Delta FC Fan Member Forum

Join the forum, it's quick and easy

Delta FC Fan Member Forum
Delta FC Fan Member Forum
Would you like to react to this message? Create an account in a few clicks or log in to continue.

နောက်ဆုံးရ ပရီးမီးယားလိဂ် ပွဲကြိုအထောက်အကူပြုအချက်များ

Go down

နောက်ဆုံးရ ပရီးမီးယားလိဂ် ပွဲကြိုအထောက်အကူပြုအချက်များ Empty နောက်ဆုံးရ ပရီးမီးယားလိဂ် ပွဲကြိုအထောက်အကူပြုအချက်များ

Post  uaunggyi Sat Mar 13, 2010 8:30 am

ဟူးလ်စီးတီး vs အာဆင်နယ်

ဟူးလ်စီးတီးနောက်ခံလူ အန်ဒီဒေါ်ဆန်သည် ပန်းနာရောဂါမှပြန်လည်သက်သာလာပြီဖြစ်သော ကြောင့် အာဆင်နယ်နှင့်ပွဲတွင် ပြန်လည်ပါဝင်လာဖွယ်ရှိသည်။ ဟူးလ်စီးတီးအသင်း၌ စတီဗင် ဟန့် ခြေဖဝါးဒဏ်ရာရရှိနေသကဲ့သို့ ခရိတ်ဖာဂန်သည် ပွဲပယ်ပြစ်ဒဏ်မှလွတ်ကင်းသွားပြီဖြစ် သောကြောင့် ပထမကစားသမားအဖြစ်ပါဝင်လာဖွယ်ရှိသည်။ အာဆင်နယ်အသင်း၌ အသင်းခေါင်း ဆောင် ဖာဘရီဂတ်စ် တံကောက်ကြောဒဏ်ရာရရှိနေသကဲ့သို့ တောင်ပံကစားသမား ရိုဆစ်စကီး သည်လည်း ပေါင်ခြံဒဏ်ရာကြောင့် အနားယူနေရသည်။ အာဆင်နယ်နောက်ခံလူ ဆိုးလ်ကမ့်ဘဲလ် ကြံ့ခိုင်မှုပြန်လည်ပြည့်ဝလာသော်လည်း နောက်ခံလူ ဆက်ဂ်နာနှင့် အဲလက်စ်ဆောင်းတို့ ပါဝင်နိုင် မည်မဟုတ်ကြောင်းသိရသည်။

လီဗာပူး vs ပို့စ်မောက်

ခြေကျင်းဝတ်ဒဏ်ရာကြောင့် လိုင်လီနှင့်ကစားခဲ့သော ယူရိုပါလိဂ်ပွဲစဉ်ကို လွဲချော်ခဲ့သည့် လီဗာပူးတောင်ပံကစားသမားဘီနာယောင်သည် ဒဏ်ရာမှပြန်သက်သာလာသော်လည်း ကြံ့ခိုင်မှု ပြည့်ဝမှုရှိ မရှိစစ်ဆေးခံရမည်ဖြစ်ကြောင်း သိရသည်။ လီဗာပူးအသင်း၌ အော်ရယ်လီယိုနှင့် စကာတယ်တို့ ဒဏ်ရာရနေသော်လည်း လိုင်လီနှင့်ပွဲတွင် ပြန်လည်ပါဝင်ခဲ့သော ကွင်းလယ်ကစား သမား ရိုဒရီဂွတ်ဇ်သည် ပထမကစားသမားအဖြစ်ပွဲထွက်လာဖွယ်ရှိသည်။ ပို့စ်မောက်အသင်း၌ မိုကိုနာ၊ ဗန်ဒန်ဘော်ရီနှင့် တွမ်မီစမစ်တို့ ဒဏ်ရာမှပြန်သက်သာလာသော်လည်း ပါဝင်ကစားရန် မသေချာသေးကြောင်းသိရသည်။

