ံHardware
3 posters
Page 1 of 1
Re:ံHardware
USB Flash Drive တစ်ခုဖြင့် Windows XP ကို LOCK လုပ်ခြင်း
တကယ်လို့ သင်ဟာ passwords ရိုက်ပြီး Login ၀င်ရမှာပျင်းရင်
passwords တွေမေ့တတ်လို့ရှိရင် ဒါမှမဟုတ် သူများက ကိုယ့် passwords ကို hacked မှာစိုးရင်
ပိုပြီး လုံခြုံတဲ့နည်းနဲ့ သင့်ရဲ့ computer ကို locked လုပ်ထားလို့ရပါတယ်။
လိုအပ်တာကတော့ USB stick တစ်ခုတည်းပါ..။
(My Computer>right click>Manage>Disk Management ထဲမှာ သင့်ရဲ့ stick ကို
right click>Change drive letter and path>Change မှာ A: လို့ ပြောင်းပေးရအုံးမယ်
Confirm လာမေးရင် Yes ကိုနှိပ်၊
ဒါဆိုရင် သင့် stick ဟာ driver letter ပြောင်းသွားပြီ..၊)
စစချင်း run ထဲမှာ syskey လို့ရိုက်လိုက် box တစ်ခုကျလာလိမ့်မယ်
အဲဒီမှာ encryption ကို enabled ဖြစ်နေအောင်ထား..
ပြီးတော့ Update ကိုနှိပ်..၊ Store startup key on floppy disk ကိုရွေးပါ.. > OK နှိပ်
Box သုံးခုကျလာလိမ့်မယ် OK ကြီးဘဲနှိပ်..
ပြီးရင် restart ချကြည့်လိုက်..
Box တစ်ခုကျလာလိမ့်မယ် Insert a key ဘာညာဘာညာ.. ဆိုပြီးတော့
အဲဒီမှာ stick မရှိရင် windows ထဲဝင်မရတော့ဘူး..
သေချာ သတိထားရမှာက Stick ထဲက Startkey.Key ဆိုတယ့် File ကို မဖျက်မိစေနဲ့နော်
ပြီးတော့ Avira က ထအော်ရင်လည်း Skip လုပ်ဖို့ မမေ့နဲ့ဦး
ပါသွားဦးမယ်

eliza- Sailoar
- Posts : 1
Join date : 2010-02-21
ပြန်ဖြေပေးပါအုံး
အကို keys ထဲတာကတော့ ဟုတ်ပါပြီ ပြန်ပြီးတော့  ဖျက်ချင်ရင်ကော ဘယ်လိုလုပ်ရမလဲ
ပြန်ပြောပေးပါအုံး
ပြန်ပြောပေးပါအုံး
Shock- Sailoar
- Posts : 3
Join date : 2010-02-23
Re:ံHardware
Shock wrote:အကို keys ထဲတာကတော့ ဟုတ်ပါပြီ ပြန်ပြီးတော့  ဖျက်ချင်ရင်ကော ဘယ်လိုလုပ်ရမလဲ
ပြန်ပြောပေးပါအုံး
လွယ်ပါတယ် ဘယ်လိုမှဖြေရှင်းလို့မရရင် Format ချလိုက်ပါ အဆင်ပြေသွားပါလိမ့်မယ်
ကိုကိုဖုန်း
Windows XP မှာ Start Up နှင့် Shutdown ကို မြန်အောင်လုပ်နည်း
XP အသုံးပြုသူတွေ အတွက် အသုံးဝင်မယ်ထင်လို့ ဒီပိုစ့်လေးကို တင်လိုက်တာပါ…။
အရင်ဆုံး start မြန်အောင်လုပ်နည်းကို ဆွေးနွေးပါ့မယ်….။
ထုံးစံအတိုင်း start Run (or) win + R ကို သွားလိုက်ပါ…။
Run Box တွင် regedit ကိုရိုက်ထည့်ပြီး ok ပေးလိုက်ပါ.။
ပေါ်လာတဲ့ Register Editor Box မှာ အောက်မှာရေးးထားတဲ့ အတိုင်း အဆင့်ဆင့်သွားလိုက်ပါ...။
HKEY_LOCAL_MACHINE >> SYSTEM >> CurrentControlSet >> Control >> Session Manager >>
Memory Management >> Prefetchparameters ဆိုတာကို double click ပေးလိုက်ပါ..။
ဘေးက Box ထဲမှာ EnablePrefetcher ဆိုတာကိုလိုက်ရှာပြီး right click >> Modify >> Value data မှာ 3 နေရာမှာ 5 လို့ပြောင်းပြီး ok
ပေးလိုက်ပါ ..။ ဒါဆိုရင် start မြန်အောင် လုပ်နည်းပြီးပါပြီ...။
နောက်တစ်ခု Shutdown မြန်အောင်လုပ်နည်းကို ဆွေးနွေးပါမယ်.. ။
အရင်ဆုံး အပေါ်က အတိုင်းပဲ start Run (or) win + R ကို သွားလိုက်ပါ…။
Run Box တွင် regedit ကိုရိုက်ထည့် ok ပေးပြီး
အောက်မှာ ရေးထားတဲ့ အတိုင်း အစဉ်လိုက်လုပ်ကြည့်ပါ...။
HKEY_CURRENT_USER>> Control Panel >> Desktop ထိရောက်အောင်သွားပါ..
ဘေးက Box မှာ AutoEndTasks ဆိုတာကိုရှာပြီး Value data မှာ 1 ပြောင်းပေးလိုက်
HungAppTimeout နဲ့ WaitToKillAppTimeout နှစ်ခုလုံးကို 1000 လို့ပြောင်းပေးလိုက်ပါ..။
အရမ်းကြီးမြန်ချင်တယ်ဆိုရင်တော့ ကိုယ်စိတ်ကြိုက် ပြောင်းကြည့်ပေါ့ ကျနော်ကတော့ 1000 လို့ပဲပြောင်းထားပါတယ်..။ နှစ်ခုလုံး လုပ်ပြီးပြီဆိုရင်တော့
ကွန်ပျူတာကို restart ချလိုက်ပါခင်ဗျာ…။
တက်တာရော ကျတာပါ..မြန်မြန်ဆန်ဆန်ဖြစ်နေတာကို တွေ့ရမှာပါ ..

Permissions in this forum:
You cannot reply to topics in this forum
|
|