Delta FC Fan Member Forum


Join the forum, it's quick and easy

Delta FC Fan Member Forum
Delta FC Fan Member Forum
Would you like to react to this message? Create an account in a few clicks or log in to continue.

ဘရာဇီးအသင်းတွင် ပြန်လည်ရွေးချယ်ခံရမည်ဟု ရော်နယ်ဒင်ဟိုယုံကြည်

Go down

ဘရာဇီးအသင်းတွင် ပြန်လည်ရွေးချယ်ခံရမည်ဟု ရော်နယ်ဒင်ဟိုယုံကြည် Empty ဘရာဇီးအသင်းတွင် ပြန်လည်ရွေးချယ်ခံရမည်ဟု ရော်နယ်ဒင်ဟိုယုံကြည်

Post  uaunggyi Sat Mar 13, 2010 8:44 am

၂ဝ၁ဝ ကမ္ဘာ့ဖလားပြိုင်ပွဲဝင် ဘရာဇီးအသင်း၌ ပြန်လည်ပါဝင်ခွင့်ရရန် ယုံ ကြည်မှုရှိကြောင်း အေစီမီလန်တိုက်စစ်မှူး ရော်နယ်ဒင်ဟိုကပြောကြားခဲ့သည်။ ရော်နယ် ဒင်ဟို၏ခြေစွမ်းကျဆင်းနေမှုကြောင့် ဘရာဇီး နည်းပြဒွန်ဂါက ¤င်းကို လက်ရွေးစင်အသင်းမှ ချန်လှပ်ထားခဲ့ခြင်းဖြစ်သည်။ 'အေစီမီလန်အ သင်းမှာ ခြေစွမ်းပြနိုင်ရင် ဘရာဇီးအသင်းမှာ ပါဝင်ခွင့်ရမှာပါ။ ကျွန်တော်ဟာ အကောင်းဆုံး ကစားနိုင်သေးတယ်ဆိုတာ သက်သေပြပြီး ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ဘရာဇီးအသင်းကို အ ထောက်အကူပြုနိုင်တယ်ဆိုတာ သက်သေပြဖို့ ရည်ရွယ်ထားပါတယ်။ ကျွန်တော်ဟာ အသက် (၁၅)နှစ်အရွယ်ကတည်းက လက်ရွေးစင်အ သင်းမှာတစ်ရာသီလုံးရွေးချယ်ခြင်းမခံရတာမရှိ ခဲ့လို့ ဘရာဇီးအသင်းမှာ ပြန်လည်ရွေးချယ်ခံရ မယ်လို့ယုံကြည်ပါတယ်။ ဘရာဇီးအသင်းအ တွက် ကစားပေးခဲ့တဲ့အချို့ ပွဲစဉ်တွေမှာ အသင်း ခေါင်းဆောင်အဖြစ်တာဝန်ယူခဲ့ရသလို လက်ရွေး စင်အသင်းမှာကစားရတဲ့အချိန်တိုင်း အကောင်း ဆုံးကြိုးစားခဲ့ပါတယ်။ ဘရာဇီးအသင်းမှာ ကွင်း လယ်ကစားသမားအဖြစ် ကစားပေးခဲ့ဖူးလို့ ကွင်း လယ်မှာကစားရရင်လည်း ပြဿနာမရှိပါဘူး။ လေ့ကျင့်ခန်းအနည်းငယ်ပြုလုပ်လိုက်ရင် ကွင်း လယ်မှာကောင်းကောင်းကစားနိုင်မှာပါ။ ကျွန် တော့်ရည်ရွယ်ချက်က ကမ္ဘာ့ဖလားပြိုင်ပွဲဝင် ဘရာဇီးအသင်းမှာပါဝင်ခွင့်ရဖို့ဖြစ်ပြီး လက်ရွေး စင်အသင်းမှာ ပြန်လည်ရွေးချယ်ခံရမယ်လို့ မျှော် လင့်ပါတယ်'ဟု ရော်နယ်ဒင်ဟိုက ပြောကြား ခဲ့သည်။ ရော်နယ်ဒင်ဟိုသည် ဘရာဇီးအသင်း အတွက် (၈၇)ပွဲကစားပေးခဲ့ပြီး (၃၂)ဂိုးသွင်းယူ ပေးခဲ့သူဖြစ်သည်။ ထို့ပြင် ရော်နယ်ဒင်ဟိုသည် ဘရာဇီးအသင်းနှင့်အတူ ကိုပါအမေရိကဖလား၊ ကမ္ဘာ့ဖလားနှင့် တိုက်ကြီးများဖလားများရရှိ အောင် အဓိက ကစားသမားတစ်ဦးအဖြစ် ပါဝင် ခြေစွမ်းပြခဲ့သူဖြစ်သည်။

uaunggyi
Site Developer
Site Developer

Posts : 15
Join date : 2010-03-03

Back to top Go down

Back to top


 
Permissions in this forum:
You cannot reply to topics in this forum