Delta FC Fan Member Forum


Join the forum, it's quick and easy

Delta FC Fan Member Forum
Delta FC Fan Member Forum
Would you like to react to this message? Create an account in a few clicks or log in to continue.

Zayar Shwe Myay FC

2 posters

Go down

Zayar Shwe Myay FC Empty Zayar Shwe Myay FC

Post  Admin Fri Mar 05, 2010 10:06 am

Zayar Shwe Myay FC အသင်းနဲ့ပတ်သက်ပြီး ဒီနေရာမှာဆွေးနွေးနိုင်ပါသည် ။

Zayar Shwe Myay FC အသင်းနဲ့ပက်သက်ပြီး သတင်းများကို တင်ပေးသွားပါမည် ။
Admin
Admin
Admin
Admin

Posts : 44
Join date : 2010-02-17
Age : 206

https://deltafcfans.forumotion.com

Back to top Go down

Zayar Shwe Myay FC Empty Re: Zayar Shwe Myay FC

Post  Admin Sat Mar 13, 2010 6:21 pm

ဇေယျာရွှေမြေ ၃း ၀ ရတနာပုံ

ယနေ့ ၁၃ . ၃ . ၂၀၁၀ MNL အဖွင့်ပွဲစဉ်ကိုမန္တလေးတွင် ကျင်းပခဲ့ပါသည် ။

ဇေယျာရွှေမြေအသင်းက ဒီနေ့မှာ ခြေစွမ်းပြပြီး ရတနာပုံအသင်းကို အနိုင်ယူခဲ့လို့ အဖွင့်ပွဲမှာ အဖိုးတန်

၃ မှတ်ကို ရယူနိုင်ခဲ့ပါသည် ။

ဇေယျာရွှေမြေ ၃

46 min - Alexander
58 min - Kim Kyujun
81 min - Kyaw Zin Win

ရတနာပုံ ဝ
Admin
Admin
Admin
Admin

Posts : 44
Join date : 2010-02-17
Age : 206

https://deltafcfans.forumotion.com

Back to top Go down

Zayar Shwe Myay FC Empty Re: Zayar Shwe Myay FC

Post  kokophone Sat Mar 20, 2010 6:36 pm

Zayar Shwe Myay FC 1 0 Magway FC

86 min - ye wai yan soe
kokophone
kokophone
Bosin
Bosin

Posts : 36
Join date : 2010-02-24
Age : 31
Location : Yangon

http://www.lovesickyouth.ning.com

Back to top Go down

Zayar Shwe Myay FC Empty Re: Zayar Shwe Myay FC

Post  kokophone Sat Mar 20, 2010 6:50 pm

မကွေးနှင့် ပွဲစဉ်တွင် ဇေယျာရွှေမြေ ကစားသမား အချို့ ကုတ်ခြစ် ခံရသည့် ဒဏ်ရာများ ရရှိ

ပြီးခဲ့သည့် မကွေး - ဇေယျာရွှေမြေ ပွဲစဉ်တွင် ဇေယျာရွှေမြေ ကစားသမား အချို့သည် ချွန်ထက်သည့် အရာ တစ်ခုခုဖြင့် ကုတ်ခြစ် ခံရသည့် ဒဏ်ရာများ ရရှိခဲ့ကြောင်း တွေ့ရသည်။

အဆိုပါ ကစားသမား များမှာ ဇေယျာရွှေမြေ၏ ကိုရီးယား ကစားသမား ကင်ကျူဂျွန်းနှင့် ဂျောင်ဆောင်းဘီ၊ ဆွီဒင် ကစားသမား အလက်ဇန္ဒားတို့ ဖြစ်ကြသည်။ အဆိုပါ ကစားသမား ၃ ဦးသည် တိုက်စစ် အသားပေး ကစားသမားများ ဖြစ်ကြပြီး မကွေး နောက်တန်းမှ အာဖရိက ကစားသမား များနှင့် ဘောလုံး ယှဉ်လုရင်း ရရှိခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။ ယင်းဒဏ်ရာ များသည် လက်သည်း (သို့မဟုတ်) ချွန်ထက်သည့် အရာ တစ်ခုခုဖြင့် ကုတ်ခြစ် ခံရသည့် ပုံစံ ရှိကာ လည်ပင်း၊ မျက်နှာနှင့် ရင်ဘတ် တို့တွင် အနီစင်း ကြီးများ ဖြစ်ပေါ် နေခဲ့သည်ကို တွေ့ရသည်။