စတုတ်စီးတီး vs အက်စတွန်ဗီလာ

ဘန်လေနှင့်ကစားခဲ့သောပွဲစဉ်အား လွဲချော်ခဲ့သည့်စတုတ်စီးတီးတိုက်စစ်မှူး ရီကာဒိုဖူလာသည် အက်စတွန်ဗီလာနှင့်ပွဲတွင် ပြန်လည်ပါဝင်လာနိုင်ဖွယ်ရှိသော်လည်း ဝီလန်၊ ဟက်ဂျင်ဘော့ဟမ်နှင့် ဂျိမ်းဘီဒီတို့ပါဝင်ရန်မသေချာသေးကြောင်းသိရသည်။ အဖျားရောဂါကြောင့် ရီးဒင်းနှင့်ကစားခဲ့သည့် အက်ဖ်အေဖလားပွဲစဉ်အား လွဲချော်ခဲ့သော အက်စတွန်ဗီလာတိုက်စစ်မှူး အဘွန်လာဟောသည် စတုတ်စီးတီးနှင့်ပွဲတွင် ပြန်လည်ပါဝင်လာဖွယ်ရှိသည်။ အက်စတွန်ဗီလာအသင်း၌ ခြေဖဝါးဒဏ်ရာ ရနေသော ဟေးဝုဒ်နှင့် ခြေကျင်းဝတ်ဒဏ်ရာရနေသော ရီယိုကိုကာတို့အနားယူနေရကြောင်းသိရ သည်။

မန်ယူ vs ဖူလ်ဟမ်

ပွဲပယ်ပြစ်ဒဏ်မှလွတ်ကင်းသွားပြီဖြစ်သော မန်ယူကွင်းလယ်လူ မိုက်ကယ်ကာရစ်သည် ဖူလ်ဟမ်နှင့်ကစားမည့်ပွဲတွင် ပေါလ်စခိုးလ်၏နေရာ၌ ပါဝင်ကစားဖွယ်ရှိသည်။ မန်ယူအသင်း၌ အန်ဒါဆန်(ဒူး)၊ ဟားဂရေ့ဗ်(ဒူး)၊ ဝက်စ်ဘရောင်း(တံကောက်ကြော)၊ ဂစ်(လက်မောင်း)၊ အိုရှီးယား (ပေါင်)နှင့် အိုဝင်(တံကောက်ကြော)တို့ ဒဏ်ရာကြောင့်အနားယူနေရသည်။ ဒူးဒဏ်ရာကြောင့် (၂)လခန့်အနားယူခဲ့ရသော ဖူလ်ဟမ်ကစားသမား ဒမ့်ဆေးလ်သည် မန်ယူနှင့်ပွဲတွင် ပြန်လည် ပါဝင်လာဖွယ်ရှိသည်။ ဖူလ်ဟမ်အသင်း၌ ကွင်းလယ်ကစားသမား မာဖီသည် ပေါင်ခြံဒဏ်ရာကြောင့် အနားယူနေရသကဲ့သို့ နစ်ကီရှိုရေးနှင့် အိုကာကာတို့လည်း ပါဝင်နိုင်မည်မဟုတ်ကြောင်းသိရသည်။ ဖူလ်ဟမ်အသင်း၌ ဂျွန်ဆင်နှင့် ပန့်ဆေးလ်တို့သည် ဒဏ်ရာကြောင့်အနားယူနေရပြီး ဒီဂါကိုသည် ခြေကျင်းဝတ်ဒဏ်ရာကြောင့် မန်ယူနှင့်ပွဲတွင် ပါဝင်ကစားနိုင်ရန် မသေချာပေ။

