Delta FC Fan Member Forum


Join the forum, it's quick and easy

Delta FC Fan Member Forum
Delta FC Fan Member Forum
Would you like to react to this message? Create an account in a few clicks or log in to continue.

စီးရီးအေ နောက်ဆုံးရသတင်းတိုများ

Go down

စီးရီးအေ နောက်ဆုံးရသတင်းတိုများ Empty စီးရီးအေ နောက်ဆုံးရသတင်းတိုများ

Post  uaunggyi Sat Mar 20, 2010 7:01 am

အေစီမီလန်တိုက်စစ်မှူး ပါတိုသည် ပေါင်ကြွက် သားဒဏ်ရာ ပြန်လည်သက်သာလာပြီဖြစ်သောကြောင့် နာပိုလီနှင့်ကစားမည့်ပွဲတွင် ပြန်လည်ပါဝင်လာဖွယ်ရှိ သည်။ သို့သော် တိုက်စစ်မှူး ဘော်ရယ်လီယိုသည် တုတ်ကွေးရောဂါကြောင့် ပါဝင်ကစားနိုင်ရန် မသေချာ ကြောင်း သိရသည်။ အေစီမီလန်အသင်း၌ နောက်ခံ လူများဖြစ်သော နက်စတာ၊ ဘိုနီယာနှင့် အွန်ရီဝူးတို့ ဒဏ်ရာကြောင့်အနားယူနေရသည်။


ရိုးမားအသင်း၌ ကွင်းလယ်ကစားသမားများဖြစ် သော တက်ဒီ၊ ဒီရော့စီနှင့် ပီဇာရိုတို့သည် ပွဲပယ် ပြစ်ဒဏ်ခံထားရသောကြောင့် အူဒီးနီးစ်နှင့်ကစားမည့် ပွဲစဉ်အား လွဲချော်မည်ဖြစ်သည်။ ထို့ပြင် ရိုးမားအသင်း ခေါင်းဆောင်တော့တီသည် ဒူးဒဏ်ရာကြောင့် အနား ယူနေရပြီး နောက်ခံလူ မက်ဆက်သည်လည်း ပွဲပယ် ပြစ်ဒဏ်ခံထားရကြောင်းသိရသည်။


အင်တာမီလန်ကွင်းလယ်ကစားသမား မွန်တာရီ သည် ပွဲပယ်ပြစ်ဒဏ်ခံထားရသောကြောင့် ပါလာမိုနှင့် ကစားမည့်ပွဲစဉ်အား လွဲချော်မည်ဖြစ်သည်။ နောက်ဆုံး (၆)ပွဲ၌ တစ်ပွဲသာအနိုင်ရခဲ့သော အင်တာမီလန်သည် ဒုတိယနေရာမှ အေစီမီလန်နှင့်တစ်မှတ်သာကွာတော့ တာကြောင့် ပါလာမိုနှင့်ကစားမည့်ပွဲတွင် နိုင်ပွဲပြန် ရှာတွေ့ရန်ကြိုးစားမည်ဖြစ်ကြောင်း အင်တာမီလန် အသင်းခေါင်းဆောင် ဇနက်တီက ပြောကြားခဲ့သည်။


ဖူလ်ဟမ်နှင့်ကစားခဲ့သော ယူရိုပါလိဂ်ပွဲစဉ်တွင် အနားယူခဲ့ရသော ဂျူဗင်တပ်အသင်းခေါင်းဆောင် ဒယ်ပီယာရိုသည် ဆမ်ဒိုးရီးယားနှင့်ကစားမည့်ပွဲတွင် ပြန်လည်ပါဝင်လာဖွယ်ရှိသည်။ ဂျူဗင်တပ်ဂိုးသမား များဖြစ်သော ဘတ်ဖွန်နှင့် အလက်ဇန္ဒားမန်နင်ဂျာ တို့ ဒဏ်ရာရနေသောကြောင့် အရန်ဂိုးသမား အန်တိုနီ ယိုချီမန်တီဝင်ရောက်ကစားဖွယ်ရှိသည်။


ဆမ်ဒိုးရီးယားတိုက်စစ်မှူး ကက်ဆာနိုသည် ကြံ့ခိုင်မှုပြန်လည်ပြည့်ဝလာပြီဖြစ်သောကြောင့် ဂျူဗင် တပ်နှင့်ကစားမည့်ပွဲတွင် ပထမကစားသမားအဖြစ် ပွဲထွက်လာဖွယ်ရှိသည်။


ပါးမားအားရှုံးနိမ့်ခဲ့သောပွဲတွင် အနီကတ်အပြခံခဲ့ ရသော အတ္တလန္တာအသင်းခေါင်းဆောင် ဒိုနီသည် (၃)ပွဲပယ်ပြစ်ဒဏ်ကျခံနေရကြောင်းသိရသည်။

အေစီမီလန်ကွင်းလယ်ကစားသမား ဒေးဗစ် ဘက်ဟမ်းသည် ဖနောင့်ဒဏ်ရာအား ခွဲစိတ်ကုသမှု ခံယူခဲ့ရပြီးနောက် (၄)လခန့်အနားယူရဖွယ်ရှိသော ကြောင့် ကမ္ဘာ့ဖလားပြိုင်ပွဲဝင် အင်္ဂလန်အသင်း၌ ပါဝင်ခွင့်ရရန်မသေချာကြောင်း သိရသည်။

uaunggyi
Site Developer
Site Developer

Posts : 15
Join date : 2010-03-03

Back to top Go down

Back to top

- Similar topics

 
Permissions in this forum:
You cannot reply to topics in this forum