Delta FC Fan Member Forum


Join the forum, it's quick and easy

Delta FC Fan Member Forum
Delta FC Fan Member Forum
Would you like to react to this message? Create an account in a few clicks or log in to continue.

ဒယ်လ်တာ အကြောင်း ကြားသိရသမျှ

2 posters

Go down

ဒယ်လ်တာ အကြောင်း ကြားသိရသမျှ Empty ဒယ်လ်တာ အကြောင်း ကြားသိရသမျှ

Post  ဒင်ကြီး Fri Mar 05, 2010 10:08 am

ဒယ်လ်တာ ဂိုးသမား သီဟစည်သူကို ရန်ကုန် ယူနိုက်တက် တရားဝင် ကမ်းလှမ်းထား


ရန်ကုန် ယူနိုက်တက် အသင်းသည် ဒယ်လ်တာ ယူနိုက်တက် အသင်း ဂိုးသမား ဖြစ်သူ သီဟစည်သူအား ခေါ်ယူရန် တရားဝင် ကမ်းလှမ်း ထားကြောင်း သိရသည်။

ရန်ကုန် ယူနိုက်တက် အသင်းသည် မြန်မာ့ လက်ရွေးစင် ဂိုးသမား ဖြစ်သူ သီဟစည်သူအား ခေါ်ယူရန် အတွက် ပြီးခဲ့သည့် မတ်လ ၃ ရက်နေ့တွင် ဒယ်လ်တာ အသင်းထံသို့ တရားဝင် ကမ်းလှမ်းခဲ့ခြင်း ဖြစ်သည်။ ရန်ကုန် အသင်းဘက်မှ ကမ်းလှမ်းသော ပြောင်းရွှေ့ကြေးကို တာဝန် ရှိသူများက ထုတ်ဖော် ပြောဆိုရန် ငြင်းဆိုခဲ့သော်လည်း ကျပ် သိန်း ၂၀၀ ပတ်ဝန်းကျင် ရှိနိုင်ကြောင်း သိရသည်။ ၎င်းတို့ အသင်းသည် ယခုရာသီ အကုန်တွင် ၀န်ကြီးဋ္ဌာနသို့ ပြန်ဖွယ် ရှိနေသော ဂိုးသမား အောင်အောင်ဦး၏ နေရာတွင် အစားထိုးရန် သီဟစည်သူကို စိတ်ဝင်စား နေခြင်းလည်း ဖြစ်သည်။ ရန်ကုန် ယူနိုက်တက် အသင်းသည် လာမည့် ဘောလုံးရာသီ၌ ချန်ပီယံဆု ရယူနိုင်ရေး အတွက် အင်အား ဖြည့်တင်း နေသည့် အသင်းဖြစ်ရာ ပြီးခဲ့သည့် ရက်ပိုင်းကလည်း ဇော်လင်းထွန်း(၂)၊ ကျော်ကိုကို၊ ခင်မောင်လွင် စသည့် မြန်မာ့ လက်ရွေးစင် ကစားသမား များကို လိုက်လံကမ်းလှမ်း ခဲ့ဖူးသည်။

ရန်ကုန် ယူနိုက်တက် အသင်းသည် ဒယ်လ်တာ ဂိုးသမား ကိုသာမက ဂိုးနည်းပြ ဖြစ်သူ ဦးအောင်ကျော်ကျော် ကိုပါ ခေါ်ယူရန် စိတ်ဝင်စား နေကြောင်း သိရသည်။ ဒယ်လ်တာ မန်နေဂျာ ဦးတင်မြင့်အောင်နှင့် ဂိုးနည်းပြ ဦးအောင်ကျော်ကျော် တို့သည် ကစားသမား ဘ၀ ကတည်းက ကလပ် အသင်း တွင်ရော လက်ရွေးစင် အသင်းတွင်ပါ လက်ရှိ ရန်ကုန် နည်းပြချုပ် ဦးမျိုးလှိုင်ဝင်းနှင့် အသင်းဖော်များ ဖြစ်ခဲ့သည်။ ထို့ပြင် ပြီးခဲ့သည့် AFC Challenge Cup 2010 ပြိုင်ပွဲတွင်လည်း ၎င်းတို့ ၃ ဦးစလုံး မြန်မာ့ လက်ရွေးစင် နည်းပြ အဖွဲ့ထဲတွင် ပါဝင်ခဲ့ကြ သူများ ဖြစ်သည်။