ချဲလ်ဆီး vs ဝက်စ်ဟမ်း

ချဲလ်ဆီးအသင်း၌ ကွင်းလယ်ကစားသမား ဘောလက်နှင့် နောက်ခံလူ ဘယ်လက်တီတို့ ပွဲပယ်ပြစ်ဒဏ်မှ လွတ်ကင်းသွားပြီဖြစ်သောကြောင့် ဝက်စ်ဟမ်းနှင့်ပွဲတွင် ပထမကစားသမားအဖြစ် ပွဲထွက်လာဖွယ်ရှိသည်။ ခြေထောက်ဒဏ်ရာရနေသော ချဲလ်ဆီးနောက်ခံလူ ကာဗယ်ဟိုသည် ဝက်စ်ဟမ်းနှင့်ပွဲတွင် ပါဝင်နိုင်ရန်ကြံ့ခိုင်မှုစစ်ဆေးရမည်ဖြစ်ကြောင်းသိရသည်။ သို့သော် ခြေသလုံး ဒဏ်ရာမှ ပြန်လည်သက်သာလာသော ချဲလ်ဆီးနောက်ခံလူ ဇိုင်ယာကော့ဗ်သည် ပထမကစား သမားအဖြစ် ပြန်ပါဝင်လာဖွယ်ရှိသည်။ ဝက်စ်ဟမ်းအသင်း၌ မက်ကာသီနှင့် ဂက်ဘီဒန်တို့သည် ဒဏ်ရာမှ အသီးသီးပြန်လည်သက်သာလာပြီဖြစ်သောကြောင့် ချဲလ်ဆီးနှင့်ပွဲတွင် ပြန်လည်ပွဲထွက် လာနိုင်သည်။ သို့သော် ဝက်စ်ဟမ်းနောက်ခံလူ ဖရုပတ်နှင့် ဟီရီတာတို့သည် ဒဏ်ရာကြောင့် အနားယူနေရကြောင်းသိရသည်။

ဆန်းဒါးလန်း vs မန်စီးတီး

ဆန်းဒါးလန်းအသင်းခေါင်းဆောင် လိုရစ်ကာနာသည် အဝါကတ်ပြစ်ဒဏ်(၁ဝ)ကြိမ်ပြည့်သွားပြီ ဖြစ်သောကြောင့် မန်စီးတီးနှင့်ပွဲတွင် ပွဲပယ်ပြစ်ဒဏ်ကျခံရမည်ဖြစ်သည်။ ဆန်းဒါးလန်းအသင်း၌ တံကောက်ကြောဒဏ်ရာရနေသော အန်ဒီရိဒ်နှင့် ခြေကျင်းဝတ်ဒဏ်ရာရနေသော ဟန်ဒါဆန်တို့ ပြန်လည်ပါ ဝင်လာနိုင်သကဲ့သို့ ဒေးဗစ်မေလာသည်လည်း ပွဲပယ်ပြစ်ဒဏ်မှ လွတ်ကင်းသွားပြီဖြစ် သောကြောင့် မန်စီးတီးနှင့်ပွဲတွင် ပထမကစားသမားအဖြစ် ပွဲထွက်လာဖွယ်ရှိသည်။ မန်စီးတီး ကွင်းလယ်ကစားသမား ဗီအဲရာသည် ပွဲပယ်ပြစ်ဒဏ်မှ လွတ်ကင်းသွားပြီဖြစ်သော်လည်း တိုက်စစ်မှူး အဒီဘာယောသည် ပွဲပယ်ပြစ်ဒဏ်ကြောင့် အနားယူနေရသည်။

uaunggyi
Site Developer
Site Developer

Posts : 15
Join date : 2010-03-03

Back to top Go down

နောက်ဆုံးရ ပရီးမီးယားလိဂ် ပွဲကြိုအထောက်အကူပြုအချက်များ Empty နောက်ဆုံးရ ပရီးမီးယားလိဂ် ပွဲကြိုအထောက်အကူပြုအချက်များ

Post  uaunggyi Sat Mar 13, 2010 8:33 am

Post  uaunggyi Sat Mar 20, 2010 6:58 am

ဖူလ်ဟမ် vs မန်စီးတီး

ဖူလ်ဟမ်အသင်း၌ ပွဲပယ်ပြစ်ဒဏ်မှလွတ်ကင်းသွားပြီဖြစ်သော ဂျွန်နသန်ဂရင်းနှင့် မာဖီတို့ မန်စီးတီးနှင့်ပွဲတွင် ပြန်ပါဝင်လာမည်ဖြစ်သည်။ သို့သော် အန်ဒရူးဂျွန်ဆင်နှင့် ပန့်ဆေးလ်တို့ ဒူးဒဏ်ရာကြောင့်ပါဝင်နိုင်မည်မဟုတ်သကဲ့သို့ အီတူဟူနှင့် ဒေးဗစ်အီလန်တို့ ဒဏ်ရာရနေသော ကြောင့် မန်စီးတီးနှင့်ပွဲအား လွဲချော်ဖွယ်ရှိသည်။ မန်စီးတီးနောက်ခံလူ ဝိန်းဘရစ်ခ်ျဒဏ်ရာရနေသော ကြောင့် ¤င်း၏နေရာတွင် ဂျာဗီးယားဂါရီဒိုပါဝင်ကစားဖွယ်ရှိသည်။ ထို့ပြင် မန်စီးတီးအသင်း၌ တိုက်စစ်မှူးအဒီဘာယောပွဲပယ်ခံထားရပြီး ပီထရော့ဗ်နှင့် မိုက်ကယ်ဂျွန်ဆင်တို့သည်လည်း ဒဏ်ရာ ကြောင့် အနားယူနေရသည်။

