှနည်းပြချုပ ဦးမျိုးလှိုင်ဝင်းအား စည်းကမ်းထိန်းသိမ်းရေးမှ မတ်လ(၂၀)ရက်နေ့တွင်

အစည်းအဝေးပြုလုပ်ပြီး နောက်ပွဲများတွင်အသင်းကြီးကြပ်ခွင့် (၄)ပွဲပယ်နှင့် ဒဏ်ငွေကျပ်(၅)သိန်းအားပေးဆောင်စေရန်

ဆုံးဖြတ်ခဲ့ကြောင်းဘောလုံးအဖွဲ့ချုပ်မှတာဝန်ရှိသူ ဦးစိုးမိုးအောင်ကပြောကြားပါသည်။

ဦးမျိုးလှိုင်ဝင်းသည် မတ်လ(၂၁)ရက်နေ့တွင်ကစားမည့် ဇွဲကပင်ယူနိုကတက်နှင့်ပွဲစဉ်မှစတင်ပြီး (၄)ပွဲပယ်ပြစ်ဒဏ်ကို

စည်းကမ်းထိန်းသိမ်းရေးမှချမှတ်ခဲ့ခြင်းဖြစ်သည်။
kokophone
kokophone
Bosin
Bosin

Posts : 36
Join date : 2010-02-24
Age : 31
Location : Yangon

http://www.lovesickyouth.ning.com

Back to top Go down

Yangon United FC Empty Re: Yangon United FC

Post  Admin Mon Mar 22, 2010 2:23 pm

ရန်ကုန်ယူနိုက်တက် ၄း ၀ ဇွဲကပင်ယူနိုက်တက်

ယနေ့ညနေ ၄ နာရီအချိန်မှာ ရန်ကုန်ယူနိုက်တက်နဲ့ ဇွဲကပင်ယူနိုက်တက်တို့ကွင်းတွင် ယှဉ်ပြိုင်ကစားကြပါသည် ။

ရန်ကုန်အသင်းက အသင်းကြီးပီပီ ဇွဲကပင်ယူနိုက်တက်ကို တစ်ချိန်လုံးဖိကစားသွားခဲ့ပါသည် ။ ၁၈ မိနစ်တွင် ရန်ကုန်ကွင်းလယ်လူ လှမ်းတင်ပေးတာကို

ကျော်သူရက ဇွဲကပင်နောက်တန်းကစားသမားများကျော်ပြီး ခေါင်းတိုက်ဂိုးသွင်းယူခဲ့ပါသည် ။ ၂၈ မိနစ်မှာ ဇွဲကပင်ယူနိုက်တက်ရဲ့ ရှေ့တန်းကစားသမားရဲ့အမှတ်မထင်ကန်ချက်ကို ရန်ကုန်ဂိုးသမား

အောင်အောင်ဦးက အကောင်းဆုံးကာကွယ်သွားနိုင်ခဲ့ပါသည် ။ မိနစ်၄၀ မှာ ဇွဲကပင်ယူနိုက်တက်မှ ကစားသမားများက ရန်ကုန်ယူနိုက်တက်မှ ကျော်သူရကို ဖျက်ထုတ်တာ ကြမ်းသောကြောင့်

ဒိုင်လူကြီးက ပြစ်ဒဏ်ဘောပေးခဲ့ပါသည် ။ ယင်းပြစ်ဒဏ်ဘောကို ရန်ကုန်ယူနိုက်တက်မှ တောင်ပံကစားသမား ဒေးဗစ်ဒါရိုဂျာ က ဂိုးသမားရဲ့ ညာဘက်ထောင့်ကို ကန်သွင်းလိုက်သောကြောင့်

ဇွဲကပင်ဂိုးသမားလည်း ဘာမှ မတက်နိုင်ဘဲ ဂိုးပေးလိုက်ရပါသည် ။ ဇွဲကပင်ယူနိုက်တက်အသင်းသည် ၂ ဂိုးပေးလိုက်ရသောကြောင့် တိုက်စစ်ကို မြှင့်တင်ကစားသောလည်း ရန်ကုန်ယူနိုက်တက် နောက်တန်းကစား