ဒင်ကြီး
Site Developer
Site Developer

Posts : 7
Join date : 2010-02-23

Back to top Go down

ဒယ်လ်တာ အကြောင်း ကြားသိရသမျှ Empty Re: ဒယ်လ်တာ အကြောင်း ကြားသိရသမျှ

Post  ဒင်ကြီး Fri Mar 05, 2010 10:10 am

မတ်လ ၄ ရက်နေ့မှ စတင်၍ ဒယ်လ်တာ အသင်းတွင် အောင်မျိုးသန့် လေ့ကျင့်ရေး စဆင်းမည်


ဇေယျာရွှေမြေ အသင်း၏ ကွင်းလယ် ကစားသမား ဖြစ်သူ အောင်မျိုးသန့်သည် ဒယ်လ်တာသို့ ပြောင်းရွှေ့ရန် သဘော တူညီမှု ရပြီ ဖြစ်သဖြင့် လာမည့် မတ်လ ၄ ရက်နေ့မှ စတင်ကာ လေ့ကျင့်ရေး ဆင်းတော့မည် ဖြစ်ကြောင်း သိရသည်။

မြန်မာ့ လက်ရွေးစင်ဟောင်း တစ်ဦး ဖြစ်သူ အောင်မျိုးသန့်သည် ဒယ်လ်တာ အသင်းသို့ ပြောင်းရွှေ့ရန် မတ်လ ၁ ရက်နေ့က သဘော တူညီမှု ရရှိခဲ့သူ ဖြစ်သည်။ သူသည် ဖေဖော်ဝါရီလ ကတည်းက ဒယ်လ်တာ အသင်းနှင့် ပုဂ္ဂိုလ်ရေး သဘော တူညီမှု ရရှိခဲ့ပြီး ဖြစ်သော်လည်း အသင်း နှစ်သင်းကြား ပြောင်းရွှေ့ကြေး ညှိနှိုင်းနေ သဖြင့် ယခုမှသာ တရားဝင် ပြောင်းရွှေ့ခွင့် ရခြင်း ဖြစ်သည်။ သူသည် မတ်လ ၄ ရက်နေ့တွင် ဒယ်လ်တာ အသင်း၏ လေ့ကျင့်ရေး အစီအစဉ် များ၌ စတင် ပါဝင်မည် ဖြစ်ရာ ယင်းနေ့တွင်ပင် စာချုပ်ပါ တပါတည်း ချုပ်ဆို သွားမည် ဖြစ်ကြောင်း သိရသည်။ သူသည် ဒယ်လ်တာ အသင်း တွင်လည်း ဇေယျာရွှေမြေ တွင်ကဲ့သို့ တစ်လ လစာ ကျပ် ၁၀ သိန်း ရရှိမည် ဖြစ်သည်။

“ကျွန်တော် မနက်ဖြန် ကနေစပြီး ဒယ်လ်တာမှာ လေ့ကျင့်ရေး စဆင်းပါမယ်။ အဲဒီနေ့မှာ စာချုပ်ပါ တခါတည်း ချုပ်မှာပါ။ ပြောင်းရွှေ့ကြေး ကတော့ သူဋ္ဌေး အချင်းချင်းကြား သူတို့ဘာသာ ညှိနှိုင်း သဘောတူတာ ဖြစ်လို့ ကျွန်တော် မသိပါဘူး။ ပရီမီးယား ကုမ္ပဏီ ဆိုတာ အရင်ကလည်း ဇေယျာရွှေမြေကို စပွန်ဆာ ပေးဖူးလို့ သူဋ္ဌေးချင်း ရင်းနှီး နေတာလေ။ ကျွန်တော့် အနေနဲ့ ကတော့ ဒယ်လ်တာ အသင်းကို ပြီးခဲ့တဲ့ နှစ်က ဒုတိယ ရခဲ့တဲ့ အောင်မြင်မှုထက် မနိမ့်တဲ့ အောင်မြင်မှု မျိုးကို ရယူပေးရင်း မြန်မာ့ လက်ရွေးစင် အသင်းမှာ ပြန်လည် ပါဝင်နိုင်ဖို့ ရည်မှန်းထား ပါတယ်”အောင်မျိုးသန့်က Soccer Myanmar ၀က်ဘ်ဆိုက်သို့ ပြောကြားခဲ့သည်။