မန်ယူ vs လီဗာပူး

လက်မောင်းရိုးကျိုးဒဏ်ရာမှ ပြန်လည်သက်သာလာသော မန်ယူတောင်ပံကစားသမား ရိုင်ယန် ဂစ်သည် လီဗာပူးနှင့်ပွဲတွင် ပြန်လည်ပွဲထွက်လာဖွယ်ရှိသည်။ ဒဏ်ရာကြောင့် ကာလရှည်အနား ယူနေရသော မန်ယူကွင်းလယ်လူ အိုဝင်ဟားဂရေ့ဗ်သည် လေ့ကျင့်ခန်းပြန်ဆင်းနေပြီဖြစ်သော်လည်း ကြံ့ခိုင်မှုပြည့်ဝရန်လိုအပ်နေသောကြောင့် လီဗာပူးနှင့်ပွဲတွင် ပါဝင်ကစားနိုင်မည်မဟုတ်ပေ။ လီဗာ ပူးအသင်း၌ စကာတယ်နှင့် အော်ရယ်လီယိုတို့ ဒဏ်ရာရနေသကဲ့သို့ ကွင်းလယ်ကစားသမား အကွီလာနီသည်လည်း ဒဏ်ရာကြောင့်အနားယူနေရသည်။ မန်ယူအသင်း၌ ဒဏ်ရာရနေသော ဂျွန်နီအီဗန်နှင့် ရာဖေးလ်တို့ပါဝင်ကစားရန်မသေချာသကဲ့သို့ အန်ဒါဆန်၊ ဝက်စ်ဘရောင်း၊ အိုရှီးယား နှင့်အိုဝင်တို့ အနားယူနေရသည်။

ဘလက်ဘန်း vs ချဲလ်ဆီး

ဘလက်ဘန်းဂိုးသမား ရော်ဘင်ဆင်သည်ြ<ွကက်သားစုတ်ပြဲသည့်ဒဏ်ရာကြောင့် ချဲလ်ဆီးနှင့် ပွဲအား လွဲချော်မည်ဖြစ်သည်။ ထို့ပြင် ဘလက်ဘန်းအသင်း၌ ရိုင်ယန်နယ်ဆင်၊ ဒီဆန်တို့စ်နှင့် ဂီဗက်တို့လည်း ဒဏ်ရာကြောင့်ပါဝင်ကစားနိုင်မည်မဟုတ်ပေ။ ချဲလ်ဆီးဂိုးသမားများဖြစ်သော ပီတာ ချက်နှင့် ဟီလာရီယိုတို့ လေ့ကျင့်ခန်းပြန်ဆင်းနေပြီဖြစ်သောကြောင့် ဘလက်ဘန်းနှင့်ပွဲတွင် ပါဝင်လာဖွယ်ရှိသည်။ ချဲလ်ဆီးတိုက်စစ်မှူး ဒရော့ဘာသည် ပွဲပယ်ပြစ်ဒဏ်ကြောင့် ဘလက် ဘန်းနှင့်ပွဲအား လွဲချော်မည်ဖြစ်သည်။ ချဲလ်ဆီးအသင်း၌ ဘိုဆင်ဝါ(ဒူး)၊ အက်ရှ်လေကိုးလ် (ခြေကျင်းဝတ်)နှင့် အက်ဆီယန်(ဒူး)တို့ ဒဏ်ရာကြောင့် အနားယူနေရသည်။