သမားများက အကောင်းဆုံးဖြတ်ထုတ် နိုင်ခဲ့လို့ ဇွဲကပင်တို့ ထိထိရောက်ရောက် တိုက်စစ်ဆင်မကစားနိုင်ကျပါဘူး ။ ပထမပိုင်းအပြီးမှာ ရန်ကုန်ယူနိုက်တက်မှ ၂ ဂိုး ၊ ဇွဲကပင်ယူနိုက်တက်က ဂိုးမရှိနဲ့

ပထမပိုင်းပြီးဆုံးခဲ့ပါသည် ။ ဒုတိယပိုင်းပြန်အစမှာ ဇွဲကပင်ယူနိုက်တက် တိုက်စစ်ဆင်ကစားသောလည်း ရန်ကုန်ယူနိုက်တက်မှ နောက်တန်းများနဲ့ ဂိုးသမားတို့ အကောင်းဆုံးကာကွယ်သွားနိုင်ခဲ့ပါသည် ။

၅၈ မိနစ်တွင် ရန်ကုန်ယူနိုက်တက်မှ တိုက်စစ်ဆင်ကစားလာရာ ကျော်သူရက လှမ်းထိုးပေးတာကို ကျောနံပါတ် ၂၁ မှ မကန်ဘဲ အလနှ်ဇန္ဒရို ဆီလှမ်းထိုးပေးရာ အလနှ်ဇန္ဒရို က အခွင့်အရေးကို အပိုင်အသုံးချခဲ့လို့

ရန်ကုန်ယူနိုက်တက်တို့ ၃ ဂိုးမြောက်ဂိုးကို ရရှိခဲ့ပါသည် ။ ၆၄ မိနစ်တွင် ဒေးဗစ်ဒန်းက ရှေ့ကိုလှမ်းထိုးပေးတာကို ဇွဲကပင်ဂိုးသမားက ရှေ့ကိုထွက်ပြီး ဖျက်ထုတ်ရာမှာ လက်နဲထိတာကို ဒိုင်လူကြီးက ပြစ်ဒဏ်ဘောကို

မပေးခဲ့ပါဘူး ။ ၇၄ မိနစ်တွင် ဒေးဗစ်ဒါရိုဂျာ က ပြစ်ဒဏ်ဘောမှ တစ်ဆင့် သူ့ရဲ့ဒုတိယဂိုးကို သွင်းယူသွားခဲ့ပါသည် ။ ၈၅ မိနစ်တွင် ရန်ကုန်ယူနိုက်တက်မှ တိုက်စစ်မှူးခေါင်းတိုက်ဂိုးသွင်းတာကို ဒိုင်လူကြီးက

လူကျွံဘောအဖြစ် သတ်မှတ်ခဲ့လို့ တစ်ဂိုးထပ်မံမရရှိခဲ့ပါဘူး ။ ဒီဂိုးဟာဆိုရင် လူကျွံအနေအထားမှာ ရှိမနေပါဘူး ။ ပွဲအပြီးမှာ ရန်ကုန်ယူနိုက်တက် က ဇွဲကပင်ယူနိုက်တက်ကို ၄ ဂိုး ၊ ဂိုးမရှိနဲ့ အနိုင်ရရှိသွားခဲ့ပါသည် ။
Admin
Admin
Admin
Admin

Posts : 44
Join date : 2010-02-17
Age : 206

https://deltafcfans.forumotion.com

Back to top Go down

Yangon United FC Empty Re: Yangon United FC

Post  samurai Wed Mar 24, 2010 1:09 pm

ဒိုင်လူကြီးဆုံးဖြတ်ချက် နှင့် ပတ်သက်၍ ရန်ကုန်ယူနိုက်တက်အသင်း က မြန်မာနေရှင်နယ်လိဒ်သို့ ကန့်ကွက်စာ တင်သွင်း