ဒင်ကြီး
Site Developer
Site Developer

Posts : 7
Join date : 2010-02-23

Back to top Go down

ဒယ်လ်တာ အကြောင်း ကြားသိရသမျှ Empty Re: ဒယ်လ်တာ အကြောင်း ကြားသိရသမျှ

Post  ဒင်ကြီး Fri Mar 05, 2010 10:11 am

ဇေယျာရွှေမြေ၏ ပြည်တွင်း ကစားသမား (၇)ဦးအား အရောင်းစာရင်း တင်ထားသည်ဟုဆို


ဇေယျာရွှေမြေ အသင်းသည် ၎င်းတို့၏ ပြည်တွင်း ကစားသမား (၇)ဦးကို အရောင်းစာရင်း တင်ထားပြီး မည်သည့် အသင်းမဆို လာရောက် ဆွေးနွေး ညှိနှိုင်း နိုင်ကြောင်း ဖိတ်ခေါ်ထားသည်။

ဇေယျာရွှေမြေ အသင်းသည် လာမည့် ဘောလုံးရာသီတွင် ချန်ပီယံ ဆုကို ရယူနိုင်ရန် အတွက် အသင်းကို အားဖြည့် ပြင်ဆင် နေသည်ဟု သိရပြီး နိုင်ငံခြားသား ကစားသမား များကို ခေါ်ယူ စမ်းသပ်ရကာ စာချုပ်ရန် စီစဉ်လျှက် ရှိနေသည်။ လတ်တလောတွင် ၎င်းတို့ အသင်းသည် တောင်ကိုရီးယား ကစားသမား (၁)ဦး၊ ဆွီဒင် ကစားသမား (၂)ဦးနှင့် ဆားဘီးယား ကစားသမား တစ်ဦး တို့ကို အသင်းတွင် စာချုပ်နိုင်ရန် ပြင်ဆင်နေသည်။ ထို့ပြင် မြန်မာ ကစားသမား စုဖွဲ့မှု ကိုလည်း ပြန်လည် ပြင်ဆင်မည် အဆိုပါ ကစားသမား (၇)ဦးကို အရောင်းစာရင်း တင်ခဲ့ခြင်း ဖြစ်သည်။

ဇေယျာရွှေမြေ အသင်း အရောင်းစာရင်း တင်ထားသည့် ကစားသမား များမှာ နောက်ခံလူ ဇော်လင်းထွန်း(၁)နှင့် ထင်ကျော်အောင်၊ ကွင်းလယ်လူ အောင်မျိုးသန့်၊ ကျော်ဋ္ဌေးဦး၊ အောင်မိုး၊ သူ့ထက်ပိုင်နှင့် နေဇော်အောင်တို့ ဖြစ်ကြသည်။ ၎င်းတို့ အနက် ကွင်းလယ် ကစားသမား အောင်မိုးသည် ဥဿာ အသင်းတွင် သွားရောက် အစမ်းသပ် ခံနေပြီး မကြာမီ စာချုပ်ချုပ် ခေါ်ယူနိုင်ရန် နီးစပ် နေသည်ဟု သိရသည်။ အောင်မျိုးသန့် မှာလည်း ဒယ်လ်တာ ယူနိုက်တက် အသင်းနှင့် ညှိနှိုင်းမှုများ ပြုလုပ်နေပြီး နေဇော်အောင် ကိုမူ နေပြည်တော် အသင်းက ခေါ်ယူ စာချုပ်ချုပ်ဆို တော့မည်ဟု သိရသည်။