အာဆင်နယ် vs ဝက်စ်ဟမ်း

အာဆင်နယ်အသင်းခေါင်းဆောင် ဖာဘရီဂတ်စ်သည် ဒဏ်ရာမှပြန်လည်သက်သာလာပြီ ဖြစ်သောကြောင့် ဝက်စ်ဟမ်းနှင့်ပွဲတွင် ပြန်ပါဝင်လာနိုင်သည်။ ထို့ပြင် အာဆင်နယ်ကွင်းလယ် ကစားသမား ရိုဆစ်စကီးသည်လည်း ပထမကစားသမားအဖြစ်ပွဲထွက်လာနိုင်သကဲ့သို့ နောက်ခံလူ အဲလက်စ်ဆောင်းသည်လည်း ပွဲပယ်ပြစ်ဒဏ်မှ လွတ်ကင်းသွားပြီဖြစ်သောကြောင့် ဝက်စ်ဟမ်းနှင့် ပွဲတွင် ပါဝင်ကစားဖွယ်ရှိသည်။ ဝက်စ်ဟမ်းအသင်း၌ ဒဏ်ရာမှပြန်သက်သာလာသော ဟီရီတာ အယ်လန်ဂါနှင့် မာ့ခ်နိုဗယ်တို့ အာဆင်နယ်နှင့်ပွဲတွင် ပြန်ပါဝင်လာဖွယ်ရှိသည်။ ထို့ပြင် မက်ကာသီ နှင့် ဖရန်ကိုတို့ လေ့ကျင့်ခန်းပြန်ဆင်းနေပြီဖြစ်သောကြောင့် အာဆင်နယ်နှင့်ပွဲတွင် ပါဝင်လာဖွယ် ရှိသည်။ အာဆင်နယ်အသင်း၌ ဒီဂျိုရူး(ဒူး)၊ ဂါးလက်စ်(ခြေသလုံး)၊ ဂစ်ဘ်(ခြေဖဝါး)၊ ရမ်ဆေး (ခြေထောက်)နှင့် ဗန်ပါစီ(ခြေကျင်းဝတ်)တို့ ဒဏ်ရာကြောင့်ပါဝင်နိုင်မည်မဟုတ်ပေ။ ဝက်စ်ဟမ်း အသင်း၌ ပွဲပယ်ပြစ်ဒဏ်ခံထားရသော ဒါကော့စတာသည် အာဆင်နယ်နှင့်ပွဲအား လွဲချော်မည် ဖြစ်သည်။

အက်စတွန်ဗီလာ vs ဝုဖ်
အက်စတွန်ဗီလာတိုက်စစ်မှူး အဘွန်လာဟောသည် ပေါင်ခြံဒဏ်ရာမှ ပြန်လည်သက်သာလာပြီ ဖြစ်သောကြောင့် ဝုဖ်နှင့်ပွဲတွင် ပထမကစားသမားအဖြစ်ပွဲထွက်လာဖွယ်ရှိသည်။ ဒီဇင်ဘာလကတည်း က အနားယူခဲ့ရသော ဝုဖ်ကွင်းလယ်ကစားသမား အက်ဝပ်သည် အက်စတွန်ဗီလာနှင့်ပွဲတွင် ပြန်ပါဝင်လာဖွယ်ရှိသည်။ ထို့ပြင် ဘရစ္စတိုးသို့အငှားဖြင့်သွားရောက်ကစားခဲ့သော ဝုဖ်တိုက်စစ်မှူး ခရစ်အီဝီလူမိုသည်လည်း အသင်း၌ပြန်ပါဝင်လာဖွယ်ရှိသည်။ အက်စတွန်ဗီလာအသင်း၌ ဟာရီဝုဒ် (ခြေဖဝါး)နှင့် ရီယိုကိုကာ(ခြေကျင်းဝတ်)တို့ ဒဏ်ရာကြောင့်အနားယူနေရသည်။