ရန်ကုန်ယူနိုက်တက်အသင်းသည် ပြီးခဲ့သော ရန်ကုန် နှင့် ဇွဲကပင် တို့ပွဲတွင် ကိုင်တွယ်ခဲ့သော ကွင်းလယ်ဒိုင်လူကြီးရဲ့ ဆုံးဖြတ်ချက် နှင့် ပတ်သက်ပြီး

ဘောလုံးအဖွဲ့ချုပ်ထံသို့ ကန့်ကွက်စာ တင်သွင်းခဲ့ပါသည် ။ ယင်းပွဲကို တာဝန်ယူခဲ့သော ဒိုင်လူကြီး ဦးတင်ထွဋ်သည် ရန်ကုန်အသင်းမှ တိုက်စစ်မှူး Eric Sackey ရဲ့

ခေါင်းတိုက်ဂိုးသွင်းမှုကို လူကျွံဘောအဖြစ်သတ်မှတ်ခဲ့ပါသည် ။ ယင်းဂိုးသည် လူကျွံအနေအထား လုံးဝမရှိခဲ့ဘဲ လူကျွံဘောအဖြစ်ပေးခဲ့လို့ တစ်ဂိုးနစ်နှာခဲ့ရပါသည် ။

ဇွဲကပင်ဂိုးသမား ဂိုးစည်းအပြင်ကိုထွက်ပြီး ဘောလုံးကိုလက်ဖြင့် ထွက်ဆွဲသောလည်း ဒိုင်လူကြီးက အနီကဒ်ပြရမည်ကို မပြခဲ့ဘဲ အ၀ါကဒ်သာ ပြသခဲ့ပါသည် ။

ရန်ကုန် ယူနိုက်တက် အသင်းသည် စည်းမျဉ်း စည်းကမ်း များအတိုင်း ကန့်ကွက်ကြေး ငွေကျပ် တစ်သိန်း ပေးဆောင်ကာ ကန့်ကွက်ခဲ့ခြင်း ဖြစ်သည်။

ဘောလုံးအဖွဲ့ချုပ်မှ မြန်မာနေရှင်နယ်လိဒ်အတွက်ထုတ်ပြန်ထားသော စည်းမျဉ်းစည်းကမ်းများတွင် ဒိုင်လူကြီးများကို မကန့်ကွက်ရဆိုတဲ့ စည်းမျဉ်း စည်းကမ်းပါဝင်နေ

သောကြောင့် ရန်ကုန်ယူနိုက်တက်အသင်းအနေဖြင့် ကန့်ကွက်မှုဟာဆိုရင် အောင်မြင်ဖွယ် မရှိနိုင်ဘူးလို့ထင်ရပါသည် ။ ဒိုင်လူကြီး ဦးတင်ထွဋ် သည် ဖီဖာ

အသိအမှတ်ပြု ဒိုင်လူကြီး စာရင်း မ၀င်သေး သော်လည်း ပြီးခဲ့သည့် MNL Grand Royal 2009 ပြိုင်ပွဲ၏ အတိုးတက်ဆုံး ဒိုင်လူကြီး ဆုကို ရရှိထားသူ ဖြစ်သည်။

samurai
Bosin
Bosin

Posts : 26
Join date : 2010-02-17

Back to top Go down

Yangon United FC Empty Re: Yangon United FC

Post  champion Wed Mar 24, 2010 6:51 pm

အေးဗျာ..ကျွန်တော်အမြင်လေးလည်း..ပြောပြချင်ပါတယ်..

ဒိုင်လူကြီးတွေက..လက်ရှိကာလမှာ..ဘယ်လိုမှ..အမြင်မတင့်သေးတာ..ဟုတ်ပါတယ်..
ဒါကိုလည်း..နေရှင်နယ်လိဂ်နဲ့..ပက်သက်သူ..အားလုံးလည်း..သိရှိပြီးသားပါ..