“သူတို့ ဒဏ်ရာတွေ ဘယ်လို ရသွားတယ်။ ဘယ်သူက လုပ်တယ် ဆိုတာကိုတော့ ကျွန်တော် မတွေ့မိလိုက် ပါဘူး။ သူတို့ ပြောတာတော့ မကွေးက အာဖရိက ကစားသမား တွေနဲ့ ဘောလုံးလုရင်း ရလာတာလို့ ဆိုပါတယ်။ ဘောလုံး အားကစားမှာ တစ်ဘက် ကစားသမားကို ရည်ရွယ်ချက် ရှိရှိ ထိခိုက်ဒဏ်ရာ ရအောင် လုပ်တဲ့ ဖြစ်ရပ်မျိုး ကိုတော့ ကျွန်တော် ရှုံ့ချပါတယ်။ ဒီနေ့ပွဲ ဟာလည်း တကယ့်ကို ဆိုးဆိုးရွားရွား ပွဲစဉ်တစ်ပွဲ ဖြစ်ပါတယ်။ ဒါပေမယ့် နောက်ဆုံးမှာ ကျွန်တော်တို့ အနိုင် ၃ မှတ် အပြည့် ရလိုက်တဲ့ အတွက် ကျွန်တော် ကျေနပ် ၀မ်းမြောက် မိပါတယ်” ဟု ဇေယျာရွှေမြေ နည်းပြချုပ် စတီဖန် ဟန်ဆန်က Soccer Myanmar သို့ ပြောကြား ခဲ့သည်။

ယင်းပွဲစဉ်တွင် ဇေယျာရွှေမြေ အသင်းသည် မကွေး အသင်းကို တစ်လုံးတည်းသော အနိုင်ဂိုးဖြင့် အနိုင် ရခဲ့ခြင်း ဖြစ်သည်။ သို့သော် ပွဲချိန် အတွင်း နှစ်ဘက် ကစားသမားများ ကတောက်ကဆ ဖြစ်ပွားမှု အများအပြား ရှိခဲ့သလို ပွဲအပြီး တွင်လည်း နည်းပြချုပ် ဟန်ဆန် အပါအ၀င် ဇေယျာရွှေမြေ အုပ်စုနှင့် မကွေး ကစားသမား အုပ်စုတို့ အပြန်အလှန် ပဋိပက္ခ ဖြစ်ပွားမှု ရှိခဲ့သည်။
kokophone
kokophone
Bosin
Bosin

Posts : 36
Join date : 2010-02-24
Age : 31
Location : Yangon

http://www.lovesickyouth.ning.com

Back to top Go down

Zayar Shwe Myay FC Empty Re: Zayar Shwe Myay FC

Post  kokophone Sat Mar 20, 2010 6:59 pm

ယနေ့ ညနေပိုင်းက ရန်ကုန် သုဝဏ္ဏ ကွင်းတွင် ယှဉ်ပြိုင် ကစားခဲ့သည့် ဇေယျာရွှေမြေနှင့် မကွေးတို့ ပွဲတွင် ဇေယျာရွှေမြေ အသင်းက တစ်ဂိုး ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့သည်။

ယနေ့ပွဲတွင် ပထမ ပွဲများ၌ အနိုင်ကိုယ်စီ ရရှိထားသည့် ၂သင်း တွေ့ဆုံခြင်း ဖြစ်ပြီး ပွဲမှာ အပြန်အလှန် ရှိခဲ့ကာ ကြည့်ကောင်းသည့် ပွဲ ဖြစ်ခဲ့သည်။ မကွေး အသင်းသည် ယနေ့ပွဲတွင် ဇေယျာရွှေမြေ အသင်းအား အသာစီး ရယူကာ ကစား နိုင်ခဲ့ပြီး ဇေယျာရွှေမြေ အသင်းက တန်ပြန် တိုက်စစ်ဖြင့်သာ ကစားနေ ခဲ့ရသည်။