အဲဗာတန် vs ဘော်လ်တန်
အဲဗာတန်အသင်း၌ ဖယ်လိုင်နီ(ခြေကျင်းဝတ်)၊ အော့စမန်(ပေါင်ခြံ)နှင့် ဆန်းဒရို့စ်(တင်ပါး) တို့ ဒဏ်ရာကြောင့်အနားယူနေရသည်။ ထို့ပြင် အဲဗာတန်ကွင်းလယ်ကစားသမား ဒိုနိုဗန်သည်လည်း ဂလက်ဇီသို့ပြန်သွားပြီဖြစ်သောကြောင့် ကွင်းလယ်အားနည်းနေနိုင်သည်။ လက်မောင်းဒဏ်ရာကြောင့် ရက်သတ္တပတ် (၆)ပတ်ခန့် အနားယူခဲ့ရသော ဘော်လ်တန်နောက်ခံလူ ဂယ်ရီကာဟေးလ်သည် လေ့ကျင့်ခန်းပြန်ဆင်းနေပြီဖြစ်သောကြောင့် အဲဗာတန်နှင့်ပွဲတွင် ပြန်လည်ပွဲထွက်လာနိုင်သည်။ ဘော်လ်တန်အသင်း၌ ပွဲပယ်ပြစ်ဒဏ်မှလွတ်ကင်းသွားပြီဖြစ်သော ဆမ်ရစ်ကတ်နှင့် ဒဏ်ရာမှ ပြန်သက်သာလာသော မာ့ခ်ဒါဗီးစ်တို့ အဲဗာတန်နှင့်ပွဲတွင် ပြန်ပါဝင်လာဖွယ်ရှိသည်။ ဘော်လ်တန် အသင်း၌ ဘက်ဟမ်(ဒူး)၊ ဒါဗစ်(ဒူး)၊ အိုဘရိန်း(ဒူး)၊ ဟော်ဒန်(ခြေထောက်)နှင့် မက်ကန်(ခြေ ကျင်းဝတ်)တို့ ဒဏ်ရာကြောင့် အနားယူနေရသည်။

uaunggyi
Site Developer
Site Developer

Posts : 15
Join date : 2010-03-03

Back to top Go down

နောက်ဆုံးရ ပရီးမီးယားလိဂ် ပွဲကြိုအထောက်အကူပြုအချက်များ Empty နောက်ဆုံးရ ပရီးမီးယားလိဂ် ပွဲကြိုအထောက်အကူပြုအချက်များ

Post  uaunggyi Sat Mar 27, 2010 5:29 am

ဘာမင်ဂမ် vs အာဆင်နယ်

ဘာမင်ဂမ်ကစားသမားများဖြစ်သော အိုကွန်နာသည် ပေါင်ခြံဒဏ်ရာရနေသကဲ့သို့ လီကာစလေ သည်လည်း ခြေကျင်းဝတ်ဒဏ်ရာရနေသောကြောင့် အာဆင်နယ်နှင့်ပွဲအား လွဲချော်မည်ဖြစ်သည်။ ထို့ပြင် ဘာမင်ဂမ်ကွင်းလယ်လူ မာဖီသည် တံကောက်ကြောဒဏ်ရာမှ ပြန်လည်သက်သာလာ သော်လည်း ထပ်မံအနားယူရမည်ဖြစ်ကြောင်းသိရသည်။ ဝက်စ်ဟမ်းနှင့်ပွဲတွင် အနီကတ်ပြခံခဲ့ရ သော အာဆင်နယ်နောက်ခံလူ ဗာမဲလ်လန်းသည် ပွဲပယ်ပြစ်ဒဏ်ခံနေရသည်။ ထို့ပြင် အာဆင် နယ်တိုက်စစ်မှူး ဘန်တနာသည်လည်း ခြေကျင်းဝတ်ဒဏ်ရာကြောင့် ဘာမင်ဂမ်နှင့်ပွဲတွင် ပါဝင် ကစားရန် မသေချာသေးပေ။

ချဲလ်ဆီး vs အက်စတွန်ဗီလာ

ချဲလ်ဆီးနောက်ခံလူ ကာပယ်ဟိုသည် ခြေကျင်းဝတ်အရွတ်ကြောဒဏ်ရာကြောင့် အနားယူ နေရပြီး ¤င်းနေရာတွင် အဲလက်စ်ဝင်ရောက်ကစားဖွယ်ရှိသည်။ ခြေမျက်စိဒဏ်ရာရနေသော ချဲလ်ဆီးကွင်းလယ်ကစားသမား ဘောလက်သည် ဒဏ်ရာမှပြန်လည်သက်သာလာပြီဖြစ်သော ကြောင့် အက်စတွန်ဗီလာနှင့်ပွဲတွင် ပါဝင်လာဖွယ်ရှိသည်။ ခြေချောင်းဒဏ်ရာရနေသော အက်စ တွန်ဗီလာတိုက်စစ်မှူး အဘွန်လာဟောသည် ချဲလ်ဆီးနှင့်ပွဲအား လွဲချော်ဖွယ်ရှိပြီး ရစ်ချက်ဒန်း၊ မီနာနှင့် ဟတ်စကီးတို့ ဒဏ်ရာကြောင့်အနားယူနေရသည်။ ထို့ပြင် ခြေဖဝါးဒဏ်ရာရနေသော ဟာရီဝုဒ်နှင့် ခြေကျင်းဝတ်ဒဏ်ရာရနေသော ရီယိုကိုကာတို့လည်းဒဏ်ရာကြောင့် ချဲလ်ဆီးနှင့်ပွဲအား လွဲချော်ဖွယ်ရှိသည်။