ကြားရတဲ့..သတင်းတွေအရ..ယခု..နေရှင်နယ်လိဂ်မှာ..ဒိုင်တွေကို..လုံးဝမဝေဖန်ရတော့ဘူးလို့..သိရပါတယ်..
အဖွဲ့ချုပ်က..တာဝန်ရှိသူတွေအနေနဲ့..ဒိုင်တွေ..ဖိအားကင်းကင်းနဲ့..အလုပ်လုပ်နိုင်အောင်..စီစဉ်ပေးထားတာပါ..
မှန်သင့်သလောက်မှန်ပါတယ်..
ဒါပေမယ့်လည်း..ဘယ်လိုအကြောင်းအရာမှာမဆို..အကောင်းနဲ့အဆိုးဟာ..ဒွန်တွဲနေတဲ့..နိယာမအရ..ဘ၀င်မကျတာလေးတွေလည်း..
တွေ့ရသလားလို့ပါ..

ဒီလိုပါဗျာ..ဒိုင်တစ်ယောက်အမှား..လုပ်ခဲ့တယ်ဆိုပါစို့..
ဒီဒိုင်လူကြီးကို..တာဝန်ရှိသူတွေက..နင်ပဲငစပြောနေတာဆိုရင်တော့..မြန်မာနိုင်ငံသား..ကျွန်တော်ကလည်း..လက်မခံချင်ပါဘူး..
ဒါပေမယ့်လည်း..တာဝန်ရှိသူ..တစ်ယောက်တစ်လေကတော့..ညံ့တာကိုညံ့တယ်လို့..ဝေဖန်ခွင့်ရှိတယ်လို့..မြင်ပါတယ်..
အဖွဲ့ချုပ်က..ကာကွယ်ပေးထားတယ်ဆိုတာကလည်း..သတ်မှတ်ဘောင်ထဲကသာ..ဖြစ်သင့်ပါတယ်..
ဘာလုပ်လုပ်လို့..ကာကွယ်တယ်..ဝေဖန်ပိုင်ခွင့်တောင်..မရှိဘူးဆိုတာက..မဖြစ်သင့်ပါဘူး..

ဘယ်လိုသဘောရကြလဲ..ဆက်ပြောကြပါဦး..

တော့ပစ်ချော်နေသလားတော့..မသိဘူး..
လောလောဆယ်..ရန်ကုန်အသင်းက..ဒိုင်လူကြီး..ဆုံးဖြတ်ချက်ကို..ကန့်ကွက်စာတင်သွင်းထားတယ်ကြားလို့..ဒီမှာ..တင်လိုက်ရတာပါ..

champion
Sailoar
Sailoar

Posts : 19
Join date : 2010-02-21

Back to top Go down

Yangon United FC Empty ရန်ကုန်နှင့် ဇေယျာရွှေမြေမှ မှတ်တမ်းတင်ပုံလေးပါ

Post  kokophone Mon Mar 29, 2010 11:11 am

Yangon United FC Image-E08D_4BB03792
Yangon United FC Image-6523_4BB03792
Yangon United FC Image-7712_4BB03661
Yangon United FC Image-9D3E_4BB03661
Yangon United FC Image-6E45_4BB03661
Yangon United FC Image-E413_4BB032B1
Yangon United FC Image-4FED_4BB032B1
Yangon United FC Image-B0D4_4BB032B1
Yangon United FC Image-A223_4BB032B1
Yangon United FC Image-E79E_4BB032B1
Yangon United FC Image-74EC_4BB04278
Yangon United FC Image-B97C_4BB04278
Yangon United FC Image-9258_4BB04278
Yangon United FC Image-2A95_4BB04278
Yangon United FC Image-D857_4BB04278
Yangon United FC Image-FA66_4BB04278
kokophone
kokophone
Bosin
Bosin

Posts : 36
Join date : 2010-02-24
Age : 31
Location : Yangon

http://www.lovesickyouth.ning.com

Back to top Go down

Yangon United FC Empty Re: Yangon United FC

Post  Sponsored content


Sponsored content


Back to top Go down

Back to top

- Similar topics

 
Permissions in this forum:
You cannot reply to topics in this forum