ဒင်ကြီး
Site Developer
Site Developer

Posts : 7
Join date : 2010-02-23

Back to top Go down

ဒယ်လ်တာ အကြောင်း ကြားသိရသမျှ Empty Re: ဒယ်လ်တာ အကြောင်း ကြားသိရသမျှ

Post  Admin Sun Mar 07, 2010 7:40 am

ဒယ်လ်တာယူနိုက်တက်နှင့် ရန်ကုန်ယူနိုက်တက်တို့ ခြေစမ်း

ရန်ကုန်ယူနိုက်တက်အသင်းနှင့် ဒယ်လ်တာယူနိုက်တက်တို့ မတ်လ(၅)ရက် နေ့ ညနေ၄နာရီတွင် အောင်ဆန်း အားကစားကွင်း၌ ခြေစမ်းကစားခဲ့ကြရာ ဂီုးမရှိ သရေကျသွားခဲ့ကြောင်းသိရသည်။

မိနစ်(၃၀)စီ သုံးပိုင်းခွဲကစားခဲ့ရာ ပထမပိုင်းတွင် ရန်ကုန်အသင်းတွင် မြတ်ထူးနိုင်၊ အောင်သိုက်၊ ကျော်သူရ၊ မောင်မောင်မြင့်၊ ဇင်မင်းဦး၊ ထွန်းထွန်းဝင်း၊ အောင်အောင်ဦး (ဂိုး) စသည်တို့ ပါဝင်ခဲ့သည်။ ပထမပိုင်းတွင် နှစ်ဖက်လုံးမှ နိုင်ငံခြားကစားသမားများ ထည့်သွင်းခြင်းမရှိဘဲ ပြည်တွင်းကစားသမား ချင်း အပြန်အလှန်ထိုးဖောက်ရင်း ပြီးဆုံးခဲ့သည်။

ဒုတိယပိုင်းတွင် မျိုးမင်းထွန်း၊ ရွှေလှိုင်ဝင်း စသော လက်ရွေးစင်အသင်းနှင့် သီရိလင်္ကာမှပြန်လာသော ကစားသမားများ နှင့် စိုးလင်းထွန်း၊ ရန်အောင်ကျော်၊ ရန်အောင်ဝင်း၊ ဌေးအောင် အစရှိသော ကစား သ မားများပါဝင်ခဲ့သလို ပြည်ပကစားသမားများဖြစ်သော လီယို၊ ဂျူလီယို၊ ဒေးဗစ်တို့ပါဝင်ခဲ့ပြီး ဒယ်လ် တာဘက်တွင်လည်း ရန်ကုန်ကစားသမားဟောင်း ဘန်ဘာအပါအ၀င် ပြည်ပကစားသမား များပါဝင် ခဲ့ သည်။ ဒုတိယပိုင်း(၂၅) မိနစ်တွင် ရန်အောင်ဝင်း ပယ်နတီစည်းအတွင်း ပြစ်ဒဏ်ကျုးလွန်မိရာ ရန်ကုန် တို့ ပယ်နတီပေးခဲ့ရသည်ကို ဂိုးသမားအောင်အောင်ဦး ပုတ်ထုတ်ကာကွယ်နိုင်ခဲ့၍ ရန်ကုန်တို့သက်သာ ရာရခဲ့သည်။ သို့ဖြစ် ဂိုးမရှိ သရေဖြင့် ဒုတိယပိုင်းပြီးဆုံးခဲ့သည်။

တတိယပိုင်းတွင် ရန်ကုန်အသင်းမှ ဟန်ဆန်ပါဝင်လာပြီး ဒေးဗစ်ကို မြတ်ထူးနိုင်နှင့် လူစားလဲပြီး ဒေးဗစ် ဒန်းကို ထည့်သွင်းခဲ့သည်။ တတိယပိုင်း (၁၅) မိနစ်ကျော်တွင် ရန်အောင်ဝင်းကို တစ်ဖက်နောက်တန်းမှ ဧရိယာအတွင်း ပြစ်ဒဏ်အနေအထားဖျက်ထုတ်လိုက်ရာ ရရှိသော ပယ်နတီကို ဂျူလီယိုက ကန်သွင်းခဲ့ ရာ ဂီုးသမား သီဟစည်သူ ပုတ်ထုတ်ခဲ့၍ ရန်ကုန်တို့ ဂိုးမရခဲ့။ ယင်းသို့ အပြန်အလှန်ထိုးဖောက်ကြရင်း ပွဲပြီးသွားရာ ဂိုးမရှိသရေပွဲဖြစ်သွားခဲ့သည်။
Admin
Admin
Admin
Admin