စပါး vs ပို့စ်မောက်

ဖူလ်ဟမ်နှင့်ကစားခဲ့သော အက်ဖ်အေဖလားကွာတားဖိုင်နယ်ပွဲစဉ်တွင် စပါးအသင်း၌ ဘတ် ဆောင်း၊ ကော်လူကာ၊ ပါလာစီယိုနှင့် ပက်ဗလူချန်ကိုတို့ ဒဏ်ရာရရှိခဲ့ကြောင်းသိရသည်။ ထို့ပြင် စပါးတိုက်စစ်မှူး ဂျာမိန်းဒီဖိုးနှင့် တောင်ပံကစားသမား ဂျာမိန်းဂျီးနပ်စ်တို့ ဒဏ်ရာမှပြန်လည်သက် သာလာခြင်းမရှိသေးသောကြောင့် ပါဝင်ကစားနိုင်မည်မဟုတ်ပေ။ ပို့စ်မောက်အသင်း၌ ပါးရိုးကျိုး ဒဏ်ရာရရှိနေသော ရီကာဒိုရိုချာသည် စပါးနှင့်ပွဲတွင် ပါဝင်ကစားရန်မသေချာကြောင်းသိရသည်။ စပါးအသင်း၌ ဘန်ဟိန်း(ပေါင်ခြံ)၊ ဘိုအာတန်(ခြေကျင်းဝတ်)၊ ဘိုဘာဒီအော့ဖ်(ဒူး)၊ ဒင်ဒါနီနှင့် စမစ်(နှာခေါင်း)တို့ ဒဏ်ရာကြောင့် အနားယူနေရသည်။

လီဗာပူး vs ဆန်းဒါးလန်း

လီဗာပူးနောက်ခံလူ အော်ရယ်လီယိုသည် ပေါင်ြ<ွကွက်သားဒဏ်ရာကြောင့် အနားယူနေရပြီး စကာတယ်သည်လည်း ခြေဖဝါးဒဏ်ရာကြောင့် ပါဝင်နိုင်မည်မဟုတ်ပေ။ သို့သော် အဖျားရောဂါမှ ပြန်လည်သက်သာလာသော လီဗာပူးကွင်းလယ်ကစားသမား အကွီလာနီသည် ပထမကစားသမား အဖြစ် ပြန်လည်ပွဲထွက်လာဖွယ်ရှိသည်။ အက်စတွန်ဗီလာနှင့်ကစားခဲ့သောပွဲတွင် ဒူးဒဏ်ရာရခဲ့ သော ဆန်းဒါးလန်းနောက်ခံလူ မန်ဆပ်သည် လီဗာပူးနှင့်ပွဲတွင်ပါဝင်နိုင်ရန် မသေချာသေးပေ။ ဆန်းဒါးလန်းအသင်း၌ တင်ပါးဒဏ်ရာရနေသော ဂျူံးနှင့် တံကောက်ကြောဒဏ်ရာရနေသော ရိဒ်တို့ အနားယူနေရပြီး ဒဏ်ရာမှပြန်သက်သာလာသော ကီဝန်ဂျူံး ပြန်ပါဝင်လာဖွယ်ရှိသည်။