ပွဲအစ ၁၂မိနစ်တွင် ဇေယျာ တိုက်စစ်မှူး နိုင်စိုးဝေ အပိုင်ကန်ခွင့် ရသော်လည်း ကန်ချက် ပျော့၍ ဂိုးသမား ဖမ်းမိခဲ့သည်။ ၁၈မိနစ်တွင် မကွေး အသင်း၏ ၂၅ကိုက်ခန့် အကွာမှ ဖရီးကစ် ကန်ချက်အား ဂိုးသမား ညီညီလွင် ပုတ်ထုတ် ကာကွယ် ခဲ့ရပြီး ၂၉မိနစ်တွင် အောင်မြင့်အေး၏ အပိုင် ကန်ချက်ကိုလည်း လက်စွမ်းပြ ကာကွယ် နိုင်ခဲ့သည်။ ၃၁မိနစ်တွင် အလက်ဇန္ဒား ဖရီးကစ် ကန်ချက် မကွေး ဂိုးသမား မျိုးကျော်အောင် ကာကွယ် နိုင်ခဲ့သည်။

ပွဲချိန် ၄၃မိနစ်တွင် ပြည့်ဖြိုးဦး ဧရိယာ အစပ်မှ ဘယ်ခြေဖြင့် အပြင်း ကန်သွင်းချက် ဂိုးသမား ညီညီလွင် ပုတ်ထုတ် ကာကွယ် ခဲ့ရပြီး ဒိုင်ဖြစ်သူက လူကျွံဘော သတ်မှတ် ခဲ့သည်။ ပထမပိုင်း နာကျင် အချိန်ပိုတွင် ဇေယျာရွှေမြေ အသင်း ဂိုးရလု နီးပါး ဖြစ်ခဲ့ပြီး ရာဇာဝင်းသိန်း၏ လှလှပပ ခေါင်းတိုက်ချက် ဂိုးသမား ကာကွယ် နိုင်ခြင်း မရှိခဲ့ဘဲ နောက်ခံလူ မန်ဆာက ဂိုးစည်းပေါ်မှ ကြုံသလို ကာကွယ် ဖျက်ထုတ် ခဲ့ရသည်။ ထို့ကြောင့် ပထမပိုင်း ပြီးသည် အထိ တစ်ဖက်နှင့် တစ်ဖက် ဂိုးမသွင်းနိုင်ဘဲ ဂိုးမရှိ သရေပွဲသာ ဖြစ်နေခဲ့သည်။

ဒုတိယပိုင်းတွင် တစ်ဖက်နှင့် တစ်ဖက် သူတစ်ပြန် ကိုယ်တစ်ပြန် ကစားခဲ့ကြပြီး အပိုင် ဂိုးသွင်းခွင့်များလည်း ရရှိခဲ့ကြသည်။ ပွဲချိန် မိနစ် ၅၀တွင် မကွေး အသင်းတို့ ပင်နယ်တီ ကန်ခွင့် ရခဲ့ပြီး အဘိုလာဂျီအား ဂိုးသမား ညီညီလွင် တားဆီးရာမှ ပြစ်ဒဏ်ဘော သတ်မှတ် ခံခဲ့ရခြင်း ဖြစ်သည်။ ထို့ကြောင့် ညီညီလွင်အား အ၀ါကဒ် ပြကာ ပင်နယ်တီ ပေးခဲ့ပြီး ယင်း ပင်နယ်တီအား ခိုင်ဇော်ထွန်း ကန်သွင်းရာ ဂိုးသမား လက်စွမ်းပြ ကာကွယ် နိုင်ခဲ့သည်။

၅၆မိနစ်တွင် ၂၅ကိုက် အကွာမှ ရာဇာဝင်းသိန်း၏ ဖရီးကစ် ကန်ချက် သေသပ် ကောင်းမွန်လှ သော်လည်း ဂိုးသမား မျိုးကျော်အောင် ပုတ်ထုတ် ကာကွယ် ခဲ့၍ မကွေးတို့ သက်သာရာ ရခဲ့သည်။ ၅၉မိနစ်တွင် ဂိုးသမား ရှေ့တက် ဖျက်ထုတ်သည်ကို ဇေယျာ တိုက်စစ်မှူး နိုင်စိုးဝေ အခွင့်ကောင်း ရယူကာ ဂိုးထဲ လှမ်းကန် သော်လည်း ဂိုးပေါက် လွဲခဲ့သည်။ ၆၅မိနစ်တွင် ဇေယျာ အသင်း၏ လူစားဝင် ကစားသမား ရဲဝေယံစိုး ဂိုးသမားကိုပါ လိမ်ခေါက်ကာ မည်သူမှ မရှိသည့် ဂိုးပေါက်ထဲ အပိုင်ကန်ချက် ဂိုးတိုင် ၂တိုင်လုံး ထိကာ ၀င်ခဲ့သော်လည်း ဒိုင်ဖြစ်သူက ပြစ်ဒဏ်ဘော သတ်မှတ်ခဲ့၍ ဇေယျာရွှေမြေ အသင်း တစ်ဂိုး နစ်နာ ခဲ့ရသည်။

