အာဆင်နယ်
Page 1 of 1
အာဆင်နယ်
အာဆင်နယ် vs ဘန်လေ
အာဆင်နယ်အသင်း၌ အလက်ဇန္ဒားဆောင်းပွဲပယ်ခံထားရသကဲ့သို့ ကွင်းလယ်လူ ရမ်ဆေး ဒဏ်ရာရနေသောကြောင့် ဘန်လေနှင့်ပွဲအား လွဲချော်မည်ဖြစ်သည်။ အာဆင်နယ်တိုက်စစ်မှူး အာရှာဗင်သည် ဒဏ်ရာမှပြန်လည်သက်သာလာပြီဖြစ်သောကြောင့် ဘန်လေနှင့်ပွဲတွင် ပထမကစားသ မားအဖြစ်ပါဝင်လာဖွယ်ရှိသည်။ ထို့ပြင် အာဆင်နယ်ကွင်းလယ်ကစားသမား ဒီနယ်ဆင်သည်လည်း ခြေသလုံးဒဏ်ရာပြန်သက်သာလာပြီဖြစ်သောကြောင့် အသင်းတွင်ပြန်ပါဝင်လာနိုင်သည်။ ဘန်လေ တိုက်စစ်မှူး စတီဗင်ဖလက်ချာသည် နိုင်ငံတကာခြေစမ်းပွဲတွင် လက်ချောင်းရိုးကျိုးဒဏ်ရာရရှိခဲ့ သော်လည်း အာဆင်နယ်နှင့်ပွဲတွင် ပါဝင်ကစားဖွယ်ရှိသည်။ အာဆင်နယ်အသင်း၌ ဆိုးကမ့်ဘဲလ် (ပေါင်ခြံ)၊ ဒီဂျိုးရူး(ဒူး)၊ ဂါးလက်စ်(ခြေသလုံး)၊ ဂစ်ဘ်(ခြေဖဝါး)၊ မီရီဒါ(ခြေကျင်းဝတ်)၊ ဗန်ပါစီ (ခြေကျင်းဝတ်)တို့ဒဏ်ရာရနေကြောင်းသိရသည်။ ဘန်လေ၌ ကက်ဝဲလ်(ပေါင်ခြံ)နှင့် မက်ကန်း (ဒူး)တို့ ဒဏ်ရာရနေသောကြောင့် အနားယူနေရသည်။

Permissions in this forum:
You cannot reply to topics in this forum
|
|