ဘော်လ်တန် vs မန်ယူ

ဘော်လ်တန်နောက်ခံလူ ဂယ်ရီကာဟေးလ်သည် လက်မောင်းဒဏ်ရာမှ ပြန်လည်သက်သာ လာပြီဖြစ်သောကြောင့် မန်ယူနှင့်ပွဲတွင် ပါဝင်လာဖွယ်ရှိသည်။ အဲဗာတန်နှင့်ပွဲတွင် ပွဲပယ်ပြစ်ဒဏ် ခံခဲ့ရသော ဘော်လ်တန်နောက်ခံလူ စတိန်းဆန်သည် မန်ယူနှင့်ပွဲအားလွဲချော်ဖွယ်ရှိသည်။ မန်ယူ တိုက်စစ်မှူး ရွန်နေး ဒူးဒဏ်ရာရရှိနေသည်ဆိုသည့်သတင်းအား နည်းပြဖာဂူဆန်က ငြင်းဆိုခဲ့ ကြောင်းသိရသည်။ ဒူးဒဏ်ရာမှပြန်လည်သက်သာလာပြီဖြစ်သော အိုဝင်ဟားဂရေ့ဗ်သည် ကြံ့ခိုင် မှုမပြည့်ဝသေးသောကြောင့် မန်ယူအသင်းတွင် ပါဝင်နိုင်မည်မဟုတ်ပေ။ မန်ယူအသင်း၌ အန်ဒါ ဆန်(ဒူး)၊ ဘရောင်း(တင်ပါး)၊ အိုရှီးယား(ပေါင်)နှင့် အိုဝင်(တံကောက်ကြော)တို့ ဒဏ်ရာကြောင့် အနားယူနေရသည်။

မန်စီးတီး vs ဝီဂန်

အဲဗာတန်အားရှုံးနိမ့်ခဲ့သောပွဲတွင် ဒဏ်ရာရရှိခဲ့သော မန်စီးတီးကွင်းလယ်ကစားသမား အိုင် ယာလန်သည် ဝီဂန်နှင့်ပွဲတွင်ပါဝင်ကစားရန် မသေချာကြောင်းသိရသည်။ (၄)ပွဲပယ်ပြစ်ဒဏ်မှ လွတ်ကင်းသွားပြီဖြစ်သော မန်စီးတီးတိုက်စစ်မှူးအဒီဘာယောသည် ဝီဂန်နှင့်ပွဲတွင် ပြန်လည်ပါဝင် လာနိုင်သည်။ ဝီဂန်နောက်ခံလူ အီမာဆန်ဘွိုင်းသည် ပေါင်ခြံဒဏ်ရာရနေသကဲ့သို့ ဇော့ဘီယာ သည်လည်း တင်ပါးဒဏ်ရာကြောင့် မန်စီးတီးနှင့်ပွဲအားလွဲချော်ဖွယ်ရှိသည်။

ဝုဖ် vs အဲဗာတန်

ဝုဖ်အသင်း၌ နောက်ခံလူစတီဗင်ဝါ့ဒ်နှင့် ကွင်းလယ်ကစားသမား ဂူဒီယိုရာတို့ ပြန်လည်ပါ ဝင်လာဖွယ်ရှိသည်။ ဝုဖ်အသင်း၌ တောင်ပံကစားသမား နိုက်တလေတစ်ဦးသာ ဒဏ်ရာကြောင့် အနားယူနေရသည်။ ပေါင်ြ<ွကက်သားဒဏ်ရာနေသော အဲဗာတန်ဂိုးသမား တင်ဟောင်းဝပ်ဘ်သည် ကြံ့ခိုင်မှုမပြည့်ဝသေးသော်ကြောင့် ပါဝင်နိုင်ရန်မသေချာသေးပေ။ ထို့ပြင် အဲဗာတန်ကွင်းလယ်ကစား သမား တင်ကာဟေးလ်နှင့် ရော့ဝဲလ်တို့ ဒဏ်ရာရနေသော်လည်း ပါဝင်လာဖွယ်ရှိသည်။

uaunggyi
Site Developer
Site Developer

Posts : 15
Join date : 2010-03-03

Back to top Go down

နောက်ဆုံးရ ပရီးမီးယားလိဂ် ပွဲကြိုအထောက်အကူပြုအချက်များ Empty Re: နောက်ဆုံးရ ပရီးမီးယားလိဂ် ပွဲကြိုအထောက်အကူပြုအချက်များ

Post  Sponsored content

Sponsored content

Back to top Go down

Back to top

- Similar topics

Permissions in this forum:
You cannot reply to topics in this forum