လာလီဂါနောက်ဆုံးရသတင်းတိုများ
Page 1 of 1
လာလီဂါနောက်ဆုံးရသတင်းတိုများ
ဝါဒါဘရီမင်နှင့်ကစားခဲ့သော ယူရိုပါလိဂ်ပွဲစဉ်တွင် ပုခုံးဒဏ်ရာ ရရှိခဲ့သော ဗလင်စီယာတိုက်စစ်မှူး ဒေးဗစ်ဗီလာသည် ဘာစီလိုနာနှင့် ကစားမည့်ပွဲစဉ်အား လွဲချော်မည်ဖြစ်ကြောင်းသိရသည်။
ဘာစီလိုနာတိုက်စစ်မှူး အီဘရာဟီမိုဗစ်သည် ပြီးခဲ့သည့်ပွဲစဉ်က အနီကတ်ပြခံရခြင်းအား အယူခံဝင်မှုမအောင်မြင်သောကြောင့် ဗလင် စီယာနှင့်ကစားမည့်ပွဲအား လွဲချော်မည်ဖြစ်သည်။ ထို့ပြင် အယ်မီရီယာ နှင့်ကစားခဲ့သောပွဲတွင် ထုတ်ပယ်ခံခဲ့ရသော ဘာစီလိုနာနည်းပြ ဂွါဒီ ယိုလာသည် ပွဲကြီးကြပ်ခွင့်ပိတ်ပင်ခံထားရကြောင်းသိရသည်။
ရီးရဲလ်မက်ဒရစ်အသင်းသည် ချန်ပီယံလိဂ်ကွာတားဖိုင်နယ်သို့ (၆)နှစ်ဆက်တိုက် တက်ရောက်နိုင်ခြင်းမရှိသောကြောင့် ဝေဖန်မှုများ နှင့် ရင်ဆိုင်နေရသော နည်းပြပယ်လီဂရီနီအား ရီးရဲလ်မက်ဒရစ် အားကစားဒါရိုက်တာ ဗယ်ဒါနိုက ထောက်ခံခဲ့ကြောင်းသိရသည်။ ရီးရဲလ်မက်ဒရစ်သည် လိုင်ယွန်အား ရှုံးနိမ့်၍ ချန်ပီယံလိဂ်မှ ထွက်ခွာခဲ့ရခြင်းဖြစ်သည်။
အနီကတ်ပြစ်ဒဏ်အား အယူခံဝင်မှုမအောင်မြင်ခဲ့သော အက် သလက်တီကိုတောင်ပံကစားသမား ရီးယက်စ်သည် အိုဆာဆူနာနှင့် ကစားမည့်ပွဲစဉ်တွင် ပါဝင်နိုင်မည်မဟုတ်ပေ။
ဗယ်လာဒိုလစ်နည်းပြ ဆန်းချက်ဇ်က (၅)ပွဲဆက်တိုက် နိုင်ပွဲ ပျောက်ခဲ့သော်လည်း လာမည့်ပွဲစဉ်တွင် အနိုင်ရရှိအောင် တိုက်ပွဲဝင် သွားရမည်ဖြစ်ကြောင်း ကစားသမားများအားသတိပေးပြောကြားခဲ့သည်။

uaunggyi- Site Developer
- Posts : 15
Join date : 2010-03-03
Page 1 of 1
Permissions in this forum:
You cannot reply to topics in this forum
|
|