အဲဗာတန်
Page 1 of 1
အဲဗာတန်
အဲဗာတန် vs ဟူးလ်စီးတီး
အဲဗာတန်အသင်း၌ ကွင်းလယ်ကစားသမား တင်ကာဟေးလ်သည် ခြေသလုံးဒဏ်ရာပြန်လည် သက်သာလာခြင်းမရှိသေးသောကြောင့် ထပ်မံအနားယူရဦးမည်ဖြစ်သည်။ ထို့ပြင် အဲဗာတန် တိုက်စစ်မှူး ဆာဟာသည်လည်း စပိန်နှင့်ကစားခဲ့သော နိုင်ငံတကာခြေစမ်းပွဲတွင်ရရှိခဲ့သော ပေါင်ကြွက်သားဒဏ်ရာကြောင့် ဟူးလ်စီးတီးနှင့်ပွဲအား လွဲချော်ဖွယ်ရှိသည်။ ဒွန်ကက်စတာနှင့်ကစားခဲ့သော ခြေစမ်းပွဲတွင် ပြန်လည်ပါဝင်ခဲ့သော ဟူးလ်စီးတီးကွင်းလယ်ကစားသမား ဂျင်မီဘူးလက်စ်သည် ကြံ့ခိုင်မှုပြန်လညလာပြီဖြစ်သောကြောင့် ပထမကစားသမားအဖြစ် ပွဲထွက်လာဖွယ်ရှိသည် ။ အဲဗာတန်အသင်း၌ ခရိတ်ဖာဂန် ပွဲပယ်ခံထားရပြီး နောက်ခံလူ အန်တိုနီဂက်နာ ဒဏ်ရာကြောင့် အနားယူနေရသည် ။

Permissions in this forum:
You cannot reply to topics in this forum
|
|