ချက်ချင်း ဆိုသလိုပင် မကွေးတို့ တန်ပြန် တိုက်စစ်မှ တဆင့် အဘိုလာဂျီ အပိုင် ကန်ခွင့် ရခဲ့သော်လည်း ဂိုးဘား ကပ်ကျော် ခဲ့သည်။ ဒုတိယပိုင်း နောက်ပိုင်းတွင် ဇေယျာရွှေမြေ အသင်းက ကစားကွက် ပိုမို ကောင်းမွန်လာပြီး မကွေး နောက်ခံလူများ အသည်းအသန် ဖျက်ထုတ် နေခဲ့ရသည်။ ထို့ပြင် ပွဲချိန် ၈၄မိနစ်တွင် မကွေး နောက်ခံလူ ချီယိုမာ ၂၀ါ၁နီဖြင့် ထုတ်ပယ် ခံခဲ့ရသဖြင့် ဇေယျာရွှေမြေတို့ ပိုမို အသာရခဲ့သည်။

ပွဲချိန် ၈၇မိနစ်တွင် ဇေယျာရွှေမြေ အသင်း၏ လူစားဝင် တိုက်စစ်မှူး ရဲဝေယံစိုးက ဂိုးသမား မျိုးကျော်အောင် ပုတ်ထုတ်ရာမှ ထွက်လာသည့် ဘောလုံးအား ဂိုးသမား မရှိသည့် ဂိုးပေါက်ထဲ အပြင်း ခေါင်းတိုက် သွင်းခဲ့ရာ မကွေး နောက်ခံလူများ မည်သို့မျှ တားဆီး နိုင်ခြင်း မရှိဘဲ ဂိုးပေး ခဲ့ရသည်။ ထို့ကြောင့် ဇေယျာရွှေမြေ တို့ အဖွင့်ဂိုး စတင် ရရှိခဲ့ပြီး လက်ကျန် မိနစ်များတွင် မကွေးတို့ ချေပဂိုး ရရှိရေး ကြိုးပမ်း လာခဲ့သည်။ သို့သော် ဇေယျာရွှေမြေ အသင်းက အကောင်းဆုံး ကစားခဲ့ပြီး မကွေးတို့ ဂိုးသွင်းခွင့်ပင် မရခဲ့ပေ။

နာကျင် အချိန်ပို အရောက်တွင် မကွေး ကစားသမား လွင်ဦးအား ကြမ်းတမ်းစွာ ကစားခဲ့သည့် အလက်ဇန္ဒား ၂၀ါ ၁နီဖြင့် ထုတ်ပယ် ခံခဲ့ရပြီး ပွဲအပြီးတွင် ဇေယျာရွှေမြေ အသင်းက ရဲဝေယံစိုး သွင်းယူသည့် တစ်လုံးတည်းသော ဂိုးဖြင့် အနိုင်ရခဲ့သည်။ ယနေ့ပွဲတွင် ဇေယျာရွှေမြေ အသင်း ဂိုးသမား ညီညီလွင်သည် ခိုင်ဇော်ထွန်း၏ ပင်နယ်တီ အပြင် မကွေး အသင်း၏ တိုက်စစ် ဆင်မှုများအား အကောင်းဆုံး ကာကွယ် နိုင်ခဲ့ကာ လက်စွမ်းပြ ကစား နိုင်ခဲ့သည်ကို တွေ့ရသည်။

ထိုပွဲ အနိုင်ကြောင့် ဇေယျာရွှေမြေ အသင်းသည် ရာနှုန်းပြည့် နိုင်ပွဲ ဆက်ခဲ့ကာ အမှတ်ပေး ဇယားအား ဆက်လက် ဦးဆောင် ထားနိုင်ခဲ့သည်။ ဇေယျာရွှေမြေ အသင်းသည် တတိယ ပွဲအဖြစ် မတ်လ ၂၈ရက်နေ့တွင် ရန်ကုန် ယူနိုက်တက် အသင်းနှင့် ကစားရမည် ဖြစ်သည်။
kokophone
kokophone
Bosin
Bosin

