Delta FC Fan Member Forum


Join the forum, it's quick and easy

Delta FC Fan Member Forum
Delta FC Fan Member Forum
Would you like to react to this message? Create an account in a few clicks or log in to continue.

ှီDelta FC နှင့် ပတ်သက်သောသတင်းများ

Go down

ှီDelta FC နှင့် ပတ်သက်သောသတင်းများ EmptyှီDelta FC နှင့် ပတ်သက်သောသတင်းများ

Post  samurai Wed Mar 17, 2010 2:01 pm

ဒယ်လ်တာ ကစားသမား များ၏ အိုင်တီစီ ကိစ္စနှင့် ပတ်သတ်၍ အသင်းဘက်မှ ဖြေရှင်းချက် ထုတ်ပြန်

ဒယ်လ်တာ ယူနိုက်တက် ကစားသမားများ၏ အိုင်တီစီ ကိစ္စနှင့် ပတ်သတ်၍ ထွက်ပေါ်နေသော သတင်းများအား ဒယ်လ်တာ အသင်းဘက်မှ ပြန်လည်း ရှင်းလင်း ထုတ်ပြန် ခဲ့ကြောင်း သိရသည်။

“ကျွန်တော်တို့ ဆီက ကစားသမား ဂီးလ်ဒက်စ်ဟာ ပြည်ပ ကစားသမား ဆိုပေမယ့် ပြည်တွင်း ကလပ်အသင်း တစ်သင်း ဖြစ်တဲ့ ရန်ကုန်က ပြောင်းရွှေ့လာတဲ့ ကစားသမား ဖြစ်ပါတယ်။ ပြည်ပ ကလပ်ကနေ တိုက်ရိုက် ပြောင်းလာတာ မဟုတ် ပါဘူး။ ဒါကြောင့် သူ့အတွက် အိုင်တီစီ သပ်သပ် ထပ်ပေးစရာ မလိုပါဘူး။ သူမှာ အိုင်တီစီ ရှိပြီးလို့သာ ပြီးခဲ့တဲ့ တစ်နှစ်လုံး ရန်ကုန် ယူနိုက်တက်မှာ ကစားနိုင်ခဲ့ တာပေါ့။ ကျွန်တော်တို့ အနေနဲ့ ရန်ကုန် အသင်းက သူ့ကို စာချုပ် ဖျက်သိမ်းကြောင်း အထောက်အထား ဘောလုံး အဖွဲ့ချုပ်ကို တင်ပြခဲ့ပြီး ပါပြီ။ ဒါကြောင့် သူ့မှာ အိုင်တီစီ မရှိလို့ ၀င်ကစားခွင့် မရဘူး ဆိုတာ မဟုတ်ပါဘူး” ဟု ဒယ်လ်တာ အသင်း၏ မီဒီယာ အရာရှိ ကိုမျိုးမြင့်သောင်းက Soccer Myanmar သို့ ပြောကြားခဲ့သည်။

ဒယ်လ်တာ အသင်း၏ ကစားသမား ဂီးလ်ဒက်သည် ပြီးခဲ့သည့် ဘောလုံး ရာသီက ရန်ကုန် ယူနိုက်တက်တွင် ကစားခဲ့သူ ဖြစ်ပြီး ပြီးခဲ့သည့် အပြောင်းအရွှေ့ ကာလတွင်မှ ဒယ်လ်တာသို့ ပြောင်းရွှေ့ခဲ့သူ ဖြစ်သည်။ သို့ရာတွင် ဂီးလ်ဒက်စ်၏ အိုင်တီစီ တင်ပြထားခြင်း ရှိမရှိကို ကမ္ဘောဇ အသင်းက ဘောလုံး အဖွဲ့ချုပ်ထံ မေးမြန်း စုံစမ်းရာ ဘောလုံး အဖွဲ့ချုပ် ဘက်မှ တာဝန်ရှိသူ တစ်ဦးက အိုင်တီစီ ပြသရန် ငြင်းဆိုခဲ့ သဖြင့် ကောလာဟလများ ထွက်ပေါ်ခဲ့ခြင်း ဖြစ်သည်။ ဒယ်လ်တာ အသင်းသည် မတ်လ ၂၂ ရက်နေ့တွင် ကမ္ဘောဇ အသင်းနှင့် ယှဉ်ပြိုင် ကစားရမည် ဖြစ်သည်။

“ပြည်တွင်း အသင်း အချင်းချင်း ကစားသမား ပြောင်းရွှေ့မှု ဆိုတာ အိုင်တီစီ ထပ်ပြဖို့ မလိုပါဘူး။ တစ်ဘက် အသင်းက စာချုပ် ဖျက်သိမ်းကြောင်း အထောက်အထားကို တင်ပြနိုင်မယ် ဆိုရင် ကျန်တစ်သင်းနဲ့ စာချုပ်ချုပ်ခွင့် ပေးပါတယ်။ ပြည်ပ ကစားသမား အားလုံးရဲ့ အိုင်တီစီနဲ့ အထောက်အထားတွေ အားလုံး ကျွန်တော့် ဆီမှာ ရှိပါတယ်” ဟု မြန်မာ နေရှင်နယ်လိဂ် တာဝန်ခံ ဦးဝင်းသူမိုး ကလည်း ရှင်းလင်း ပြောကြား သွားခဲ့သည်။


soccermyanmar မှ သိရှိရပါသည် ။

samurai
Bosin
Bosin

Posts : 26
Join date : 2010-02-17

Back to top Go down

ှီDelta FC နှင့် ပတ်သက်သောသတင်းများ Empty Re:ှီDelta FC နှင့် ပတ်သက်သောသတင်းများ

Post  samurai Sat Mar 20, 2010 1:28 pm

ဒယ်လ်တာယူနိုက်တက်အသင်းသည် ရန်ကုန်အသင်းမှ Bamba ၊ Gildas နှင့် ဇေယျာရွှေမြေအသင်းမှ အောင်မျိုးသန့်

တို့ကို ခေါ်ယူစာချုပ်ချုပ်ဆိုထားပါသည် ။ Bamba သည်ကျောနံပါတ် ၁၁ ကို ၀တ်ဆင်ကစားမည်ဖြစ်ပြီး ၊ အောင်မျိုးသန့် က ကျောနံပါတ် ၃၂ ကို

ဝတ်ဆင်ကစားပါမည် ။ Gildas ကတော့ မည်သည့်ကျောနံပါတ်ကို ၀တ်ဆင်ကစားမည်ဆိုတာ မသိရှိရသေးပါဘူး ခင်ဗျာ ။

samurai
Bosin
Bosin

Posts : 26
Join date : 2010-02-17

Back to top Go down

Back to top


 
Permissions in this forum:
You cannot reply to topics in this forum