Delta FC Fan Member Forum


Join the forum, it's quick and easy

Delta FC Fan Member Forum
Delta FC Fan Member Forum
Would you like to react to this message? Create an account in a few clicks or log in to continue.

ဂလေဇာမိသားစုကို ဆန့်ကျင်နေသော ပရိသတ်များဘက်မှ ဘက်ဟမ်းရပ်တည်

Go down

ဂလေဇာမိသားစုကို ဆန့်ကျင်နေသော ပရိသတ်များဘက်မှ ဘက်ဟမ်းရပ်တည် Empty ဂလေဇာမိသားစုကို ဆန့်ကျင်နေသော ပရိသတ်များဘက်မှ ဘက်ဟမ်းရပ်တည်

Post  uaunggyi Sat Mar 13, 2010 8:46 am

မေဂျာလိဂ် ကလပ် ဂလက်ဇီအသင်းမှ အေစီမီလန်သို့ ဒုတိယအကြိမ် အငှားဖြင့် လာရောက်ကစား နေသော မန်ယူကစားသမား ဟောင်း ဘက်ဟမ်းသည် ချန်ပီယံလိဂ်(၁၆)သင်း အဆင့် ဒုတိယအကျော့ ပွဲစဉ်အဖြစ် အိုးထ ရက်ဖို့ဒ်ကွင်းသို့ ပြန်လည်လာ ရောက်ယှဉ်ပြိုင် ရာတွင် မန်ယူ အသင်းပိုင်ရှင် ဂလေဇာမိသား စုကို ဆန့်ကျင် လျက်ရှိသော မန်ယူပရိသတ်များနှင့်အတူ ပူးပေါင်းပါဝင်သွား ခဲ့ကြောင်းသိရသည်။ ဘက်ဟမ်းသည် ဂလေဇာ မိသားစုကို ဆန့်ကျင်လျက်ရှိသော မန်ယူ ပရိသတ်များကို ထောက်ခံသည့်အနေဖြင့် အစိမ်း နှင့်ရွှေရောင်လည်စီးပုဝါကို ¤င်း၏လည်ပင်း တွင်ရစ်ပတ်ထားသည်ကိုတွေ့ရသည်။ မန်ယူနှင့် ယှဉ်ပြိုင်ကစားရန် မန်ချက်စတာမြို့သို့ စတင် ရောက်ရှိစဉ်ကတည်းက မန်ယူပရိသတ်များ၏ လှိုက်လှဲစွာကြိုဆိုခြင်းခံခဲ့ရသော ဘက်ဟမ်းကို မန်ယူပရိသတ်များက အိုးထရက်ဖို့ဒ်ကွင်းထဲ တွင်လည်း ကြိုဆိုအားပေးမှုများပြုလုပ်ခဲ့ကြ သည်။ ဘက်ဟမ်းက 'မန်ယူပရိသတ်တစ် ယောက်ပီပီ ကျွန်တော်လုပ်ခဲ့တာပါ။ ကျွန်တော် က အမြဲတမ်းမန်ယူပရိသတ်တစ်ဦးဖြစ်နေမှာ ပါ'ဟု ပြောဆိုခဲ့သည်။ မန်ယူက အေစီမီလန် ကို ၄-ဝ ဖြင့် အနိုင်ရခဲ့သည့် အဆိုပါပွဲစဉ် (၆၄)မိနစ်တွင် ဘက်ဟမ်းဝင်ရောက်ကစားခဲ့ပြီး မန်ယူပရိသတ်များက လှိုက် လှဲစွာကြိုဆိုမှုကြောင့် ကျေးဇူး တင်ကြောင်း၊ အသင်းရှုံးနိမ့်မှု ကြောင့် စိတ်ပျက်ရသော်လည်း အိုးထရက်ဖို့ဒ်ကွင်းသို့ ပြန်လာ ရခြင်းသည် ထူးခြားမှုတစ်ခုအ ဖြစ် အမြဲတမ်းရှိနေမည်ဖြစ် ကြောင်း ဘက်ဟမ်းကဆက် လက်ပြောဆိုသွားခဲ့သည်။

uaunggyi
Site Developer
Site Developer

Posts : 15
Join date : 2010-03-03

Back to top Go down

Back to top


 
Permissions in this forum:
You cannot reply to topics in this forum