Delta FC Fan Member Forum


Join the forum, it's quick and easy

Delta FC Fan Member Forum
Delta FC Fan Member Forum
Would you like to react to this message? Create an account in a few clicks or log in to continue.

စီးရီးအေနောက်ဆုံးရသတင်းတိုများ

Go down

စီးရီးအေနောက်ဆုံးရသတင်းတိုများ Empty စီးရီးအေနောက်ဆုံးရသတင်းတိုများ

Post  uaunggyi Sat Mar 13, 2010 8:19 am

အေစီမီလန်အသင်း၌ နောက်ခံလူ နက်စတာအပါ အဝင် နောက်ခံလူ(၄)ဦး ဒဏ်ရာကြောင့် အနားယူနေရ ကြောင်း သိရသည်။ ထို့ပြင် အေစီမီလန်တိုက်စစ်မှူး ပါတို သည် ပေါင်ြ<ွကက်သားဒဏ်ရာကြောင့် ချီယေဗိုနှင့်ကစားမည့် ပွဲစဉ်အား လွဲချော်မည်ဖြစ်သည်။

ယူရိုပါလိဂ်ပြိုင်ပွဲ၌ ဖူလ်ဟမ်အား အနိုင်ရခဲ့သောပွဲတွင် အရန်ကစားသမားအဖြစ်ပါဝင်ခဲ့သော ဂျူဗင်တပ်အသင်း တိုက်စစ်မှူး အီယာကွင်တာနှင့် တောင်ပံကစားသမား ကာမိုရာနီဆီတို့ ကြံ့ခိုင်မှုပြည့်ဝနေပြီဖြစ်သောကြောင့် ဆီးနာ နှင့်ကစားမည့်ပွဲတွင် ပထမကစားသမားအဖြစ် ပွဲထွက်လာ ဖွယ်ရှိသည်။

ရိုးမားအသင်းခေါင်းဆောင်တော့တီသည် ဒူးဒဏ်ရာ သက်သာလာခြင်းမရှိသောကြောင့် လီဗော်နိုနှင့်ကစားမည့် ပွဲစဉ်အား လွဲချော်မည်ဖြစ်သည်။ ရိုးမားတိုက်စစ်မှူး တိုနီ သည် ဒဏ်ရာမှပြန်လည်သက်သာလာသော်လည်း ကြံ့ခိုင်မှု မပြည့်ဝသေးသောကြောင့် အနားယူနေရသည်။

ပါလာမိုကွင်းလယ်ကစားသမား ဂျာဗီးယားပက်တိုရီ သည် ဒဏ်ရာရနေသောကြောင့် အူဒီးနီးစ်နှင့်ကစားမည့်ပွဲ စဉ်တွင် ပါဝင်ကစားရန်မသေချာသေးကြောင်း သိရသည်။

ယခုတစ်ပတ်တွင်ကစားမည့်စီးရီးအေပြိုင်ပွဲများ၌ AIDS တိုက်ဖျက်ရေးအထိမ်းအမှတ်အဖြစ် အနီရောင်ဘော လုံးအား အသုံးပြုသွားမည်ဖြစ်ကြောင်း သိရသည်။

ဖီအိုရင်တီးနားအား အနိုင်ရသောပွဲစဉ်တွင်ပေါင်ခြံဒဏ်ရာရရှိခဲ့သော ဂျူဗင်တပ်နောက်ခံလူချီရယ်လီနီသည် ဒဏ်ရာအခြေအနေ
သက်သာလာခြင်းမရှိသေးသောကြောင့် ဆီးနာနှင့်ကစားမည့်ပွဲစဉ်အားလွဲချော်မည်ဖြစ်သည်။

uaunggyi
Site Developer
Site Developer

Posts : 15
Join date : 2010-03-03

Back to top Go down

Back to top


 
Permissions in this forum:
You cannot reply to topics in this forum