Delta FC Fan Member Forum


Join the forum, it's quick and easy

Delta FC Fan Member Forum
Delta FC Fan Member Forum
Would you like to react to this message? Create an account in a few clicks or log in to continue.

အသင်း၏အဓိက ကစားသမားများအား လက်လွှတ်ရမည်ကို ဘင်နီတက်ဇ်စိုးရိမ်

Go down

အသင်း၏အဓိက ကစားသမားများအား လက်လွှတ်ရမည်ကို ဘင်နီတက်ဇ်စိုးရိမ် Empty အသင်း၏အဓိက ကစားသမားများအား လက်လွှတ်ရမည်ကို ဘင်နီတက်ဇ်စိုးရိမ်

Post  uaunggyi Sat Mar 27, 2010 5:33 am

လီဗာပူးအသင်းသည် လာမည့်ရာသီတွင် ချန်ပီယံလိ၈်ဝင်ခွင့်ဆုံးရှုံးခဲ့ပါက အသင်း ခေါင်းဆောင်စတီဗင်၈ျာရတ်အား လက်လွှတ်ဆုံး ရှုံးရမည်ကို လီဗာပူးနည်းပြဘင်နီတက်ဇ်က စိုးရိမ်နေကြောင်းသိရသည်။ ယခုရာသီတွင် အဆင့် (၄)နေရာအားဆုံးရှုံးခဲ့ပါက အဓိက ကစားသမားများ အသင်းမှထွက်ခွါမည်ဖြစ်သောကြောင့် ဘင်နီတက်ဇ်က စိုးရိမ်နေခြင်းဖြစ်သည်။
လီဗာပူးသည် ရာသီအကုန်၌ အဆင့်(၄)နေရာရရှိမှသာ အသင်း ၏အဓိက ကစားသမားများဖြစ်သော တောရက်စ်၊ မာရှေယာနိုနှင့် ဂျာရတ်တို့အား ဆက်လက်ထိန်းသိမ်းထားနိုင်မည်ဟု ဘင်နီတက်ဇ်က ယုံကြည် နေသည်။
'ကစားသမားတွေဟာ ဆုဖလားတွေ ရယူဖို့ဆန္ဒရှိနေပြီး အဆင့်(၄)နေရာနဲ့ ဒီရာသီကို အဆုံးသတ်ဖို့မျှော်လင့်နေပါတယ်။ ကျွန်တော်တို့ အသင်းဟာ အသင်းကြီးတစ်သင်းဖြစ်တာကြောင့် ယူရိုပါလိဂ်မှာဗိုလ်စွဲပြီး ပရီးမီးယားလိဂ်မှာ အဆင့် (၄)နေရာရရှိမယ်ဆိုရင် အသင်းရဲ့ကစားသမားတွေ ကို ထိန်းသိမ်းနိုင်မှာဖြစ်သလို ကစားသမားသစ် တွေကိုလည်း ဆွဲဆောင်နိုင်မှာပါ။ လက်ရှိအချိန် မှာ ရလဒ်ကောင်းတွေရဖို့ အရေးကြီးတယ်ဆိုတာ ကစားသမားတွေအားလုံးနားလည်ပါတယ်။ ဒါ ကြောင့် ကစားသမားတိုင်းဆီက အကောင်းဆုံးခြေ စွမ်းရယူပြီး လာမယ့်ပွဲတွေမှာ ရလဒ်ကောင်းအောင် စွမ်းဆောင်ရမှာပါ။ ဒဏ်ရာရကစားသမားတွေများခဲ့တာကြောင့် ဒီရာသီမှာ ကျွန်တော်တို့ အကောင်း ဆုံးပုံစံမရခဲ့ပါဘူး။ ဒဏ်ရာရနေတဲ့ ကစားသမားတွေ ပြန်သက်သာလာပြီဖြစ်လို့ လက်ကျန်ပွဲစဉ် တွေမှာ ကျွန်တော်တို့ အကောင်းဆုံးရလဒ်တွေ ရအောင်စွမ်းဆောင်နိုင်မှာပါ'ဟု ဘင်နီတက်ဇ်က ပြောကြားခဲ့သည်။
လီဗာပူးသည် ယခုရာသီ၌ (၁ဝ) ပွဲရှုံးနိမ့်ထားပြီး အဆင့်(၆)နေရာသို့ရောက်ရှိနေကာ စတုတ္ထနေရာမှ စပါးအသင်းနှင့် (၄)မှတ် အကွာတွင်ရပ်တည်နေသည်။

uaunggyi
Site Developer
Site Developer

Posts : 15
Join date : 2010-03-03

Back to top Go down

Back to top

- Similar topics

 
Permissions in this forum:
You cannot reply to topics in this forum