Posts : 36
Join date : 2010-02-24
Age : 31
Location : Yangon

http://www.lovesickyouth.ning.com

Back to top Go down

Zayar Shwe Myay FC Empty Re: Zayar Shwe Myay FC

Post  kokophone Sat Mar 20, 2010 7:03 pm

ဇေယျာရွှေမြေ အသင်း၏ နည်းပြချုပ် စတီဖန် ဟန်ဆန်က ၎င်းတို့ အသင်းသည် မကွေး အသင်းကို အနိုင်ရခဲ့ ခြင်းမှာ ကံကောင်း၍ ဖြစ်ပြီး ကစားပုံ ဆိုးရွားခဲ့ကြောင်း ပြောကြားသွား ခဲ့သည်။

“ကျွန်တော် ဒီနေ့ ကစားတာ တော်တော်ကို ဆိုးဆိုးရွားရွား ပါပဲ။ ဒီနေ့ပွဲ အနိုင်ရခဲ့ တာဟာ ကံကောင်းလွန်းလို့ ဖြစ်ပြီး ကံသာ မကောင်းခဲ့ရင် ရှုံးတောင် ရှုံးသွား နိုင်ပါတယ်။ ကျွန်တော်တို့ အသင်း ရတနာပုံနဲ့ ပွဲတုန်းကလို ကောင်းကောင်း မကစား နိုင်ခဲ့ဘူး။ တစ်ဘက် အသင်းကို အနီးပေး စနစ်နဲ့ ထိုးဖောက်ဖို့ ကြိုးစားခဲ့ ပေမယ့် မထိရောက်ခဲ့ ပါဘူး။ ဒီနေ့ပွဲ ကိုင်တွယ် သွားတဲ့ဒိုင် ကတော့ ပုံမှန်ပါပဲ။ အမှားအယွင်း မရှိပါဘူး။ ကျွန်တော်တို့ ၆၅ မိနစ်မှာ ဂိုးတစ်ဂိုး ရခဲ့သင့် ပေမယ့် ဒိုင်က ပြစ်ဒဏ်ဘော သတ်မှတ် ခဲ့ပါတယ်။ ဒိုင်မှန်မယ် ထင်ပါတယ်” ဟု ဟန်ဆန်က ပြောကြား ခဲ့သည်။

ဇေယျာရွှေမြေ အသင်းသည် ယင်းပွဲစဉ်တွင် ပွဲချိန် ၈၇ မိနစ်၌ တိုက်စစ်မှူး ရဲဝေယံစိုး သွင်းယူသော တစ်လုံးတည်းသော အနိုင်ဂိုးဖြင့် အနိုင်ရ ခဲ့ခြင်း ဖြစ်သည်။ ၎င်းတို့ အသင်းသည် ပြီးခဲ့သည့် သီတင်းပတ် ကလည်း ရတနာပုံ အသင်းကို (၃-၀)ဂိုးဖြင့် အနိုင် ရခဲ့သည်။ ယင်းပွဲစဉ်တွင် ဟန်ဆန်သည် မကွေး အသင်း ခေါင်းဆောင် လွင်ဦးကို ဆဲဆို ခဲ့သည်ဟု မကွေး နည်းပြချုပ်က ဝေဖန်ခဲ့သည်။ ယင်းကိစ္စနှင့် ပတ်သတ်၍ ဟန်ဆန်က ဟုတ်မှန်ကြောင်း ၀န်ခံ သွားခဲ့သည်။

“တစ်ဘက် ကစားသမားက ကျွန်တော့် ကစားသမားကို ရည်ရွယ်ချက် ရှိရှိ တိုက်ခိုက်ခဲ့လို့ လှမ်းအော်ပြီး ပြောမိပါတယ်။ ဒါပေမယ့် ဒီဟာက ပြဿနာကြီး မဟုတ်ပါဘူး။ ကမ္ဘာပေါ်က ဘယ်ပြိုင်ပွဲ မှာမဆို ဒါမျိုး ဖြစ်တတ်ပါတယ်။ ပွဲပြီး သွားရင်တော့ အားလုံး လက်ဆွဲ နှုတ်ဆက် ရတာပါပဲ” ဟု ဟန်ဆန်က ပြောကြား သွားခဲ့သည်။
kokophone
kokophone
Bosin
Bosin

Posts : 36
Join date : 2010-02-24
Age : 31
Location : Yangon

http://www.lovesickyouth.ning.com

Back to top Go down

Zayar Shwe Myay FC Empty Re: Zayar Shwe Myay FC

Post  Sponsored content


Sponsored content


Back to top Go down

Back to top


 
Permissions in this forum:
You cannot reply to topics in this forum