Posts : 44
Join date : 2010-02-17
Age : 206

https://deltafcfans.forumotion.com

Back to top Go down

ဒယ်လ်တာ အကြောင်း ကြားသိရသမျှ Empty Re: ဒယ်လ်တာ အကြောင်း ကြားသိရသမျှ

Post  Admin Sun Mar 07, 2010 7:50 am

သီဟစည်သူအား မည်သည့် ဈေးနှင့်မျှ ရောင်းချမည် မဟုတ်ဟု ဒယ်လ်တာ အသင်း တုံ့ပြန်



ရန်ကုန် ယူနိုက်တက် အသင်းက ခေါ်ယူရန် တရားဝင် ကမ်းလှမ်းမှု ပြုလုပ်ထားသည့် မြန်မာ့ လက်ရွေးစင် ဂိုးသမား သီဟစည်သူအား မည်သည့် ပြောင်းရွှေ့ကြေးနှင့်မျှ ရောင်းချမည် မဟုတ်ကြောင်း ဒယ်လ်တာ အသင်းက တုံ့ပြန်ခဲ့သည်။

ရန်ကုန် ယူနိုက်တက် အသင်းသည် အပြောင်းအရွှေ့ ဈေးကွက် မပိတ်မီတွင် ပြည်တွင်း နာမည်ကြီး ကစားသမား များအား ခေါ်ယူနိုင်ရန် ကမ်းလှမ်းမှုများ ဆက်တိုက် ပြုလုပ်ခဲ့ပြီး ကမ္ဘောဇမှ ခင်မောင်လွင်၊ ဒယ်လ်တာမှ သီဟစည်သူနှင့် မကွေးမှ ဇော်ထက်အောင် တို့အား တရားဝင် ကမ်းလှမ်းခဲ့ခြင်း ဖြစ်သည်။ သို့သော် ယမန်နေ့ သတင်းများ အရ ခင်မောင်လွင်သည် ရန်ကုန် အသင်း၏ ကမ်းလှမ်းမှုအား ပယ်ချခဲ့ပြီး ယခုအခါ သီဟစည်သူ အတွက် ကမ်းလှမ်းမှုကိုပါ ဒယ်လ်တာ အသင်းက ပယ်ချခဲ့ခြင်း ဖြစ်သည်။

"ကျွန်တော်တို့ အသင်း အဓိက ဂိုးသမားကို ရန်ကုန် ယူနိုက်တက်က ကျပ် သိန်း ၁၀၀နဲ့ ကမ်းလှမ်း လာခဲ့ပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ အသင်း ဘုတ်အဖွဲ့ရဲ့ ဆုံးဖြတ်ချက် အရ သီဟစည်သူကို ဘယ်လောက်ပေးပေး ရောင်းချ သွားမှာ မဟုတ်ပါဘူး" ဟု ဒယ်လ်တာ အသင်း တာဝန်ရှိသူ တစ်ဦးက Soccer Myanmar သို့ ပြောကြားခဲ့သည်။
Admin
Admin
Admin
Admin

Posts : 44
Join date : 2010-02-17
Age : 206

https://deltafcfans.forumotion.com

Back to top Go down

ဒယ်လ်တာ အကြောင်း ကြားသိရသမျှ Empty Re: ဒယ်လ်တာ အကြောင်း ကြားသိရသမျှ

Post  Sponsored content


Sponsored content


Back to top Go down

Back to top

- Similar topics

 
Permissions in this forum:
You cannot reply to topics in this forum