Delta FC Fan Member Forum


Join the forum, it's quick and easy

Delta FC Fan Member Forum
Delta FC Fan Member Forum
Would you like to react to this message? Create an account in a few clicks or log in to continue.

Kanbawza FC

3 posters

Go down

Kanbawza FC Empty Kanbawza FC

Post  Admin Fri Feb 26, 2010 4:05 pm

Kanbawza FC အသင်းနဲ့ပတ်သက်ပြီး ဒီနေရာမှာဆွေးနွေးနိုင်ပါသည် ။

Kanbawza FC အသင်းနဲ့ပက်သက်ပြီး သတင်းများကို တင်ပေးသွားပါမည် ။
Admin
Admin
Admin
Admin

Posts : 44
Join date : 2010-02-17
Age : 206

https://deltafcfans.forumotion.com

Back to top Go down

Kanbawza FC Empty Re: Kanbawza FC

Post  samurai Fri Mar 12, 2010 11:49 am

ကမ္ဘောဇအသင်း စပွန်ဆာလိုဂိုပြောင်းပြီ

ကမ္ဘောဇ အသင်းသည် လာမည့် ၂၀၁၀ အမှတ်ပေး ပြိုင်ပွဲတွင် အင်္ကျီ ရင်ဘတ် စပွန်ဆာ အသစ်ဖြင့် ပြိုင်ပွဲဝင်မည်ဟု သိရှိရပါသည် ။

့် ကမ္ဘောဇ အသင်းသည် ပြီးခဲ့သည့် ဘောလုံး ရာသီက Rich Coffee၊ နှင့် Hang Ten အစရှိသည့် ရင်ဘတ် စပွန်ဆာ များဖြင့် ပြိုင်ပွဲ ၀င်ခဲ့ပြီး ဒုတိယအကြိမ် နေရှင်နယ်လိဒ် ပြိုင်ပွဲတွင်မူ အသင်း၏ အဓိက စပွန်ဆာ ဖြစ်သည့် KBZ

စပွန်ဆာဖြင့်သာ ပြိုင်ပွဲဝင်မည်ဟု သိရှိရပါသည် ။ ကမ္ဘောဇ အသင်းသည် မတ်လ ၁၄ရက်နေ့တွင် ရန်ကုန် သုဝဏ္ဏ အားကစား ကွင်း၌ ရန်ကုန် ယူနိုက်တက် အသင်းနှင့် ပွဲဦးထွက် ယှဉ်ပြိုင် ကစားရမည် ဖြစ်သည်။

samurai
Bosin
Bosin

Posts : 26
Join date : 2010-02-17

Back to top Go down

Kanbawza FC Empty Re: Kanbawza FC

Post  kokophone Mon Mar 22, 2010 5:58 pm

ကမ္ဘောဇ အသင်း၏ နည်းပြချုပ် ဖြစ်သူ ဦးအေးမောင်ကြီးက ၎င်းတို့ အသင်း၏ ခံစစ် ကစားပုံနှင့် ပတ်သတ်၍ ဒယ်လ်တာနှင့် ပွဲအပြီးတွင် ရှင်းလင်း ပြောကြားမှု ပြုလုပ်သွား ခဲ့ကြောင်း သိရသည်။

“ကျွန်တော်တို့ အသင်းက ခံစစ်ကို အားပြု ကစားတယ် ဆိုတာ တစ်ပွဲလုံး နောက်တန်းမှာပဲ ခံကစား နေတာကို ပြောချင်တာ မဟုတ်ပါဘူး။ တိုက်စစ်ဆင်ပြီး ဘောလုံး ဆုံးသွားတဲ့ အချိန်မှာ ခံစစ်ကို လုံခြုံအောင် ထိန်းပြီး ကစားတာကို ပြောချင်တာပါ။ ကျွန်တော့် အနေနဲ့ အသင်းမှာ ပြင်ဖို့ လိုနေတာ လေးတွေကို နည်းနည်း မြင်တာ ရှိပါတယ်။ အဓိကက ဂိုးရနည်း တာပေါ့။ အဲဒါကလည်း အဆုံးသတ် အားနည်းတာနဲ့ တစ်ဦးချင်း စွမ်းဆောင်ရည် အားနည်း တာကြောင့် ဖြစ်ပါတယ်”ဟု ဦးအေးမောင်ကြီးက ပြောကြားသွား ခဲ့သည်။

၎င်းတို့ အသင်းသည် ဒယ်လ်တာ အသင်းအား တိုက်စစ်မှူး စထက်နိုင်ဝင်း၏ တစ်လုံးတည်သော ဂိုးဖြင့် အနိုင်ရ ခဲ့ခြင်း ဖြစ်သည်။ ၎င်းတို့ အသင်းသည် ပထမဆုံး ပွဲစဉ်တွင် ရန်ကုန် ယူနိုက်တက် အသင်းကို (၀-၀)ဂိုး သရေကျ ခဲ့ရာ နှစ်ပွဲပေါင်း သွင်းဂိုး (၁)ဂိုးသာ သွင်းယူနိုင် သေးသည်။ ကမ္ဘောဇ အသင်းသည် တိုက်စစ်တွင် စိုးမင်းဦး၊ စိုးမြတ်မင်း၊ ကျော်သီဟ၊ စထက်နိုင်ဝင်း အစရှိသည့် နာမည်ကြီး တိုက်စစ်မှူး များကို ပိုင်ဆိုင် ထားသည့် အသင်း ဖြစ်သည်။

“တိုက်စစ်မှူး စိုးမင်းဦးကို ဒုတိယပိုင်းမှာ ထုတ်လဲ လိုက်တာက အသင်းကို ကိုယ့်ပုံစံ လေးနဲ့ ကစားချင်လို့ ဖြစ်ပါတယ်။ အဲဒီ အချိန်မှာ ကျွန်တော်တို့ အသင်းက ဘောလုံး ဆုံးတာ များနေတယ်လေ။ ဒါကြောင့် စိုးမြတ်မင်းကို ထည့်ပြီး ဘောလုံးကို ငြိမ်အောင် လုပ်ခဲ့တာပါ။ ကျွန်တော်တို့ အသင်းဟာ ကျွန်တော် အမြဲတမ်း ပြောဖူး သလိုပဲ ဒီရာသီ မှာလည်း အမြင့်ဆုံး အဆင့်ကို ရရှိဖို့ မျှော်မှန်း ထားပါတယ်။ ပြီးခဲ့တဲ့ ပြိုင်ပွဲ တုန်းက အဆင့်(၄) ကနေ အဆင့်(၃) ရောက်အောင် ကစားနိုင်ခဲ့တယ်။ အခု ပြိုင်ပွဲ မှာလည်း ဒီအဆင့် ကနေ မကျဘဲ ထပ်တက် နိုင်အောင် ကြိုးစား မှာပါ”
kokophone
kokophone
Bosin
Bosin

Posts : 36
Join date : 2010-02-24
Age : 31
Location : Yangon

http://www.lovesickyouth.ning.com

Back to top Go down

Kanbawza FC Empty Re: Kanbawza FC

Post  Sponsored content


Sponsored content


Back to top Go down

Back to top


 
Permissions in this forum:
You cannot reply to topics in this forum