Delta FC Fan Member Forum


Join the forum, it's quick and easy

Delta FC Fan Member Forum
Delta FC Fan Member Forum
Would you like to react to this message? Create an account in a few clicks or log in to continue.

မန်ယူအားရှုံးနိမ့်ခဲ့ခြင်းသည် တိုက်ပွဲဝင်စိတ်ဓာတ် ကြောင့်ဟုလီယိုနာဒိုပြောကြား

Go down

မန်ယူအားရှုံးနိမ့်ခဲ့ခြင်းသည် တိုက်ပွဲဝင်စိတ်ဓာတ် ကြောင့်ဟုလီယိုနာဒိုပြောကြား Empty မန်ယူအားရှုံးနိမ့်ခဲ့ခြင်းသည် တိုက်ပွဲဝင်စိတ်ဓာတ် ကြောင့်ဟုလီယိုနာဒိုပြောကြား

Post  uaunggyi Sat Mar 13, 2010 8:41 am

မန်ယူအား ချန်ပီယံလိဂ်တွင် ရှုံးနိမ့်ခဲ့ရခြင်းသည် စိတ်ဓာတ်ရေးရာကြောင့်ဖြစ် ကြောင်း အေစီမီလန်နည်းပြ လီယိုနာဒိုက ပြော ကြားခဲ့သည်။ အေစီမီလန်သည် အဝေးကွင်းတွင် ကစားခဲ့သည့်ဒုတိယအကျော့ပွဲစဉ်၌ မန်ယူအား ၄-ဝ ဖြင့် ရှုံးနိမ့်ခဲ့ပြီး နှစ်ကျော့ပေါင်းရလဒ် ၇-၂ ဖြင့်ချန်ပီယံလိဂ်ပြိုင်ပွဲမှထွက်ခွာခဲ့ရခြင်းဖြစ်သည်။
'မန်ယူကိုရှုံးနိမ့်ခဲ့တာနဲ့ပတ်သက်ပြီး အား နည်းချက်တွေအများကြီးရှိပါတယ်။ ပထမပိုင်းမှာ ကျွန်တော်တို့ရလဒ်ကောင်းတွေရအောင် မစွမ်း ဆောင်နိုင်ခဲ့တာကြောင့် မန်ယူကို ဂိုးပြတ်အရှုံး ပေးခဲ့ရတာပါ။ ပထမအကျော့ကရလဒ်ကို ချေနိုင်ဖို့ ပထမပိုင်းကတည်းက ခြေကုန်ထုတ် ရမယ်ဆိုတာသိပေမယ့် မန်ယူဟာ ပွဲစတာနဲ့ အကောင်းဆုံးကစားနိုင်ခဲ့ပြီး အဖွင့်ဂိုးစောစော စီးစီးရရှိခဲ့ပါတယ်။ ဒီပွဲဟာ နှစ်သင်းစလုံးရဲ့စိတ် ဓာတ်ကိုကြီးမားတဲ့ရိုက်ခတ်မှုဖြစ်ပေါ်စေပါတယ်။ ဒါပေမယ့် ကျွန်တော့်ကစားသမားတွေဟာ ရင့်ကျက်တဲ့သူတွေဖြစ်လို့ ဒီပွဲမှာ အရှုံးပေးခဲ့ရ တာနဲ့ပတ်သက်ပြီး စီးရီးအေပြိုင်ပွဲကို ထိခိုက်လာ မယ်လို့မထင်ပါဘူး။ ကျွန်တော်တို့ဟာ ချန်ပီယံ လိဂ်မှာ ခြေစွမ်းမပြနိုင်ခဲ့ပေမယ့် စီးရီးအေမှာ ထိပ်ဆုံးကဦးဆောင်နေတဲ့ အင်တာမီလန်နဲ့ (၄)မှတ်သာကွာတော့တာကြောင့် လာမယ့် ပွဲစဉ်တွေကို အာရုံစိုက်သွားရမှာပါ'ဟု လီယိုနာဒို က ပြောကြားခဲ့သည်။
အေစီမီလန်သည် ပထမအကျော့တွင် မန်ယူအား အိမ်ကွင်းတွင် ၂-၃ ဖြင့် ရှုံးနိမ့်ခဲ့သည်။ ထို့ပြင် အေစီမီလန်၌ အဓိက ကစားသမားများဖြစ် သော ပါတို၊ နက်စတာနှင့် အန်တိုနီနီတို့ ဒဏ်ရာ ရနေသောကြောင့် ပထမအကျော့ရလဒ်အား အ ဝေးကွင်းတွင်ပြန်လည်ချေပရန်ခက်ခဲခဲ့ခြင်းဖြစ်သည်။
'မန်ယူနဲ့ကစားခဲ့တဲ့ ပထမအကျော့ပွဲစဉ် တုန်းက ကျွန်တော်တို့ခြေစွမ်းပြနိုင်ခဲ့တာကြောင့် အဝေးကွင်းမှာ ကစားမယ့် ဒုတိယအကျော့ပွဲစဉ် မှာ ခြေစွမ်းပြနိုင်မယ်လို့ ယုံကြည်ခဲ့ပါတယ်။ ဒါပေမယ့် မန်ယူဟာ ဒုတိယအကျော့ပွဲစဉ်မှာ အကောင်းဆုံးကစားနိုင်ခဲ့ပြီး ပထမပိုင်းမှာ အဖွင့် ဂိုးရသွားတာကြောင့် (၃)ဂိုးပြတ်အနိုင်ရမှ နောက် တစ်ဆင့်တက်နိုင်မှာဖြစ်လို့ ဒီအချက်က အသင်း သားတွေစိတ်ဓာတ်ကို ထိခိုက်ခဲ့ပြီး အခုလို ဂိုး ပြတ်အရှုံးပေးခဲ့ရတာပဲဖြစ်ပါတယ်။ ချန်ပီယံလိဂ် ဖလားဟာ ကျွန်တော်တို့ရဲ့ရည်မှန်းချက်တစ်ခုဖြစ် တယ်ဆိုတာမငြင်းပါဘူး'ဟုလီယိုနာဒိုကပြောခဲ့သည်။
အေစီမီလန်တွင် တိုက်စစ်မှူး ပါတိုဒဏ်ရာ ရနေခြင်းကြောင့် လီယိုနာဒိုသည် ရိုးမားနှင့်သရေ ကျခဲ့သောပွဲကလူစာရင်းအတိုင်း အသင်း၏တိုက် စစ်တွင် ဟန်တဲလ်လား၊ ဘော်ရယ်လီယိုနှင့် ရော်နယ်ဒင်ဟိုတို့အား ပွဲထုတ်ခဲ့ခြင်းဖြစ်သည်။

uaunggyi
Site Developer
Site Developer

Posts : 15
Join date : 2010-03-03

Back to top Go down

Back to top


 
Permissions in this forum:
You cannot reply to topics in this forum